Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်နှင့်လားရှိုးမြို့တွင် စစ်ကောင်စီတပ် အမြဲလုံခြုံရေးယူထားသည့် နေရာများအနီးပေါက်ကွဲမှုဖြစ်၊ ထိခိုက်သူအချို့ရှိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်ငိုင်ယန်နှင့် မှော်ဝမ်းလေးကျေးရွာကြားရှိ တံတားအနီးတွင် ယနေ့(နိုဝင်ဘာ ၂ရက်)နေ့လယ် ၂နာရီခန့်က ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ခဲ့သည်။

Update News
Update News

▪️စစ်ကောင်စီတပ် လက်ချက်ဖြစ်နိုင်ဟု မြို့ခံများ သုံးသပ်

ဖားကန့်နှင့်လားရှိုးမြို့တွင် စစ်ကောင်စီတပ် အမြဲတစေလုံခြုံရေးယူထားသည့် နေရာများအနီး ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်သူအချို့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်ငိုင်ယန်နှင့် မှော်ဝမ်းလေးကျေးရွာကြားရှိ တံတားအနီးတွင် ယနေ့(နိုဝင်ဘာ ၂ရက်)နေ့လယ် ၂နာရီခန့်က ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ခဲ့သည်။

ယင်းပေါက်ကွဲမှုတွင် ကလေးငယ်နှစ်ဦး ဒဏ်ရာရခဲ့ပြီး ယင်းနေရာသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသည့်နေရာဟု ဒေသခံများကပြောသည်။

“ပေါက်တော့ စခတွေမထိဘဲ ကလေးတွေကိုထိတာ။ကလေးတွေကို ဆေးကုနေဆဲပဲ။ပေါက်ကွဲတာက ထူးဆန်းနေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊မြို့တော်ခန်းမအနီးတွင်လည်း ယနေ့ နေ့လယ် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး အရပ်သားအမျိုးသားတစ်ဦးဒဏ်ရာရခဲ့သည်။ လားရှိုးမြို့၊မြို့တော်ခန်းမသည်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသည့်နေရာဟု ဒေသခံများက ပြောသည်။

“မိုင်းထိသွားတဲ့ အရပ်သားအခြေအနေကိုတော့ မသိရသေးဘူး။ ပေါက်ကွဲတာက စစ်ခွေးတွေလုံခြုံ ရေးစောင့်တဲ့နေရာ။ ကျနော်တို့ပြည်သူတွေ အသွားအလာ သတိထားကြရမယ်”ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

ဖားကန့်နှင့်လားရှိုးမြို့ ပေါက်ကွဲမှုနှစ်ခုစလုံးသည် စစ်ကောင်စီလက်ချက်ဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆနေကြသည်။

လားရှိုးမြို့တွင် စစ်ကောင်စီက အနုပညာသမားအချို့ကို အသုံးချကာ တန်ဆောင်တိုင်ပွဲတော်ကျင်းပရန် စီစဉ်နေသည်။ ယင်းပွဲတော်တွင် စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်ပြီး ပြည်သူ့တော်လှန်ရေးနှင့် PDFကို ပုံဖျက်ရန် ကြိုးစားလာနိုင်သည်ဟု တော်လှန်ရေးအင်အားစုများက သတိပေးနေကြသည်။

You May Also Like

သတင်း

နိုဝင်ဘာ ၂ရက်တွင် ရွှေညောင်ပင်ဒေသ၌ စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခလရ(၂၀၇)တပ်နှင့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက ဖော်ပြထားသည်။

သတင်း

မိုင်းထိပြီးနောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း၊ ထိခိုက်သေဆုံးသွားသည့် အလောင်းများအား ကားပေါ်တင် ဆောင်သွားပြီး အရေအတွက်များသည်ဟု ၎င်းက ဆိုသည်။

သတင်း

လားရှိုးအပြင်ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်၊ မူဆယ်မြို့နယ်တို့တွင်လည်း MNDAA ၏ မဟာမိတ်ဖြစ်သော KIAနှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားနေသည်။

သတင်း

စစ်ကောင်စီက ကျင်းပမည့် အတုအယောင် တန်ဆောင်တိုင်ပွဲများနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းအတွင်းရှိ လက်နက်ကိုင်တော်လှန်နေသည့် တော်လှန်ရေးအင်အားစုအဖွဲ့ (၁၃)ဖွဲ့ကိုယ်စား Myaung Union Army က ယနေ့ (နိုဝင်ဘာ၂ ရက်) တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။