Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

Jummer ကားသုံးစီးဖြင့် မိုင်းရှာနေသော စစ်ကောင်စီတပ်ကို ပဒေသာမိုင်းဖြင့်တိုက်ခိုက်

မိုင်းထိပြီးနောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း၊ ထိခိုက်သေဆုံးသွားသည့် အလောင်းများအား ကားပေါ်တင် ဆောင်သွားပြီး အရေအတွက်များသည်ဟု ၎င်းက ဆိုသည်။

(Jummer ကားသုံးစီးနှင့် စစ်ကောင်စီတပ်ကို Monywa Peregrine PDFနှင့်အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့စဥ်)
(Jummer ကားသုံးစီးနှင့် စစ်ကောင်စီတပ်ကို Monywa Peregrine PDFနှင့်အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့စဥ်)

စစ်ကိုင်းတိုင်း၊ မုံရွာ – ချောင်းဦးလမ်းပိုင်းတွင် Jummer ကားသုံးစီးဖြင့် မိုင်းရှာနေသော စစ်ကောင်စီတပ်အား ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ စစ်အုပ်စုအထိအခိုက်များကြောင်း AREA 71 Defense Force Monywa အဖွဲ့ခေါင်းဆောင် ကိုထွန်းက ပြောသည်။

ယနေ့ (နိုဝင်ဘာလ ၂ ရက်) နံနက် ၁၁ နာရီ ၃၉ မိနစ်ခန့်က မုံရွာမြို့မှ ထွက်ခွာလာသော စစ်ကောင်စီ၏ Jummer ကား သုံးစီးသည် မုံရွာ-ချောင်းဦးလမ်းပိုင်း တောင်ပုံကျေးရွာနှင့် ပုရစ်ကုန်းမြောက်ရွာကြား၌ ကား၏ဘေးဝဲယာတွင် မိုင်းရှာနေစဥ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း AREA 71 Defense Force Monywa အဖွဲ့ခေါင်းဆောင် ကိုထွန်းက ပြောသည်။

“မျက်မြင်ပြည်သူများ၏ ပြောပြချက်အရ စခ ၆ ကောင်မှာ လမ်းဘေးသို့လွင့်စင်သွားပြီး ခဏအကြာတွင် လူနာတင်ကားတစ်စီး ရောက်ရှိလာပြီး ဒဏ်ရာရသူစခများနှင့် ထိခိုက်သေဆုံးသည်ဟုထင်ရသည့် စခများအား တင်ဆောင်သွားကြောင်း သိရပါတယ်။”ဟု AREA 71 Defense Force Monywa အဖွဲ့ခေါင်းဆောင် ကိုထွန်းက ပြောသည်။

Public Service Announcement
Public Service Announcement

မိုင်းထိပြီးနောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း၊ ထိခိုက်သေဆုံးသွားသည့် အလောင်းများအား ကားပေါ်တင် ဆောင်သွားပြီး အရေအတွက်များသည်ဟု ၎င်းက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးအား AREA 71 Defense Force Monywa၊ Farmers Revolution Force-CHU၊ Monywa Special ဒိတ်ဒိတ်ကြဲ၊ မဟာမိတ် သုံးဖွဲ့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များအထိအခိုက်မရှိဆုတ်ခွာနိုင်ကြောင်း အသိပေးထားသည်။

Jummer ကားသုံးစီးနှင့် စစ်ကောင်စီတပ်များအား အခြားအဖွဲ့များကလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသေးသည်။

You May Also Like

သတင်း

စစ်ကောင်စီစစ်ကြောင်း စုဝေးနေသည်ဟူသော သတင်း‌ကြောင့် ကလေးမြို့ပတ်ဝန်းကျင်ရှိ စစ်ဘေးရှောင် ကျေးရွာအချို့သည် နေရာထပ်မံပြောင်းရွှေ့ရန် ပြင်ဆင်နေကြသည်။

သတင်း

"အိမ်မီးလောင်တာ နောက်ဆုံးပြန်ရှာလို့ရတယ်လို့ဖြေလို့ရသေးတယ်။ လူကြီးတွေ စိတ်ထဲကဝေဒနာတွေ ဘယ်လိုကုသရမယ်မသိတော့ဘူး။ ယုတ်မာမှုရက်စက်မှုကတုနှိုင်းစရာကိုမရှိဘူး။ အိမ်ပါလို့ဝမ်းမနည်းဘူး။ အမေမျက်ရည်ကျလို့ဝမ်းနည်းရတယ်။"ဟု ရေစကြိုနယ်မှ နေအိမ်မီးရှို့ခံခဲ့ရသူ ဒေသခံတစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထိခိုက်ဒဏ်ရာရရှိပြီး သုံးဦးမှာ မြောင်ဆေးရုံတွင်ကုသနေရကာ နှစ်ဦးမှာ မန္တလေးမြို့သို့သွားရောက်ကုသနေရသည်ဟု ၎င်းကဆိုသည်။

သတင်း

လက်ရှိတွင် ထီးလင်းမြို့နယ်ပါဝင်သည့် ယောဒေသအတွင်း စစ်ကောင်စီတပ်၏တပ်မ(၅၅) ၊(၁၁)နှင့်(၁၀၁)တို့မှတပ်ရင်းသုံးခုထက်မနည်း စစ်ကြောင်းထိုးနေ၍ ဆော-ကျောက်ထု လမ်းပိုင်းကို အသုံးမပြုသေးရန် ကာကွယ်ရေးတပ်များက မေတ္တာရပ်ခံထားသည်။