Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးမြို့တွင် PDFများကို ကြောက်လန့်၍ စစ်ကောင်စီတပ်အရာရှိတစ်ဦးလျှင် အင်အား၈၀ခန့် အသုံးပြုသွားလာနေရ

စစ်ကောင်စီစစ်ကြောင်း စုဝေးနေသည်ဟူသော သတင်း‌ကြောင့် ကလေးမြို့ပတ်ဝန်းကျင်ရှိ စစ်ဘေးရှောင် ကျေးရွာအချို့သည် နေရာထပ်မံပြောင်းရွှေ့ရန် ပြင်ဆင်နေကြသည်။

ကလေးမြို့တွင် ၂၀၂၁ ဖေဖော်ဝါရီ၁၂ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား ဖြိုခွင်းရန်ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများ ၊ ဓာတ်ပုံ - CJ
ကလေးမြို့တွင် ၂၀၂၁ ဖေဖော်ဝါရီ၁၂ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား ဖြိုခွင်းရန်ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများ ၊ ဓာတ်ပုံ - CJ

ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ မိုင်းအန္တရာယ်ကို ကြောက်လန့်နေသည့် စစ်ကောင်စီတပ်က ၎င်းတို့၏ အရာရှိတစ်ဦးလုံခြုံရေးအတွက် အင်အား ၈၀ခန့်အထိ အသုံးပြုကာမြို့တွင်း၌ ‌ခြေလျင်စစ်ကြောင်းဖြင့် သွားလာနေရကြောင်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ကလေးမြို့ GTC ကျောင်းဝင်းအတွင်း စစ်ကောင် စီတပ်က ယနေ့(‌နိုဝင်ဘာ ၃ရက်) နံနက်ပိုင်းတွင် အင်းအားအများအပြားဖြင့် စုဝေးနေခဲ့သည်။ ပုံမှန်အခြေအနေမဟုတ်၍ စုံစမ်းကြည့်သည့်အခါ စစ်ကောင်စီအရာရှိတစ်ဦး GTC ဝင်းအတွင်း လာရောက်၍ လုံခြုံရေးယူပေးခြင်းဟု သိရကြောင်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

“စခတွေက သူတို့အရာရှိတစ်ယောက်ကို လာပို့တာ အင်အား ၈၀လောက်သုံးထားတယ်။ သူတို့အလှည့်ကျ တော်တော် ကြောက်တတ်ကြတာပဲ။ အခုတော့ GTC ဝင်းထဲမှာ စုနေကြတယ်” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီစစ်ကြောင်း စုဝေးနေသည်ဟူသော သတင်း‌ကြောင့် ကလေးမြို့ပတ်ဝန်းကျင်ရှိ စစ်ဘေးရှောင် ကျေးရွာအချို့သည် နေရာထပ်မံပြောင်းရွှေ့ရန် ပြင်ဆင်နေကြသည်။

” GTCဂိတ်ကနေ ပိတ်ထားတယ်။ မြို့ထဲကိုတက် လာတဲ့သူတွေကို အကုန်ပြန်လှည့်ခိုင်းနေတယ်။ ပုံစံမကျရင် ပစ်သတ်မယ်လို့ ခြိမ်း‌ခြောက်တယ်။ ဒီစစ်ကြောင်းဘယ်ကို သွားမလဲဆိုတာ ပြည်သူအချင်းချင်းသတင်းပေးကြပါ”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

ကလေးမြို့တွင် အောက်တိုဘာ ၃၁ရက်ကစစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး အရာရှိအပါအဝင် သုံးဦးသေဆုံးခဲ့သည်။

ကလေးမြို့ GTC ကျောင်းဝင်းအတွင်းမှ စစ်ကောင်စီစစ်ကြောင်းသည် အင်းအား ၁၅၀ခန့်အထိရှိလာပြီး ယင်းနေရာတွင် စခန်းချမည်လား၊ သို့မဟုတ် မည်သည့်နေရာ စစ်ကြောင်းထွက်မည်ကို မသိရသေးပေ။

You May Also Like

သတင်း

ကလေးမြို့နယ်တောင်ပိုင်း ထောက်ကြန့်ကျေးရွာကို ယနေ့ နေ့လယ် ၁၁နာရီ ၂၀မိနစ် ခန့်တွင်စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

သတ်ဖြတ်ခံရသူမှာ မြိုင်မြို့နယ်အရှေ့တောင်ပိုင်း ဝက်ကျရွာမှ အသက်(၃၀)နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းသူ ကိုအောင်ကိုဆိုသူ ဖြစ်သည်။

သတင်း

အောက်တိုဘာအတွင်း စစ်ကောင်စီ ကျူးလွန်ခဲ့သော မီးရှို့ဖျက်စီးမှုများအား ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ စာရင်းပြုစု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သတင်း

မိုးမောက်ဒေသခံတစ်ဦးက “ဒီနေ့ကတော့ ငြိမ်နေတယ်။ စစ်ရှောင်တွေရှိတယ်။ စကစတွေလည်း အမြဲတမ်းရှိတယ်။ နေ့တိုင်း ဒီမြို့မှာ သူတို့တွေသွားလာနေတာပဲ”ဟု မိုးမောက်မြို့ အခြေအနေကို ပြောပြသည်။