Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖလမ်းရဲစခန်းမှ ရဲတပ်သားတစ်ဦး အလင်းဝင်လာ

လုပ်သက်(၄)နှစ်ခွဲရှိပြီးဖြစ်သော အသက်(၂၅)နှစ်အရွယ် အလင်းဝင်လာသည့် ရဲတပ်သားမန်ဆွမ်သည် နိုဝင်ဘာ ၁ရက်က CDF CDM Siyin ထံ ရောက်ရှိလာခြင်းဟု ဆိုသည်။

အလင်းဝင်လာသည့် ရဲတပ်သား မန်ဆွမ်အား တွေ့ရစဉ်၊ ဓာတ်ပုံ - CDM Siyin
အလင်းဝင်လာသည့် ရဲတပ်သား မန်ဆွမ်အား တွေ့ရစဉ်၊ ဓာတ်ပုံ - CDM Siyin

ချင်းပြည်နယ်၊ ဖလမ်းမြို့မရဲစခန်းမှ ရဲတပ်သားတစ် ဦး အလင်းဝင်လာကြောင်း CDF CDM Siyin တပ်ဖွဲ့ က ယနေ့(နိုဝင်ဘာ ၃ ရက်) အသိပေးသည်။

လုပ်သက်(၄)နှစ်ခွဲရှိပြီးဖြစ်သော အသက်(၂၅)နှစ်အရွယ် အလင်းဝင်လာသည့် ရဲတပ်သားမန်ဆွမ်သည် နိုဝင်ဘာ ၁ရက်က CDF CDM Siyin ထံ ရောက်ရှိလာခြင်းဟု ဆိုသည်။

၎င်းသည် အစောပိုင်းကတည်း​က CDM ဝင်ရောက်ရန်စီစဥ်ထားသော်လည်း မိသားစုကို စစ်ကောင်စီတပ်က အကြပ်ကိုင်ထားသောကြောင့်ယခုမှ အလင်းဝင်နိုင်ခဲ့ခြင်းဟု ထွက်ဆိုထား သည်။

“CDM စစ်ကောင်စီတပ်သားတွေကို ကြိုဆိုနေတယ်။တစ်ဖက်မှာလည်း ပြီးခဲ့တဲ့လပိုင်းက ဖြစ်သွားတဲ့ CDM အရာရှိတစ်ဦး စကစနဲ့ ပြန်ပူး ပေါင်းသွားတာမျိုးရှိလို့ ကျွန်တော်တို့အနေနဲ့ အလုံးစုံစစ်ဆေးနေပါတယ်”ဟု Chinland Joint Defense Committee တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီနှင့်ပြန်လည်ပူးပေါင်းခဲ့သည့် ဗိုလ်မှူး မျိုးမင်းထွန်းဖြစ်စဥ်အပေါ် သင်ခန်းစာယူ၍ တော်လှန်ရေးခံယူချက်၊ယုံကြည်ချက်မရှိသူများ CDM တွင် မပါဝင်လာနိုင်ရေး စနစ်တကျဆောင် ရွက်သွားမည်ဟုလည်း CDM တပ်မတော်သားများက အောက်တိုဘာ ၇ရက်တွင် ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ အာဏာသိမ်းပြီး နောက်ပိုင်း ရဲ နှင့် စစ်သား အရေအတွက် ၈,၀၀၀ ဦးထက်မနည်းပြည်သူနှင့်အတူ ရပ်တည်၍ CDM ပြုလုပ်ထားကြောင်း ပြည်သူ့ရင်ခွင် အဖွဲ့က တရားဝင်ပြောကြားထားသည်။

You May Also Like

သတင်း

စစ်အုပ်စု ဘက်က PDF တွေဟာ နေအိမ်တွေကို မီးပုလင်းပစ်ပြီး မီးရှို့တာလို့ သတင်းဖြန့်နေကြပါတယ်။

သတင်း

အဲဒီအချုပ်ကားဟာ ချမ်းမြသာစည်မြို့နယ် ၊အမှတ် ၁၁ ရဲစခန်းကနေ အိုးဘိုထောင်ကိုအသွား ၇၈ လမ်းနဲ့ ၄၁ လမ်းကိုရောက်ချိန်မှာ ဗုံးနဲ့အပစ်ခံလိုက်ရတာပါ။

သတင်း

စစ်အုပ်စုဟာ ရဲစခန်းအတိုက်ခံလို့ ရဟတ်ယာဉ် ၂ စီးနဲ့ နွယ်ရုံရဲစခန်းအရှေ့ဘက် တောင်ကြောနေရာတွေကို ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

သတင်း

ငါ့သရောက်မြို့နယ်ခွဲ ရဲစခန်းကို မနေ့ကညနေပိုင်း မြင်းခြံခရိုင် တပ်ရင်း(၃) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းတပ်တွေ ဝင်စီးခဲ့တာလို့သိရပါတယ်။