Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်မီးရှို့၍ အောက်တိုဘာအတွင်း ပြည်သူလူထုနေအိမ် ၁,၅၀၀ကျော် မီးလောင်ပျက်စီးခဲ့ဟု NUG ပြည်ထဲရေး ထုတ်ပြန်

အောက်တိုဘာအတွင်း စစ်ကောင်စီ ကျူးလွန်ခဲ့သော မီးရှို့ဖျက်စီးမှုများအား ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ စာရင်းပြုစု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၉ရက်တွင် ရေစကြိုနယ်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားစဉ်၊ ဓာတ်ပုံ - ရဲဘော်ဝေကြီး
အောက်တိုဘာ ၂၉ရက်တွင် ရေစကြိုနယ်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားစဉ်၊ ဓာတ်ပုံ - ရဲဘော်ဝေကြီး

▪️စစ်ကိုင်းတိုင်းတွင် အများဆုံးမီးရှို့ဖျက်ဆီးခံခဲ့ရပြီး အိမ်ခြေ ထောင်ကျော်ပျက်စီးခဲ့

စစ်ကောင်စီတပ်က ဒေသအသီးသီးရှိ ပြည်သူလူထုနေအိမ်များကို ပစ်မှတ်ထားပြီး မီးရှို့ဖျက်ဆီးမှုများ ဆက်လက်ကျူးလွန်ခဲ့ရာ အောက်တိုဘာအတွင်း စစ်ကောင်စီတပ် မီးရှို့၍ ပြည်သူလူထုနေအိမ် ၁,၅၀၀ကျော် ပျက်စီးခဲ့ရကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ(NUG)ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အောက်တိုဘာအတွင်း စစ်ကောင်စီ ကျူးလွန်ခဲ့သော မီးရှို့ဖျက်စီးမှုများအား ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ စာရင်းပြုစု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့မီးရှို့ခံရသည့်ဒေသများအနက် စစ်ကိုင်းတိုင်းက အများဆုံးမီးရှို့ခံခဲ့ရခြင်းဖြစ်ကြောင်း၊ လူနေအိမ်များအပြင် စပါးကျီ နှင့်ကား၊ ဆိုင်ကယ်များ ပြည်သူလူထုပိုင်ပစ္စည်းများ မီးရှို့ခံခဲ့ရကြောင်း အသိပေးထားသည်။

စစ်ကိုင်းတိုင်းအတွင်း မီးရှို့ခံခဲ့ရသည့် မြို့နယ်များမှာ မင်းကင်း၊ ကန့်ဘလူ၊ စစ်ကိုင်း၊ တန့်ဆည်၊ မုံရွာ၊ ဗန်းမောက်၊ ချောင်းဦး၊ မြောင်၊ ဝက်လက်၊ ကလေး၊ အင်းတော်၊ ယင်းမပင်၊ပုလဲ၊ တမူး၊ ကသာ၊ ဖောင်းပြင် စသည့်မြို့နယ်များဖြစ်ပြီး မီးရှို့ခံရသည့် လူနေအိမ်စုစုပေါင်း ၁,၀၄၄လုံးရှိကြောင်း ဖော်ပြသည်။ အချို့ဒေသတွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို သတ်ဖြတ်သွားသည်ဟု ဆိုသည်။

အောက်တိုဘာ ၂၉ရက်တွင် ရေစကြိုနယ်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားစဉ်၊ ဓာတ်ပုံ - ရဲဘော်ဝေကြီး
အောက်တိုဘာ ၂၉ရက်တွင် ရေစကြိုနယ်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားစဉ်၊ ဓာတ်ပုံ – ရဲဘော်ဝေကြီး

မကွေးတိုင်းတွင်လည်း အိမ်ခြေ ၄၇၀ မီးရှို့ခံခဲ့ရပြီး ထီးလင်း၊ ပေါက်၊ မြိုင်၊ ရေစကြို၊ နတ်မောက်၊ ဆိပ်ဖြူ စသည့်မြို့နယ်များဖြစ်ပြီး အိမ်မွေးတိရိစ္ဆာန်နှင့် အခြား ပြည်သူပိုင် ပစ္စည်းများလည်း မီးရှို့ခံခဲ့ရသည်ဟု ထုတ်ပြန်သည်။

မန္တလေးတိုင်း မတ္တရာမြို့နယ်၊ ချင်းပြည်နယ် ရိခေါဒါရ်မြို့၊ မွန်ပြည်နယ် ကျိုက်ထို၊ရှမ်းပြည်နယ် နမ္မတူ၊ ရခိုင်ပြည်နယ် ကျောက်တော်၊ကရင်ပြည်နယ် ကော့ကရိတ်၊ ပဲခူးတိုင်း ကျောက်ကြီး၊တနင်္သာတိုင်း သရက်ချောင်း စသည့်နေရာများတွင်လည်း စစ်ကောင်စီတပ်က ပြည်သူလူထနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။

ယခု ထုတ်ပြန်သည့် အချက်အလက်များထက် မြေပြင်တွင် စစ်ကောင်စီတပ်၏ အကြမ်းဖက် လုပ်ရပ်များ ပိုများနိုင်ကြောင်းလည်း NUG ပြည်ထဲ ရေးက သတင်းထုတ်ပြန်ခဲ့သည်။

You May Also Like

သတင်း

ကလေးမြို့နယ်တောင်ပိုင်း ထောက်ကြန့်ကျေးရွာကို ယနေ့ နေ့လယ် ၁၁နာရီ ၂၀မိနစ် ခန့်တွင်စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

သတ်ဖြတ်ခံရသူမှာ မြိုင်မြို့နယ်အရှေ့တောင်ပိုင်း ဝက်ကျရွာမှ အသက်(၃၀)နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းသူ ကိုအောင်ကိုဆိုသူ ဖြစ်သည်။

သတင်း

မိုးမောက်ဒေသခံတစ်ဦးက “ဒီနေ့ကတော့ ငြိမ်နေတယ်။ စစ်ရှောင်တွေရှိတယ်။ စကစတွေလည်း အမြဲတမ်းရှိတယ်။ နေ့တိုင်း ဒီမြို့မှာ သူတို့တွေသွားလာနေတာပဲ”ဟု မိုးမောက်မြို့ အခြေအနေကို ပြောပြသည်။

သတင်း

စစ်ကောင်စီစစ်ကြောင်း စုဝေးနေသည်ဟူသော သတင်း‌ကြောင့် ကလေးမြို့ပတ်ဝန်းကျင်ရှိ စစ်ဘေးရှောင် ကျေးရွာအချို့သည် နေရာထပ်မံပြောင်းရွှေ့ရန် ပြင်ဆင်နေကြသည်။