Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်နယ်တွင် စစ်ကောင်စီတပ်က စိတ်ကျန်းမာရေးမကောင်းသည့် ပြည်သူတစ်ဦးကို သတ်ပြီး အလောင်းအိမ်သာကျင်းထဲချသွား

သတ်ဖြတ်ခံရသူမှာ မြိုင်မြို့နယ်အရှေ့တောင်ပိုင်း ဝက်ကျရွာမှ အသက်(၃၀)နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းသူ ကိုအောင်ကိုဆိုသူ ဖြစ်သည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီး သတ်ဖြတ် ခံရသော အမျိုးသားရုပ်အလောင်းအား ဆယ်ယူပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-We Love Myaing
စစ်ကောင်စီတပ်၏ ဖမ်းဆီး သတ်ဖြတ် ခံရသော အမျိုးသားရုပ်အလောင်းအား ဆယ်ယူပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-We Love Myaing

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ဖူးကျေးရွာတွင် စစ်ကောင်စီတပ်က စိတ်ကျန်းမာရေးမကောင်းသည့် ဒေသခံပြည်သူတစ်ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းအား အိမ်သာကျင်းထဲပစ်ချသွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၀ရက်က မြိုင်မြို့နယ် အရှေ့ပိုင်း၊ ကျောက်ဖူးကျေးရွာ၌ ညအိပ်တပ်စွဲသွားသော စစ်ကောင်စီတပ်သည် ၎င်းတို့ စစ်ကြောင်းထိုးရာလမ်းကြောင်း၌ ဖမ်းဆီးလာသော ပြည်သူများအနက်မှ အမျိုးသားတစ်ဦးကိုသတ်ဖြတ်ပြီး ရုပ်အလောင်းအား အိမ်သာကျင်းထဲ ချထားခဲ့ကြောင်း We Love Myaing အဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များ ရွာထဲမှ ပြန်ထွက်သွားချိန်ပြည်သူများ ကျေးရွာတွင်းကို ပြန်လည်ဝင်ရောက်ချိန်တွင် နေအိမ်ဝင်းတစ်ခုရှိ အိမ်သာကျင်းထဲက အပုပ်နံ့များထွက်လာ၍ သွားရောက်ကြည့်ရှုရာ အမျိုးသားရုပ်အလောင်းတစ်ခုကို တွေ့ရှိခဲ့သည်။ အဆိုပါ ရုပ်အလောင်းကို ဒေသကာကွယ် ရေးအဖွဲ့များက ဆယ်ယူပြီး မီးသင်္ဂြိုလ်ပေးခဲ့ရကြောင်း We Love Myaing အဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတ်ဖြတ်ခံရသူမှာ မြိုင်မြို့နယ်အရှေ့တောင်ပိုင်း ဝက်ကျရွာမှ အသက်(၃၀)နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းသူ ကိုအောင်ကိုဆိုသူ ဖြစ်သည်။

“ဝက်ကျရွာရဲ့ တောင်ဘက်မှာရှိတဲ့ ပဲခင်းကို အသွားမှာ နှောပင်ကနေ ကျောက်ဖူးဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စခ များနဲ့ တွေ့ပြီး အဖမ်းခံခဲ့ရတာလို့ သိရတယ်ဗျ။ အဖမ်းခံခဲ့ရပြီး စိတ်မနှံ့သူဆိုတော့ စကားတွေများပုံရတယ်။ အကြမ်းဖက် စခတွေကို နှစ်ယောက်ပေးမယ် ချမလားလို့ ကိုအောင်ကိုက ပြောတယ်လို့လည်း သိရပါတယ်ဗျ။”ဟု We Love Myaing အဖွဲ့ဝင်က ပြောသည်။

ယနေ့ (နိုဝင်ဘာလ ၃ ရက်)နံနက်ပိုင်းတွင် နှောပေါက်ရွာ၌ ညအိပ်ခဲ့သော စစ်ကောင်စီစစ်ကြောင်းသည် မြိုင်နယ်အနောက်မြောက်ပိုင်းရှိ ရေနံမှော်ထဲသို့ ထွက်ခွာသွားသည်။

မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်တွင် စစ် ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁ ရက်က ပေါက်နယ်ရှိ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် ရဲဘော် ငါးဦးအား သတ်ဖြတ်ခဲ့သေးသည်။

You May Also Like

သတင်း

ကလေးမြို့နယ်တောင်ပိုင်း ထောက်ကြန့်ကျေးရွာကို ယနေ့ နေ့လယ် ၁၁နာရီ ၂၀မိနစ် ခန့်တွင်စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

အောက်တိုဘာအတွင်း စစ်ကောင်စီ ကျူးလွန်ခဲ့သော မီးရှို့ဖျက်စီးမှုများအား ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ စာရင်းပြုစု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သတင်း

မိုးမောက်ဒေသခံတစ်ဦးက “ဒီနေ့ကတော့ ငြိမ်နေတယ်။ စစ်ရှောင်တွေရှိတယ်။ စကစတွေလည်း အမြဲတမ်းရှိတယ်။ နေ့တိုင်း ဒီမြို့မှာ သူတို့တွေသွားလာနေတာပဲ”ဟု မိုးမောက်မြို့ အခြေအနေကို ပြောပြသည်။

သတင်း

စစ်ကောင်စီစစ်ကြောင်း စုဝေးနေသည်ဟူသော သတင်း‌ကြောင့် ကလေးမြို့ပတ်ဝန်းကျင်ရှိ စစ်ဘေးရှောင် ကျေးရွာအချို့သည် နေရာထပ်မံပြောင်းရွှေ့ရန် ပြင်ဆင်နေကြသည်။