Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

က​လေးမြို့တွင် စစ်​ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲလက်နက်ကြီးဖြင့်ရမ်းပစ်၍စပါးကျီ​တစ်ခုပျက်စီး

ကလေးမြို့နယ်တောင်ပိုင်း ထောက်ကြန့်ကျေးရွာကို ယနေ့ နေ့လယ် ၁၁နာရီ ၂၀မိနစ် ခန့်တွင်စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်ကလက်နက်ကြီးကျ၍ ပျက်စီးခဲ့​သောစပါးကျီ ။ဓါတ်ပုံ-က​လေးပကဖ)
(စစ်​ကောင်စီတပ်ကလက်နက်ကြီးကျ၍ ပျက်စီးခဲ့​သောစပါးကျီ ။ဓါတ်ပုံ-က​လေးပကဖ)

ကလေးမြို့တွင်တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲစစ်ကောင်စီတပ်က အရပ်သားနေထိုင်ရာနေရာကို လက်နက်ကြီးဖြင့်ပစ်ခတ်နေပြီး ယနေ့နံနက်ပိုင်းပစ်ခတ်မှုတွင် ပြည်သူတစ်ဦး၏စပါးကျီပေါ်ကျရောက်ပေါက်ကွဲခဲ့​ကြောင်းကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ကလေးမြို့နယ်တောင်ပိုင်း ထောက်ကြန့်ကျေးရွာကို ယနေ့ နေ့လယ် ၁၁နာရီ ၂၀မိနစ် ခန့်တွင်စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်ကလက်နက်ကြီးကျ၍ ပျက်စီးခဲ့​သောစပါးကျီ ။ဓါတ်ပုံ-က​လေးပကဖ)
(စစ်​ကောင်စီတပ်ကလက်နက်ကြီးကျ၍ ပျက်စီးခဲ့​သောစပါးကျီ ။ဓါတ်ပုံ-က​လေးပကဖ)

“သုံးချက်တောင်ပစ်ချတာ။တစ်ချက်ကရွာထဲကျတယ်”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲလက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းဖြစ်ပြီးပြည်သူတစ်ဦး၏စပါးကျီပေါ်ကျရောက်ပေါက်ကွဲခဲ့ကာ၊ အရပ်သားထိခိုက်မှုမရှိခဲ့ကြောင်းကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတိ​ပေးသည်။

ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်အင်အား ၁၅၀ ခန့်သည် ကလေးမြို့ GTC ကျောင်းဝင်းအတွင်းရောက်ရှိနေပြီး တပ်စွဲထားသည်။

You May Also Like

သတင်း

သတ်ဖြတ်ခံရသူမှာ မြိုင်မြို့နယ်အရှေ့တောင်ပိုင်း ဝက်ကျရွာမှ အသက်(၃၀)နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းသူ ကိုအောင်ကိုဆိုသူ ဖြစ်သည်။

သတင်း

အောက်တိုဘာအတွင်း စစ်ကောင်စီ ကျူးလွန်ခဲ့သော မီးရှို့ဖျက်စီးမှုများအား ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ စာရင်းပြုစု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သတင်း

မိုးမောက်ဒေသခံတစ်ဦးက “ဒီနေ့ကတော့ ငြိမ်နေတယ်။ စစ်ရှောင်တွေရှိတယ်။ စကစတွေလည်း အမြဲတမ်းရှိတယ်။ နေ့တိုင်း ဒီမြို့မှာ သူတို့တွေသွားလာနေတာပဲ”ဟု မိုးမောက်မြို့ အခြေအနေကို ပြောပြသည်။

သတင်း

စစ်ကောင်စီစစ်ကြောင်း စုဝေးနေသည်ဟူသော သတင်း‌ကြောင့် ကလေးမြို့ပတ်ဝန်းကျင်ရှိ စစ်ဘေးရှောင် ကျေးရွာအချို့သည် နေရာထပ်မံပြောင်းရွှေ့ရန် ပြင်ဆင်နေကြသည်။