Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါင်းတည်တွင် စစ်ကောင်စီတပ်က အရပ်သားတစ်ဦး သတ်ဖြတ်ပြီး စစ်ဘေးရှောင်ပြည်သူများ၏ တဲ၁၁လုံးကိုလည်း မီးရှို့ဖျက်ဆီး

လဲပင်ရွာအနီး စစ်ကြောင်းထိုးလာသည့် အင်အား ၆၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ပြည်ခရိုင် PDFက အောက်တိုဘာ ၂၇ရက်တွင် တိုက်ခိုက်ခဲ့သည်။

ပဲခူးတိုင်း ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီတပ် က အရပ်သားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး စစ်ဘေးရှောင်ပြည်သူများ၏ တဲ ၁၁လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ပေါင်းတည်မြို့နယ် သိမ်ကုန်းအုပ်စု လဲပင်ကျေးရွာမှ အသက်(၅၂)နှစ်အရွယ် ဦးဖိုးဝ(ခ)ဦးသိန်းဇော်အား စစ်ကောင်စီက သတ်ဖြတ်သွားခြင်းဟုပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)က သတင်းထုတ်ပြန်သည်။

“ဦးဖိုးဝကို ဖမ်းသွားတာက အောက်တိုဘာ ၂၉ ရက်မှာ။ ကျွန်တော်တို့ အလောင်းပြန်တွေ့တာက နိုဝင်ဘာ ၁ရက်နေ့။ PDF ကို မဲပြီးသတ်ပစ်တာ” ဟု PPDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ပဲခူးရိုးမနှင့် ထိစပ်နေသော လဲပင်ကျေးရွာအတွင်းတွင် ပြီးခဲ့သည့်မတ်လက မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လဲပင်ကျေးရွာတွင် လာရောက်တပ်စွဲထားခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေခဲ့ကြရသည်။

ပေါင်းတည်တွင် စစ်ကောင်စီတပ်က အရပ်သားတစ်ဦး သတ်ဖြတ်ပြီး စစ်ဘေးရှောင်ပြည်သူများ၏ တဲ၁၁လုံးကိုလည်း မီးရှို့ဖျက်ဆီး
ပေါင်းတည်တွင် စစ်ကောင်စီတပ်က အရပ်သားတစ်ဦး သတ်ဖြတ်ပြီး စစ်ဘေးရှောင်ပြည်သူများ၏ တဲ၁၁လုံးကိုလည်း မီးရှို့ဖျက်ဆီး

လဲပင်ရွာအနီး စစ်ကြောင်းထိုးလာသည့် အင်အား ၆၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ပြည်ခရိုင် PDFက အောက်တိုဘာ ၂၇ရက်တွင် တိုက်ခိုက်ခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်သည် စစ်ဘေးရှောင် များရှိရာဆီအထိ ရောက်လာပြီး အရပ်သားတစ် ဦးကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အိမ်မွေးတိရိစ္ဆာန် များကို ဖမ်းဆီးသတ်ဖြတ်စားသောက်ခြင်း၊ စစ်ဘေးရှောင်တဲများအား မီးရှို့ခြင်းများပြုလုပ် နေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲ‌ဘော်များကပြောသည်။

ပဲခူးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် မြို့ပြပျောက်ကျားတပ်ဖွဲ့များအနေဖြင့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် စစ်ကောင်စီ ထောက်တိုင်များကို ဆက်လက်ချေမှုန်းတိုက်ခိုက်သွားမည်ဟု သတိပေးထားသည်။

You May Also Like

သတင်း

MNDAAတွင် တပ်မဟာ (၂၁၁)၊တပ်ဟာ(၃၁၁)၊ တပ်မဟာ(၅၁၁)နှင့် ယခု အသစ်ပေါ်ပေါက်လာသည့် တပ်မဟာ(၆၁၁)ဟူ၍ တပ်မဟာ ၄ခုရှိသည်။

သတင်း

ပြီးခဲ့သည့် တစ်လအတွင်းတိုက်ပွဲပေါင်း ၁၃၆ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးသူများထဲ၌ အရာခံ ဗိုလ်တစ်ဦး၊ တပ်စိတ်မှူးတစ်ဦး ပါသည်ဟု ဖော်ပြထားသည်။

သတင်း

Kawlin Revolution KR-Teamသည် ကောလင်းမြို့နယ် ဒေသတွင်းတော်လှန်ရေးအင်အားစုများ၏ သတင်းထုတ်ပြန်ရေးလူမှုကွန်ရက် စာမျက်နှာဖြစ်သည်။

သတင်း

ကနဦးအနေနဲ့ မန္တလေး ဆေးတက္ကသိုလ် ခွဲစိတ်ဌာနရဲ့ CDM ကထိက ဒေါက်တာမင်းဇော်ဦးနဲ့ သူနာပြုအမျိုးသမီး ၄ ဦး ပြီးခဲ့တဲ့အောက်တိုဘာ လကုန်ပိုင်းက ဖမ်းဆီးခံခဲ့ပါတယ်။