Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကောလင်းမြို့တွင် ကလေးငယ်နှစ်ဦး၏ ဖခင်ကို စစ်ကောင်စီက ​အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်

Kawlin Revolution KR-Teamသည် ကောလင်းမြို့နယ် ဒေသတွင်းတော်လှန်ရေးအင်အားစုများ၏ သတင်းထုတ်ပြန်ရေးလူမှုကွန်ရက် စာမျက်နှာဖြစ်သည်။

(သေဆုံးသွားသည့် ကိုမြတ်သူအောင်အား တွေ့ရစဉ်)
(သေဆုံးသွားသည့် ကိုမြတ်သူအောင်အား တွေ့ရစဉ်)

စစ်ကိုင်းတိုင်း ကောလင်းမြို့တွင် ကလေးငယ်နှစ် ဦး၏ ဖခင်ကို စစ်ကောင်စီက ​အောက်တိုဘာလကုန်ပိုင်းတွင် အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးပြီး သတ်ဖြတ် လိုက်သည်ဟု ဒေသခံများက ပြောသည်။

ကောလင်းမြို့ အထက်သီတရာကျေးရွာမှ ကိုမြတ်သူအောင်ကို စစ်ကောင်စီတပ်က ​အောက်တိုဘာ ၂၅ ရက်တွင်ဖမ်းဆီးသွားပြီး သတ်ဖြတ်လိုက်ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

” ကိုမြတ်သူအောင်က ကောလင်းမြို့ပေါ်ကို အလုပ်ကိစ္စနဲ့ တက်လာတာ။ စခတွေက မသင်္ကာလို့ဆိုပြီး ဖမ်းသွားတာ။ သေဆုံးသွားတာကို ဒီနေ့(နိုဝင်ဘာလ ၃ရက်)မှ သိတယ်”ဟု ကောင်းလင်းမြို့ခံတစ်ဦးက ပြောသည်။

စစ်‌ကောင်စီက ဖမ်းဆီးသတ်ဖြတ်လိုက်သော ကိုမြတ်သူအောင်တွင် ရင်ခွင်ပိုက် ကလေးငယ်တစ်ဦး နှင့် အသက်(၁၁)နှစ်အရွယ် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း Kawlin Revolution KR-Teamက ထုတ်ပြန်ထားသည်။

Kawlin Revolution KR-Teamသည် ကောလင်းမြို့နယ် ဒေသတွင်းတော်လှန်ရေးအင်အားစုများ၏ သတင်းထုတ်ပြန်ရေးလူမှုကွန်ရက် စာမျက်နှာဖြစ်သည်။

You May Also Like

သတင်း

MNDAAတွင် တပ်မဟာ (၂၁၁)၊တပ်ဟာ(၃၁၁)၊ တပ်မဟာ(၅၁၁)နှင့် ယခု အသစ်ပေါ်ပေါက်လာသည့် တပ်မဟာ(၆၁၁)ဟူ၍ တပ်မဟာ ၄ခုရှိသည်။

သတင်း

ပြီးခဲ့သည့် တစ်လအတွင်းတိုက်ပွဲပေါင်း ၁၃၆ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးသူများထဲ၌ အရာခံ ဗိုလ်တစ်ဦး၊ တပ်စိတ်မှူးတစ်ဦး ပါသည်ဟု ဖော်ပြထားသည်။

သတင်း

လဲပင်ရွာအနီး စစ်ကြောင်းထိုးလာသည့် အင်အား ၆၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ပြည်ခရိုင် PDFက အောက်တိုဘာ ၂၇ရက်တွင် တိုက်ခိုက်ခဲ့သည်။

သတင်း

ကနဦးအနေနဲ့ မန္တလေး ဆေးတက္ကသိုလ် ခွဲစိတ်ဌာနရဲ့ CDM ကထိက ဒေါက်တာမင်းဇော်ဦးနဲ့ သူနာပြုအမျိုးသမီး ၄ ဦး ပြီးခဲ့တဲ့အောက်တိုဘာ လကုန်ပိုင်းက ဖမ်းဆီးခံခဲ့ပါတယ်။