Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်ရှိ ဆီဆိုင်ဟောင်း၌ တပ်စွဲထားသော စစ်အုပ်စုကို PDFနှစ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်

စစ်အုပ်စုတပ်စွဲရာဆီဆိုင်သည် တန့်ဆည်မြို့လမ်းဆုံအနောက်ဘက်၌တည်ရှိပြီး ဆီရောင်းချခြင်းမရှိတော့ကြောင်း၊ စစ်အုပ်စု၏ ထိခိုက်သေဆုံးအခြေအနေကို စုံစမ်းနေကြောင်း တန့်ဆည်(ပ.က.ဖ)တာဝန်ခံက ပြောသည်။

တန့်ဆည်(ပကဖ) ရဲဘော်များ စစ်ဆင်ရေးတစ်ခုသွားရောက်နေစဥ်၊ ဓာတ်ပုံ-တန့်ဆည်(ပကဖ)
တန့်ဆည်(ပကဖ) ရဲဘော်များ စစ်ဆင်ရေးတစ်ခုသွားရောက်နေစဥ်၊ ဓာတ်ပုံ-တန့်ဆည်(ပကဖ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်တွင် ဆီဆိုင်ဟောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား PDF နှစ်ဖွဲ့ပေါင်း၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စခန်းတွင်းသို့ နှစ်လုံး ကျရောက်ပေါက် ကွဲခဲ့ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)၏ တာဝန်ခံက ပြောသည်။

ယနေ့ (နိုဝင်ဘာလ ၃ ရက်)နံနက် ၉ နာရီ ၂၀ခန့်က တန့်ဆည်မြို့၊ ရွှေဒေါင်းမင်းဆီဆိုင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျူများအား တန့်ဆည် (ပ.က.ဖ)နှင့် စစ်ကိုင်းတပ်ရင်း (၃)တို့ပူးပေါင်း၍ လက်နက်ကြီး ၆လုံး ပစ်သွင်းတိုက်ခိုက် ခဲ့ရာ ၂လုံး စခန်းတွင်းကျရောက် ပေါက်ကွဲ​ခဲ့ကြောင်း တန့်ဆည်(ပ.က.ဖ)တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်အုပ်စုတပ်စွဲရာဆီဆိုင်သည် တန့်ဆည်မြို့လမ်းဆုံအနောက်ဘက်၌တည်ရှိပြီး ဆီရောင်းချခြင်းမရှိတော့ကြောင်း၊ စစ်အုပ်စု၏ ထိခိုက်သေဆုံးအခြေအနေကို စုံစမ်းနေကြောင်း တန့်ဆည်(ပ.က.ဖ)တာဝန်ခံက ပြောသည်။

“(၈၁)လက်လုပ်နဲ့ပစ်တာ။ လက်လုပ်ကြီးခေါ်မှာပေါ့ဗျာ။ ၆လုံးပစ်သွင်းခဲ့တာ ​ွေးတွေတပ်စွဲထားတဲ့ ရွှေဒေါင်းမင်းဆီဆိုင်ထဲကို။ သူတို့ရှိတဲ့ဝင်းထဲတော့ရောက်တယ်ဗျ။ အထိအခိုက်ဘာညာတော့ သေချာတော့မသိရသေးဘူး။”ဟု တန့်ဆည်(ပ.က.ဖ)တာဝန်ခံက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် တန့်ဆည်မြို့နယ်အတွင်း စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးမွှေနှောက်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

You May Also Like

သတင်း

စစ်ကောင်စီဘက်က လက်နက်ကြီး၊လက်နက်ငယ် များဖြင့် ပြန်လည်တုံ့ပြန်ပစ်ခတ်သော်လည်း ပကဖရဲဘော်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု မြိုင်(ပကဖ)တာဝန်ခံက ဆိုသည်။

သတင်း

မိုးမောက်ဒေသခံတစ်ဦးက “ဒီနေ့ကတော့ ငြိမ်နေတယ်။ စစ်ရှောင်တွေရှိတယ်။ စကစတွေလည်း အမြဲတမ်းရှိတယ်။ နေ့တိုင်း ဒီမြို့မှာ သူတို့တွေသွားလာနေတာပဲ”ဟု မိုးမောက်မြို့ အခြေအနေကို ပြောပြသည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထိခိုက်ဒဏ်ရာရရှိပြီး သုံးဦးမှာ မြောင်ဆေးရုံတွင်ကုသနေရကာ နှစ်ဦးမှာ မန္တလေးမြို့သို့သွားရောက်ကုသနေရသည်ဟု ၎င်းကဆိုသည်။

သတင်း

ဒါ့ကြောင့် ပြင်ဦးလွင် တန်ဆောင်တိုင်းကွင်းမှာ ရောင်းချမယ့် ဆိုင်ခန်းဈေးနှုန်းဟာလည်း ယခင်သတ်မှတ်ဈေးထက် တိုးမြှင့်ထားတယ်လို့ သိရပါတယ်။