Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကွတ်ခိုင်ရှိ KBC ကျမ်းစာသင်ကျောင်းလက်နက်ကြီးကျ၍ သုံးဦးထက်မနည်း ဒဏ်ရာရ

ယနေ့ (နိုဝင်ဘာ ၃ရက်) ည ၈နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်ဟုသိရသည်။

(စစ်​ကောင်စီလက်နက်ကြီးကျည်ကျ၍ ဒဏ်ရာရသူအချို့ နှင့် KBCစာသင်​ကျောင်း။ ဓါတ်ပုံ-Marip Lamawng Sharoi FB)
(စစ်​ကောင်စီလက်နက်ကြီးကျည်ကျ၍ ဒဏ်ရာရသူအချို့ နှင့် KBCစာသင်​ကျောင်း။ ဓါတ်ပုံ-Marip Lamawng Sharoi FB)

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ကျမ်းစာသင်ကျောင်းသို့ ယနေ့ညပိုင်း၌ လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ ဒဏ်ရာရသူအချို့ရှိသည်ဟု KBC တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယနေ့ (နိုဝင်ဘာ ၃ရက်) ည ၈နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်ဟုသိရသည်။

(စစ်​ကောင်စီလက်နက်ကြီးကျည်ကျ၍ ဒဏ်ရာရသူအချို့ နှင့် KBCစာသင်​ကျောင်း။ ဓါတ်ပုံ-Marip Lamawng Sharoi FB)
(စစ်​ကောင်စီလက်နက်ကြီးကျည်ကျ၍ ဒဏ်ရာရသူအချို့ နှင့် KBCစာသင်​ကျောင်း။ ဓါတ်ပုံ-Marip Lamawng Sharoi FB)

“ဟုတ်တယ် အမျိုးသားဆောင်နားမှာ ကျတာ သုံးယောက်ထိတယ်။ အခုလောလောဆယ်ဆယ်တော့ အဲဒီလောက်ပဲ သိသေးတယ်။ လက်နက်ကြီးကျတာ” ဟု KBC တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဒေသ၌ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆက်​ပြောသည်။

“ပြည်သူတွေအပေါ် ပစ်မှတ်ထားတာမျိုးတော့လုံး၀မလုပ်သင့်ဘူး” ဟု KBC တာဝန်ရှိသူက ပြောသည်။

(စစ်​ကောင်စီလက်နက်ကြီးကျည်ကျ၍ ဒဏ်ရာရသူအချို့ နှင့် KBCစာသင်​ကျောင်း။ ဓါတ်ပုံ-Marip Lamawng Sharoi FB)
(စစ်​ကောင်စီလက်နက်ကြီးကျည်ကျ၍ ဒဏ်ရာရသူအချို့ နှင့် KBCစာသင်​ကျောင်း။ ဓါတ်ပုံ-Marip Lamawng Sharoi FB)

အောက်တိုဘာ ၂၃ရက်ကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါဒေသ၌ အရပ်သားပြည်သူများ ပါဝင်သည့် ဂီတဖျော်ဖြေပွဲသို့ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့၍ သေဆုံးသူအများအပြားရှိခဲ့သည်။ အဆိုပါ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အထိမ်းအမှတ်နေ့အကြို ဂီတဖျော်ဖြေပွဲ ကျင်းပနေချိန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၈၀ ကျော်ရှိပြီး ဒဏ်ရာရသူ အများအပြားရှိကြောင်း ကချင်ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

ထို​ကြောင့်KIC (ကချင် လွတ်လပ်​ရေး​ကောင်စီ)ကလည်းအနန့်ပါဖြစ်စဥ်နှင့်လက်ယက်ကုန်းဖြစ်စဉ်အရ ပြည်သူလူထုလုံခြုံမှု လုံးဝမရှိတော့သည့်အတွက် ပြည်သူတစ်ရပ်လုံး စစ်ရေးသတိရှိကြရန် နိုဝင်ဘာ ၁ ရက်တွင် အသိ​ပေးထားသည်။

You May Also Like

သတင်း

ညောင်ကုန်းဂိတ်ရှိ BGF တပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူများအား ခေါ်ယူခြိမ်းခြောက်ခြင်း၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ နေ့စဉ်လိုလို မကြာခဏ ကျူးလွန်လေ့ရှိသည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။

သတင်း

ကလေးမြို့နယ်တောင်ပိုင်း ထောက်ကြန့်ကျေးရွာကို ယနေ့ နေ့လယ် ၁၁နာရီ ၂၀မိနစ် ခန့်တွင်စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

မိုးမောက်ဒေသခံတစ်ဦးက “ဒီနေ့ကတော့ ငြိမ်နေတယ်။ စစ်ရှောင်တွေရှိတယ်။ စကစတွေလည်း အမြဲတမ်းရှိတယ်။ နေ့တိုင်း ဒီမြို့မှာ သူတို့တွေသွားလာနေတာပဲ”ဟု မိုးမောက်မြို့ အခြေအနေကို ပြောပြသည်။

သတင်း

စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အောက်တိုဘာ၂၂ရက်မှ အောက်တိုဘာ၂၉ရက်အထိ ရှစ်ရက်အတွင်း အရပ်သားတစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရခဲ့သည်။