Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်နှင့် အရာတော်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဖျက်ဆီးနေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ပြီးခဲ့သည့် အောက်တိုဘာ တတိယပတ်အတွင်းကလည်း ဟန်လင်းပျူမြို့ဟောင်းအပါအဝင်အနီးဝန်းကျင်ကျေးရွာများအား စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပစ်ခတ်မှုကြောင့် ဒေသခံ ၁၃ဦးထက် မနည်း သေဆုံးခဲ့သေးသည်​။

ပြီးခဲ့သည့် အောက်တိုဘာ တတိယပတ်အတွင်းက ဟန်လင်းပျူမြို့ဟောင်းရှိ ထွက်ပြေးတိမ်းရှောင်လာရသော ဒေသခံများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj
ပြီးခဲ့သည့် အောက်တိုဘာ တတိယပတ်အတွင်းက ဟန်လင်းပျူမြို့ဟောင်းရှိ ထွက်ပြေးတိမ်းရှောင်လာရသော ဒေသခံများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းနှင့် အရာတော်မြို့နယ်များရှိ စစ်ကောင်စီတပ် များ တကျော့ပြန် စစ်ကြောင်းထိုးလာ၍ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း ဟန်လင်းမြို့ဟောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ အင်အား ၃၀ခန့်သည် ယနေ့(နိုဝင်ဘာ ၄ရက်)နံနက် ၈နာရီခန့်တွင် ဟန်လင်းအနီးရှိ အောင်ချမ်းသာကျေးရွာသို့ ဝင်ရောက်မွှေနှောက်ကာ ဒေသခံပြည်သူသုံးဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

“အယောက်ငါးဆယ်​လောက်ရှိတယ် ပြောတယ်။ အခုတော့ ကုန်းကြီးရွာကနေ ဝက်လက်မြို့ထဲဝင်သွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ဝက်လက်မြို့နယ်နှင့် နယ်ချင်းဆက်နေသော အရာတော်မြို့နယ်တွင်လည်း ယနေ့နံနက်ပိုင်းက အနောက်စစ်တပ်ဘက်မှ ထွက်လာသော အင်အား ၅၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ကျွဲခြံကျေးရွာကို ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရာ ကျေးရွာအနီးတဝိုက်ရှိ ကျေးရွာများ ထွက်ပြေးတိမ်းရှောင်နေရပြီး ထွက်ပြေးတိမ်းရှောင်နေရသောပြည်သူများသည် မိမိတို့ကျေးရွာများအား အလျင်စလိုပြန်လည်ဝင်ရောက် ခြင်းများ မပြုကြရန်၊ စိတ်ချရသည့်အခြေအနေရောက်မှသာ ရွာပြန်ဝင်ကြရန် ဒေသကာ ကွယ်ရေးရဲဘော်များက သတိပေးထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ တတိယပတ်အတွင်းကလည်း ဟန်လင်းပျူမြို့ဟောင်းအပါအဝင်အနီးဝန်းကျင်ကျေးရွာများအား စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပစ်ခတ်မှုကြောင့် ဒေသခံ ၁၃ဦးထက် မနည်း သေဆုံးခဲ့သေးသည်​။

You May Also Like

သတင်း

အဆိုပါ ကင်းပုန်းစခန်းကို ကရင်နီတပ်မတော် (KA)နှင့်အတူ KNDF တပ်ရင်း - ၄တို့ပူးပေါင်း၍ ယမန်နေ့တွင် တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

သတင်း

ဆောမြို့နယ်အတွင်းစစ်ကြောင်းတွင်ပါဝင်လာသောစစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ယမန်နေ့(နိုဝင်ဘာ ၃ရက်)ကအလင်းဝင်လာခြင်းဖြစ်သည်။ ၎င်းတို့ငါးဦးက G-3 သေ​နတ်နှစ်လက်နှင့် ကျည်ဆန်များယူဆောင်လာခဲ့သည်ဟုလည်း ၎င်းကဆက်​ပြောသည်။

သတင်း

အောက်တိုဘာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် က ကျေးရွာများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ ခြောက်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၂၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း AAက ထုတ်ပြန်ထားသည်။

သတင်း

JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း “လေကြောင်းတိုက်ခိုက်မှုတွေက စစ်ကောင်စီရဲ့ အဓိကလက်နက်တစ်ခုဖြစ်ပြီး လူ့အသက်ပေါင်းများစွာကို သတ်ဖြတ်ဖျက်ဆီးနေပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အာဆီယံတို့အနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ရပ်တန့်ဖို့ တာဝန်ရှိပါတယ်။ ဒါကို ချက်ချင်းအရေးယူ ဆောင်ရွက်ရပါမယ်” ဟု တိုက်တွန်းသည်။