Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးတောင်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သုံးဦး သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း ကနဦး သိရသည်ဟု ထုတ်ပြန်သည်။

(ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF) မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကလေး PDF)
(ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF) မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကလေး PDF)

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးထိခိုက်ရှိခဲ့ကြောင်း ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

ယမန်နေ့(နိုဝင်ဘာ ၃ရက်)က ကလေးမြို့မှ ထွက်ခွာလာသည့် အင်အား ၈၀ကျော်ပါ စစ်ကောင်စီတပ်ကို မြို့ကြီးကုန်းနှင့် နည်းပညာတက္ကသိုလ် (ကလေး) ကြား၌ ကလေး PDF မိုင်းတပ်ဖွဲ့က အသင့်တပ်ဆင်ထားသည့် မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သုံးဦး သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း ကနဦး သိရသည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က အနီးဝန်းကျင်သို့ မိနစ်အတန်ကြာ ပစ်ခတ်ခဲ့ကြောင်းဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၃၁ရက်က နည်းပညာ တက္ကသိုလ်(ကလေး)အနီးတွင် အပြစ် မဲ့ ပြည်သူ သုံးဦးကို ဖမ်းဆီးသွားကြောင်း၊ ယင်းနေ့၌ပင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ထောက်ကြန့်ကျေးရွာရှိ စပါးကျီနှင့် နွားစာတိုက်ပေါ်သို့ ကျရောက်ခဲ့ပြီး သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

အဆိုပါ ကင်းပုန်းစခန်းကို ကရင်နီတပ်မတော် (KA)နှင့်အတူ KNDF တပ်ရင်း - ၄တို့ပူးပေါင်း၍ ယမန်နေ့တွင် တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

သတင်း

ဆောမြို့နယ်အတွင်းစစ်ကြောင်းတွင်ပါဝင်လာသောစစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ယမန်နေ့(နိုဝင်ဘာ ၃ရက်)ကအလင်းဝင်လာခြင်းဖြစ်သည်။ ၎င်းတို့ငါးဦးက G-3 သေ​နတ်နှစ်လက်နှင့် ကျည်ဆန်များယူဆောင်လာခဲ့သည်ဟုလည်း ၎င်းကဆက်​ပြောသည်။

သတင်း

အောက်တိုဘာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် က ကျေးရွာများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ ခြောက်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၂၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း AAက ထုတ်ပြန်ထားသည်။

သတင်း

အဲဒီအိမ်ဟာ အောင်မြေသာစံမြို့နယ် ၊မြောက်ပြင်ရပ် ၊ ၁၄ လမ်း ၊၈၈ လမ်းနဲ့ ၈၇ လမ်းကြားမှာရှိပြီးနေအိမ်ရှေ့ အစောင့်ဂိတ် ဗုံးပစ်ခံရတာလို့သိရပါတယ်။