Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီအတွက်​လေယာဥ်ဆီသွင်း​ပေး​နေ​သောAsia Sun နှင့် MPE ကိုဒဏ်ခတ်အ​ရေးယူရန် JFMတိုက်တွန်း

JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း “လေကြောင်းတိုက်ခိုက်မှုတွေက စစ်ကောင်စီရဲ့ အဓိကလက်နက်တစ်ခုဖြစ်ပြီး လူ့အသက်ပေါင်းများစွာကို သတ်ဖြတ်ဖျက်ဆီးနေပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အာဆီယံတို့အနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ရပ်တန့်ဖို့ တာဝန်ရှိပါတယ်။ ဒါကို ချက်ချင်းအရေးယူ ဆောင်ရွက်ရပါမယ်” ဟု တိုက်တွန်းသည်။

(AI နှင့် JFM တို့၏ ထုတ်ပြန်ချက်များ)
(AI နှင့် JFM တို့၏ ထုတ်ပြန်ချက်များ)

▪︎AIကလည်းစစ်​ကောင်စီ၏လေယာဥ်ဆီ​ထောက်ပံ့​ရေးလမ်း​ကြောင်းကို​ဖော်ပြပြီး အ​ရေးယူရန်တိုက်တွန်း

စစ်ကောင်စီ၏ အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုများအတွက် အဓိကပါဝင်ပတ်သက်နေသည့် Asia Sun Group နှင့် မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်း(MPE) တို့ကို ကမ္ဘာ့နိုင်ငံများက ချက်ချင်း ဒဏ်ခတ်ပိတ်ဆို့ရန် Justice For Myanmar (JFM)က တောင်းဆိုသည်။

မြန်မာနိုင်ငံရှိ စစ်ရာဇ၀တ်မှုများကို မီးထိုးနေသော ထောက်ပံ့ရေးကွင်းဆက်ကို ဖော်ထုတ်ထားသည့် ‘မရဏကုန်စည်’ အမည်ဖြင့် အစီရင်ခံစာတစ်စောင်ကို အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International)က Justice For Myanmar ၏ သုတေသနပံ့ပိုးမှုဖြင့် ယခုလဆန်းတွင် ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာတွင် မြန်မာစစ်တပ်၏ လေယာဉ်ဆီထောက်ပံ့ရေး ကွင်းဆက်အကြောင်း ဖော်ထုတ်ထားကာ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှု ကျူးလွန်မှုများ၌ ယင်းကွင်းဆက်တွင်ပါဝင်သော ကုမ္ပဏီအချို့၏ ပတ်သက်ဆက်နွှယ်နေပုံကို ဖော်ပြထားသည်။

“မကြာသေးခင်သီတင်းပတ်တွေမှာ စစ်ကောင်စီက ကချင်ပြည်နယ်က ဂီတဖျော်ဖြေပွဲတစ်ခုကို လေကြောင်းတိုက်ခိုက်ခဲ့လို့ လူပေါင်း ၈၀ ကျော် သေဆုံးခဲ့ရပြီး စစ်ကိုင်းတိုင်းက စာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပစ်ခတ်ခဲ့လို့ အနည်းဆုံး ကလေးငယ် ၁၁ ဦး သေဆုံးခဲ့ရပါတယ်။ ဒီလိုအဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွက် မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့မှုပိတ်ပင်ဖို့၊ Asia Sun Group နဲ့ မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်တွေကို ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ဖို့ စတဲ့ နိုင်ငံတကာညှိနှိုင်းပူးပေါင်းလုပ်ဆောင်တဲ့ အရေးယူတုန့်ပြန်ချက်တစ်ရပ် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

ဩစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့ အနေဖြင့် Asia Sun Group နှင့် မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်း (MPE) တို့အပေါ် ချက်ချင်း ဒဏ်ခတ်ပိတ်ဆို့ရန် JFM က တောင်းဆိုသည်။

-Puma Energy နှင့် Asia Sun တို့၏ ပါဝင်ပတ်သက်မှု၂၀၁၅ ခုနှစ်မှစ၍ လေယာဥ်ဆီထောက်ပံ့ရေးကွင်းဆက်တွင် စင်ကာပူနှင့် ဆွစ်ဇာလန် အခြေစိုက် Puma Energy ပါဝင်ခဲ့သည်။

Puma Energy ၏ မြန်မာနိုင်ငံမှ ဆက်စပ်လုပ်ငန်းနှစ်ခုဖြစ်သည့် ၎င်းတို့ပိုင် Puma Energy Asia Sun(PEAS) နှင့် ၎င်းတို့နှင့် ဖက်စပ်လုပ်ကိုင်သူ National Energy Puma Aviation Services(NEPAS)တို့သည် မြန်မာစစ်တပ်အတွက် လေယာဥ်ဆီ ထောက်ပံ့ပေးရာတွင် ပါဝင်ခဲ့ကြောင်း AI ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

Puma Energy ၏ အကျိုးတူဖက်စပ်ဖြစ်သော NEPAS ၏ ပူးပေါင်းလုပ်ငန်းမှာ မြန်မာ့ရေနံဓာတုလုပ်ငန်း(MPE)ဖြစ်ပြီး ယင်းလုပ်ငန်းကို ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းမှုနှင့်အတူ စစ်တပ်က ထိန်းချုပ်ခဲ့သည်။

အခြား ဖက်စပ်လုပ်ငန်းမှာ ခရိုနီစီးပွားရေးလုပ်ငန်းစုကြီး Asia Sun Group လုပ်ငန်းဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။ အဆိုပါ Asia Sun Group ကုမ္ပဏီများနှင့် ကုမ္ပဏီခွဲများကို စင်ကာပူနှင့် မြန်မာတို့၌ မှတ်ပုံတင်ထားပြီး မြန်မာစစ်တပ်အတွက် လေယာဥ်ဆီ သယ်ယူ၊ တင်ပို့၊ ဖြန့်ဖြူး၊ ရောင်းချခြင်းတို့အတွက် ကမ္ဘာ့နိုင်ငံများက ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ရန် Justice For Myanmar တောင်းဆိုသည်။ Asia Sun Group ကုမ္ပဏီနှင့် ကုမ္ပဏီခွဲ စုစုပေါင်း ၄၀ ခု ဖွဲ့စည်းတည်ထောင်ထားသည်။

Puma Energy သည် မြန်မာနိုင်ငံရှိ ၎င်း၏ ပိုင်ဆိုင်မှုများကို ရောင်းချပြီး နိုင်ငံတွင်းမှ ထွက်ခွာမည်ဟု ပြီးခဲ့သည့် အောက်တိုဘာ ၅ရက်တွင် ကြေညာခဲ့သော်လည်း AI ၏ အစီရင်ခံစာထုတ်ပြန်ချက်အထိ ၎င်းထွက်ခွာမည့်ရက်ကို ဖော်ပြမထားဘဲ PEAS ကို ဆက်လက် ပိုင်ဆိုင်ထားကာ NEPAS တွင်လည်း အစုရှယ်ယာအနည်းစုရှိသည်ဟု ဆိုသည်။

-အခြားပါဝင်ပတ်သက်သူများကမ္ဘာတစ်ဝန်းနှင့် ဒေသဆိုင်ရာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများဖြစ်သည့် Chevron ၊ Exxon Mobil ၊ Rosneft ၊ Petro China နှင့် Thai Oil တို့အပြင် ရေကြောင်းအာမခံကုမ္ပဏီများ၊ ရေယာဥ်ပိုင်ရှင်များ၊ ရေကြောင်းတင်ပို့မှု ကိုယ်စားလှယ်များနှင့် ဆီကားများဖြင့် ဖြန့်ဖြူးရောင်းချသူများသည်လည်း စစ်တပ်အတွက် လောင်စာဆီ ထောက်ပံ့ရေးကွင်းဆက်၏ တစိတ်တပိုင်းဖြစ်နေသည်ဟု AI က ဖော်ပြသည်။ ထို့အပြင် ၎င်းတို့အားလုံးသည် စစ်ရာဇ၀တ်မှုမြောက်သော လေကြောင်းတိုက်ခိုက်မှုများအတွက် တာ၀န်ရှိသည့် စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်မှုကို ဖြစ်စေသည်ဟု ဆိုသည်။

သို့သော် အထက်ပါ ကုမ္ပဏီထဲမှ အချို့က မြန်မာနိုင်ငံရှိ ၎င်းတို့၏ ဝယ်ယူသူများအား အရပ်ဘက်အတွက်သာ လေယာဥ်ဆီရောင်းချခဲ့ကြောင်း သို့မဟုတ် တင်ပို့မှုတွင် ပါဝင်ခဲ့ကြောင်း တုန့်ပြန်ထားသည်။

Puma Energy က “၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက မြန်မာ့လေတပ် MAF သို့ မည်သည့်လောင်စာဆီ သို့မဟုတ် ထုတ်ကုန်ကိုမျှ ရောင်းချခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်း မရှိကြောင်း” တုန့်ပြန်သည်။ သို့သော်လည်း Puma Energy က AI သို့ ပေးပို့သောစာ၌ “အရပ်ဘက်သို့ သီးခြားခွဲခြားရောင်းချရန် ချမှတ်ထားသော ထိန်းချုပ်မှုအစီအမံများကို မြန်မာလေတပ် MAF က ချိုးဖောက်သွားနိုင်ခဲ့သည့်ဖြစ်ရပ်များ” ရှိခဲ့ကြောင်းသတင်းများရရှိခဲ့သည့်အတွက် မြန်မာနိုင်ငံမှ ထွက်ခွာသွားမည်ဟု ရှင်းပြထားသည်။

ထို့အတွက် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများကို ဆိုးရွားစွာချိုးဖောက်မှုဖြစ်စေသည့် လေကြောင်းတိုက်ခိုက်မှုများအတွက် စစ်တပ်မှ လေယာဥ်ဆီ အသုံးမပြုကြောင်း သေချာစေနိုင်မည့် ယန္တရားတစ်ခုကို နိုင်ငံများက မထားရှိနိုင်မချင်း နိုင်ငံတိုင်းသည် မြန်မာနိုင်ငံသို့ လေယာဥ်ဆီ ထောက်ပံ့မှုကို ဆိုင်းငံ့ထားရမည်ဟု AI က တိုက်တွန်းသည်။

JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း “လေကြောင်းတိုက်ခိုက်မှုတွေက စစ်ကောင်စီရဲ့ အဓိကလက်နက်တစ်ခုဖြစ်ပြီး လူ့အသက်ပေါင်းများစွာကို သတ်ဖြတ်ဖျက်ဆီးနေပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အာဆီယံတို့အနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ရပ်တန့်ဖို့ တာဝန်ရှိပါတယ်။ ဒါကို ချက်ချင်းအရေးယူ ဆောင်ရွက်ရပါမယ်” ဟု တိုက်တွန်းသည်။

You May Also Like

သတင်း

အောက်တိုဘာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် က ကျေးရွာများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ ခြောက်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၂၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း AAက ထုတ်ပြန်ထားသည်။

သတင်း

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သုံးဦး သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း ကနဦး သိရသည်ဟု ထုတ်ပြန်သည်။

သတင်း

ပြီးခဲ့သည့် အောက်တိုဘာ တတိယပတ်အတွင်းကလည်း ဟန်လင်းပျူမြို့ဟောင်းအပါအဝင်အနီးဝန်းကျင်ကျေးရွာများအား စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပစ်ခတ်မှုကြောင့် ဒေသခံ ၁၃ဦးထက် မနည်း သေဆုံးခဲ့သေးသည်​။

သတင်း

မြန်မာစစ်တပ်ကို အိန္ဒိယ၊ တရုတ်နဲ့ ရုရှားတို့က ဝိုင်းကူနေသလိုပဲ မြန်မာ့ ဒီမိုကရေစီရေး အင်အားစုတွေကိုလည်း နိုင်ငံတကာ အသိုက်အဝန်းက ဝိုင်းဝန်း ကူညီကြဖို့ အဲဒီ ဥပဒေပြု အမတ်တွေ အစုအဖွဲ့က ဆော်ဩခဲ့ပါတယ်။