Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နိုင်ငံရေးအမှုနဲ့ဖမ်းဆီးခံရတဲ့ လူငယ်ဗေဒင်ဆရာ လင်းညှို့တာရာပြန်လွတ်လာ

လင်းညှို့တာရာကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်က တောင်ဥက္ကလာပမြို့နယ်က နေအိမ်မှာ ဖမ်းဆီးခဲ့တာပါ။

နိုင်ငံရေးအမှုနဲ့ဖမ်းဆီးခံရတဲ့ လူငယ်ဗေဒင်ဆရာ လင်းညှို့တာရာပြန်လွတ်လာ
နိုင်ငံရေးအမှုနဲ့ဖမ်းဆီးခံရတဲ့ လူငယ်ဗေဒင်ဆရာ လင်းညှို့တာရာပြန်လွတ်လာ

စစ်တပ်အာဏာသိမ်းပြီး ၁၀ ရက်အကြာမှာ ဖမ်းခံရတဲ့ လူငယ်ဗေဒင်ဆရာ လင်းညှို့တာရာဟာ ဒီနေ့ မနက်ပိုင်းမှာအင်းစိန်ထောင်ကနေပြန်လည်လွတ်မြောက်လာပြီလို့ သူရဲ့မိတ်ဆွေတွေကလူမှုကွန်ရက်ကနေ အသိပေးလာကြပါတယ်။

လင်းညှို့တာရာကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်က တောင်ဥက္ကလာပမြို့နယ်က နေအိမ်မှာ ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက်ဆူပူအောင် လှုံဆော်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင် ၂ နှစ်ချခံရပြီး ဒီနေ့မှာတော့ ပြစ်ဒဏ်စေ့လို့လွတ်လာတာလို့သိရပါတယ်။

ဗေဒင်ဆရာ လင်းညှို့တာရာဟာ စစ်အာဏာရှင်ပြုတ်ကျရေး အတွက် ဖယောင်းတိုင်ပေါ်မှာ အပ်ကိုးချောင်းစိုက်တဲ့ လောကီအစီအရင်တစ်ခုကို လူမှုကွန်ရက်မှာ ရေးသားဖြန့်ဝေမှုကြောင့် စစ်အုပ်စုက ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။

You May Also Like

သတင်း

ရခိုင်ပြည်နယ်၌ AAနှင့် စစ်ကောင်စီတပ်အကြား တကျော့ပြန်တိုက်ပွဲပြင်းထန်စွာ မဖြစ်ပွားမီ ကတည်းက အပြန်အလှန် ဖမ်းဆီးမှုများ ပြုလုပ် လျက်ရှိရာ စစ်ကောင်စီလက်အောက်ခံရဲများ၊ စရဖများ၊ စစ်ကောင်စီတပ်သားများကို AAက မကြာခဏ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

သတင်း

ကနဦးအနေနဲ့ မန္တလေး ဆေးတက္ကသိုလ် ခွဲစိတ်ဌာနရဲ့ CDM ကထိက ဒေါက်တာမင်းဇော်ဦးနဲ့ သူနာပြုအမျိုးသမီး ၄ ဦး ပြီးခဲ့တဲ့အောက်တိုဘာ လကုန်ပိုင်းက ဖမ်းဆီးခံခဲ့ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဖမ်းဆီးတာကို ခံလိုက်ရသူ ၅ ဦး ဟာ မန္တလေး ဆေးတက္ကသိုလ် CDM ကထိက ဒေါက်တာမင်းဇော်ဦး နဲ့ CDM သူနာပြု အမျိုးသမီး ၄ ဦး တို့ဖြစ်ပါတယ်။

သတင်း

“အသက် အန္တရာယ် စိုးရိမ်ရတယ်။ သေပြီလို့ ကြားနေပေမယ့် အခုထက်ထိ အတည်မပြုနိုင်သေးဘူး” အင်းတော် PDF ရဲဘော်က ပြောသည်။