Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖရူဆိုမြို့အခြေစိုက်စစ်ကောင်စီ၏ ခမရ(၄၂၈) တပ် စခန်း ကင်းပုန်းကို စနိုက်ဘာဖြင့်ပစ်ခတ်

အဆိုပါ ကင်းပုန်းစခန်းကို ကရင်နီတပ်မတော် (KA)နှင့်အတူ KNDF တပ်ရင်း – ၄တို့ပူးပေါင်း၍ ယမန်နေ့တွင် တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

(KNDFမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF)
(KNDFမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ခမရ(၄၂၈)တပ်စခန်း ကင်း ပုန်းကို စနိုက်ဘာဖြင့်ပစ်ခတ်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၄ က ယနေ့(နိုဝင်ဘာ ၄ ရက်) ထုတ်ပြန်သည်။

အဆိုပါ ကင်းပုန်းစခန်းကို ကရင်နီတပ်မတော် (KA)နှင့်အတူ KNDF တပ်ရင်း – ၄တို့ပူးပေါင်း၍ ယမန်နေ့တွင် တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

တိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဖရူဆိုနှင့် ဒီးမော့ဆိုမြို့နယ်ကြားရှိ ကျေးရွာများဘက်သို့ လှုပ်ရှားလျက်ရှိကြောင်းလည်း KNDFက အသိပေးသည်။

ထို့ကြောင့် အောက်တိုဘာအတွင်း သေးဆူလဲကျေးရွာနှင့် အနီးဝိုက်ကျေးရွာများတွင်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

“ဒီနေ့လည်း လွိုင်ကော်ဘက်မှာ စကစကလက် နက် ကြီးသုံးပြီးပစ်နေတယ်။တိုက်ပွဲအခြေအနေ အသေးစိတ်တော့ မသိရသေးဘူး”ဟု ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ယခင်လအတွင်း ကရင်နီ(ကယား)ပြည်နယ်၌ တိုက်ပွဲပေါင်း (၃၂)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှသေဆုံးသူ ၂၈ ဦးရှိကာ လွိုင်ကော်မြို့နယ် ရှမ်း-ကယားနယ်စပ်တွင် တိုက်ပွဲများပြင်းထန်နေပြီး ရှားတော၊ ဘောလခဲနှင့်ဖရူဆိုမြို့နယ်တို့တွင် ကရင်နီပူးပေါင်းတပ်များမှ စစ်ကောင်စီတပ်စခန်းများ နှင့် ကင်းပုန်းစခန်းများအား အရှိန်မြင့်တိုက်ခိုက်ခဲ့သည် ဟု KNDFက သီးခြားထုတ်ပြန်ထားသည်။

You May Also Like

သတင်း

ဆောမြို့နယ်အတွင်းစစ်ကြောင်းတွင်ပါဝင်လာသောစစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ယမန်နေ့(နိုဝင်ဘာ ၃ရက်)ကအလင်းဝင်လာခြင်းဖြစ်သည်။ ၎င်းတို့ငါးဦးက G-3 သေ​နတ်နှစ်လက်နှင့် ကျည်ဆန်များယူဆောင်လာခဲ့သည်ဟုလည်း ၎င်းကဆက်​ပြောသည်။

သတင်း

အောက်တိုဘာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် က ကျေးရွာများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ ခြောက်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၂၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း AAက ထုတ်ပြန်ထားသည်။

သတင်း

JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း “လေကြောင်းတိုက်ခိုက်မှုတွေက စစ်ကောင်စီရဲ့ အဓိကလက်နက်တစ်ခုဖြစ်ပြီး လူ့အသက်ပေါင်းများစွာကို သတ်ဖြတ်ဖျက်ဆီးနေပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အာဆီယံတို့အနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ရပ်တန့်ဖို့ တာဝန်ရှိပါတယ်။ ဒါကို ချက်ချင်းအရေးယူ ဆောင်ရွက်ရပါမယ်” ဟု တိုက်တွန်းသည်။

သတင်း

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သုံးဦး သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း ကနဦး သိရသည်ဟု ထုတ်ပြန်သည်။