Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော်-မော်ချီးလမ်းပိုင်း အသုံးပြုမည့် ပြည်သူများ လုပ်ဆောင်ရမည့်တာဝန်များ KNDF အသိပေး

တစ်ပတ်လျှင် တနင်္လာ၊အင်္ဂါနှင့် ဗုဒ္ဓဟူး (သုံး ရက်) သာ သွားလာခွင့်ပြုမည်ဖြစ်ပြီး ဘိလပ်မြေ၊ သံတိုသံစ၊အိမ်ဆောက်ပစ္စည်းများအပါအဝင် တားမြစ်ကန့်သတ်ပစ္စည်းသယ်ဆောင်လာသည့် ကားများကို သိမ်းဆည်းသွားမည်ဟု ဖော်ပြ သည်။

လွိုင်ကော်-မော်ချီးလမ်းပိုင်း အသုံးပြုမည့် ပြည်သူများ လုပ်ဆောင်ရမည့်တာဝန်များ KNDF အသိပေး
လွိုင်ကော်-မော်ချီးလမ်းပိုင်း အသုံးပြုမည့် ပြည်သူများ လုပ်ဆောင်ရမည့်တာဝန်များ KNDF အသိပေး

လွိုင်ကော် – မော်ချီးလမ်းပိုင်း အသုံးပြုမည့် ပြည်သူများ လုပ်ဆောင်ရမည့်တာဝန်များကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၀က ယနေ့(နိုဝင်ဘာ ၄ရက်)အသိပေး ထုတ်ပြန် သည်။

တစ်ပတ်လျှင် တနင်္လာ၊အင်္ဂါနှင့် ဗုဒ္ဓဟူး (သုံး ရက်) သာ သွားလာခွင့်ပြုမည်ဖြစ်ပြီး ဘိလပ်မြေ၊ သံတိုသံစ၊အိမ်ဆောက်ပစ္စည်းများအပါအဝင် တားမြစ်ကန့်သတ်ပစ္စည်းသယ်ဆောင်လာသည့် ကားများကို သိမ်းဆည်းသွားမည်ဟု ဖော်ပြသည်။

ထို့အပြင် ပြည်နယ်ပြင်ပမှ ရွှေ့ပြောင်းလုပ်သား များနှင့် ဆိုင်ကယ်ကုန်စိမ်းရောင်သူများကို လုံးဝ ဝင်ရောက်ခွင့် မပြုကြောင်း တားမြစ်ထားသည်။

လွိုင်ကော်-မော်ချီးလမ်းပိုင်း အသုံးပြုမည့် ပြည်သူများ လုပ်ဆောင်ရမည့်တာဝန်များ KNDF အသိပေး
လွိုင်ကော်-မော်ချီးလမ်းပိုင်း အသုံးပြုမည့် ပြည်သူများ လုပ်ဆောင်ရမည့်တာဝန်များ KNDF အသိပေး

လွိုင်ကော်-မော်ချီးလမ်းပိုင်း သွားလာခွင့်သတ်မှတ်ရက်အတွင်း၌လည်း နံနက် ၆ နာရီ မှ ညနေ ၅ နာရီအထိသာ သွားလာရန် နှင့် သတ်မှတ်ချိန်ထက်ကျော်လွန်ပါက မည်သည့် အာမခံချက်မှ မပေးနိုင်ကြောင်း KNDF က အသိပေးသည်။

ဖြတ်သန်းအသုံးပြုမည့် ယာဥ်ကြီးအမျိုးအစား တွင် ကန်တာ (၁၄)ပေ အထိသာခွင့်ပြုမည်ဖြစ်ပြီးနွား၊ဝက်သယ်ဆောင်မည့် ယာဥ်များမှာလည်း သတ်မှတ်ရက်အတိုင်း ဖြတ်သန်းရမည်ဟု ဆိုသည်။

ယခုသတိပေးချက်များကို ကရင်နီပြည်အစိုးရ ပြည်ထဲ ရေးဝန်ကြီးဌာနနှင့် KNDF ဗဟိုကော်မတီညတို့၏ အစည်းအဝေးဆုံးဖြတ်ခဲ့ခြင်း လည်းဖြစ်သည်။

“အခု လမ်းပိုင်းက မော်ချီးကနေ ဖားဆောင်၊ဘော်လခဲ၊ဖရူဆို၊ဒီးမော့ဆို ပြီးမှ လွိုင်ကော် ပေါ့။အဓိကတော့ စကစ ရဲ့ ထောက်ပို့ လမ်းကို ပိတ်ဆို့တာ။ဒီလမ်းပိုင်းကလည်း လက်ရှိ စစ်ရေးအရ အရေးကြီးတဲ့ နေရာတစ်ခု ပဲ”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ရှင်းပြသည်။

ယခုထုတ်ပြန်ချက်မတိုင်မီကလည်း တိုက်ပွဲများပြင်းထန်နေသော ကရင်နီပြည်နယ်တွင် စစ်ကောင်စီသူလျှိုများ အရပ်သားဟန်ဆောင် သွား လာနေသဖြင့် ၂/ မှတ်ပုံတင် ကိုင်ဆောင်သူများသာ သွားလာခွင့်ပြုမည်ဟု လွိုင်ကော်အခြေစိုက်KNDFတပ်ရင်း -၂က စက်တင်ဘာ တတိယပတ်တွင် ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

သတ်ဖြတ်ခံရသူမှာ မြိုင်မြို့နယ်အရှေ့တောင်ပိုင်း ဝက်ကျရွာမှ အသက်(၃၀)နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းသူ ကိုအောင်ကိုဆိုသူ ဖြစ်သည်။

သတင်း

"အကြမ်းဖက်စစ်တပ်ဘက်မှ စခများ ထိခိုက် သေဆုံးမှုများပြားရှိ၊ သေပျောက်စာရင်းအား ဆက်လက်စီစစ်နေဆဲဖြစ်ပါတယ်။ မဟာမိတ်တပ်ပေါင်းစုမှရဲဘော်တစ်ဦး ထိခိုက်မှုရှိ(မစိုးရိမ်ရ)ပါ"ဟု အသိပေးသည်။

သတင်း

​PDFများက မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်များအား မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

သတင်း

လွိုင်ကော်မြို့နယ် ရှမ်း-ကယားနယ်စပ်တွင် တိုက်ပွဲများပြင်းထန်နေပြီး ရှားတော၊ ဘောလခဲနှင့်ဖရူဆိုမြို့နယ်တို့တွင် ကရင်နီပူးပေါင်းတပ်များမှ စစ်ကောင်စီတပ်စခန်းများ နှင့် ကင်းပုံးစခန်းများအား အရှိန်မြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။