Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီရေတပ် လက်နက်ကြီးဖြင့် ကျေးရွာများသို့ပစ်ခတ်၍ ကလေးငယ်အပါအဝင် သုံးဦးသေ၊ ၂၀ဦးဒဏ်ရာရ

ရွှေပြည်သစ်ကျေးရွာမှ တတိယတန်းကျောင်းသား တစ်ဦးဦးခေါင်းလက်နက်ကြီးစထိမှန်ပြီး အသက်ဆုံးရှုံးခဲ့ကာ ၇ဦးထက်မနည်းဒဏ်ရာရခဲ့သည်ဟု Western Newsက ဖော်ပြသည်။

ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီရေတပ် လက်နက်ကြီးဖြင့် ကျေးရွာများသို့ပစ်ခတ်၍ ကလေးငယ်အပါအဝင် သုံးဦးသေ၊ ၂၀ဦးဒဏ်ရာရ
ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီရေတပ် လက်နက်ကြီးဖြင့် ကျေးရွာများသို့ပစ်ခတ်၍ ကလေးငယ်အပါအဝင် သုံးဦးသေ၊ ၂၀ဦးဒဏ်ရာရ

▪️စစ်ရေယာဉ်ကို AAက တိုက်ခိုက်၍ စစ်ကောင် စီက ကျေးရွာ ၆ရွာထက်မနည်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီတပ် ရေယာဉ်များက ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်မှတ်ထားတိုက်ခိုက်၍ အသက် (၈)နှစ်ခန့်အရွယ် ကလေးငယ်အပါ အဝင်သုံးဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၀ထက်မနည်းရှိခဲ့ကြောင်း ရခိုင်ဒေသခံက ပြောသည်။

စစ်တွေမှ ကျောက်တော်မြို့သို့ ကုလားတန်မြစ်အတိုင်းလာသည့် စစ်ကောင်စီတပ်ရေယာဉ်ကို ရက္ခိုင့်တပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်ခဲ့၍ နိုဝင်ဘာ ၄ရက် နံနက်တွင် စစ်ရေယာဉ်များက မြစ်ဘေးဝဲယာရှိ ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည် ဟု ဆိုသည်။

” စစ်တွေကနေ ပလက်၀ကိုသွားတဲ့ ကုလားတန်မြစ်ကြောင်းတစ်လျှောက် ကျောက်တော်မြို့နယ်ထဲမှာ ဖြစ်တာ။ ကုလားတန်မြစ်ရဲ့ ဝေးရာမှာရှိတဲ့ရွာတွေကို ပစ်တာ။သေဆုံးတဲ့သူက သုံးယောက်အထိ ရှိပြီးတော့ ဒဏ်ရာရတဲ့သူတွေက အယောက် ၂၀လောက်ရှိတယ်။ ကျောက်တော်မြို့နယ်ထဲကပဲ။ ရွာက တစ်ရွာတည်းတော့မဟုတ်ဘူး ရွာတွေက အများကြီးပါတယ်”ဟု ရခိုင်ဒေသခံက ပြောသည်။

ရခိုင်သတင်းဌာနများ၏ ဖော်ပြချက်အရ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် ကျေးရွာများမှာ ရွှေပြည်သစ်၊ ဝက်မှိုင်း၊ အုန်းပတီး၊ ပိန္နဲချောင်း၊ မြင်းကြပ်၊ လက်ဆောင်ကောက် စသည့် ကျေးရွာများနှင့် ပိုက်သည်ရပ်ကွက်မှ ဒေသခံများ ထိခိုက်သေဆုံးခဲ့ရသည်ဟု ဆိုသည်။

ရွှေပြည်သစ်ကျေးရွာမှ တတိယတန်းကျောင်းသား တစ်ဦးဦးခေါင်းလက်နက်ကြီးစထိမှန်ပြီး အသက်ဆုံးရှုံးခဲ့ကာ ၇ဦးထက်မနည်းဒဏ်ရာရခဲ့သည်ဟု Western Newsက ဖော်ပြသည်။

ဒဏ်ရာရသူများတွင် ကလေးငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများပါဝင်သည်ဟု ဆိုသည်။

Border News Agency၏ ဖော်ပြချက်တွင် ဝက်မှိုင်းကျေးရွာမှ အမျိုးသမီးတစ်ဦး၊ ရွှေပြည်သစ်ရွာမှ အသက် (၈)နှစ်အရွယ် ကလေးတစ် ဦးနှင့် အသက် (၈၆)နှစ်အရွယ် အဘိုးအိုတစ်ဦးတို့ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အသက်ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

Development Media Group ၏ ဖော်ပြချက်တွင် အုန်းပတီးရွာ မှ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။ ထို့ကြောင့် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သုံးဦးထက်မနည်းအသက်ဆုံးရှုံးခဲ့ရသည်။ ပိန္နဲချောင်းရွာမှ ၆ဦး၊ ပိုက်သည်ရပ်ကွက်မှ ၁ဦး ၊ မြင်းကြပ်ရွာ ၂ဦး ၊ လက်ဆောင်ကောက်ရွာမှ ၂ဦးတို့ ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်အနေဖြင့် AA နှင့်တိုက်ပွဲများ ဖြစ်ပွားပါကလည်း တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ အရပ်သားသေဆုံးထိခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၆ဦးသေဆုံးခဲ့ရပြီး ၂၁ဦး ဒဏ်ရာရခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

နမ့်ခမ်းမြို့နယ်၊မန်စပ်အုပ်စု၊ နမ့်စိပ်ကျေးရွာမှ ဒေသခံ လယ်သမားနှစ်ဦးကို စစ်ကောင်စီတပ်က ယမန်နေ့(နိုဝင်ဘာလ ၄ရက်)နေ့လယ်တွင် သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီက ထုတ်ပြန်သည့် စာအရနိုဝင်ဘာ ၅ ရက်က စတင်၍ လက်ရှိဆိုင်ခန်းများအား ခေတ္တပိတ်ထားရန်နှင့် ပြန်လည်ဖွင့်လှစ်မည့်ရက်ကို ပြန်လည်အသိပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်း

နိုဝင်ဘာ၂ ရက်ကလည်း မုံရွာ - မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီ၏ Jummer ကားလေးစီးအား ဒေသကာကွယ်ရေးအဖွဲ့များကဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

သတင်း

ဖွင့်ပွဲ ကျင်းပဖို့ ညနေ ၅ နာရီမှာစတင်နေရာယူကြပြီး ညနေ ၆ နာရီမှာ စတင်ဖွင့်လှစ်ခဲ့ပေမယ့် လာရောက်ကြည့်ရှုသူနည်းပါးတယ်လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးကပြောပါတယ်။