Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့် မြန်မာ့စီးပွား​ရေးဘဏ်​ရှေ့တွင်မိုင်း​​ပေါက်ကွဲရဲသုံးဦးဒဏ်ရာရ

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ မြန်မာစီးပွားရေးဘဏ်ရှေ့တွင် ယနေ့(နိုဝင်ဘာ ၄ရက်) နေ့လယ်က မိုင်းတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ဖားကန့်မြို့
ဖားကန့်မြို့

ဖားကန့်မြို့ မြန်မာစီးပွားရေးဘဏ်ရှေ့တွင် မိုင်းပေါက်ကွဲပြီးရဲတပ်ဖွဲ့ဝင်သုံးဦးထိမှန်သွားကြောင်းဒေသခံများကပြောသည်။

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ မြန်မာစီးပွားရေးဘဏ်ရှေ့တွင် ယနေ့(နိုဝင်ဘာ ၄ရက်) နေ့လယ်က မိုင်းတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“ရဲသုံးကောင်မိုင်းထိသွားတယ်။နေ့လယ်နှစ်နာရီလောက်က ပေါက်ကွဲတာ”ဟုဒေသခံတစ်ဦးကပြောသည်။

မိုင်းပေါက်ကွဲပြီးနောက်စစ်ကောင်စီတပ်ကသေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟုဒေသခံများကပြောသည်။

Public Service Announcement
Public Service Announcement

စစ်အာဏာရှင်တော်လှန်ရေးအားကောင်းသည့်ဖားကန့်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို မကြာခဏ တိုက်ခိုက်​လေ့ရှိသည်။ ပြီးခဲ့သည့်စက်တင်ဘာလကနှစ်ကြိမ်၊ သြဂုတ်လကတစ်ကြိမ်တိုက်ခိုက်ခံခဲ့ရပြီး ရဲသုံးဦးထက်မနည်းသေဆုံးခဲ့သည်။ ထို့အပြင်ရဲခုနှစ်ဦးထက်မနည်းကိုလည်း ​တော်လှန်​ရေးအဖွဲ့များကဖမ်းဆီးခဲ့သည်။

ယနေ့ညဦးပိုင်းတွင်ဖားကန့််မြို့နယ်နေရာအများစု၌သေနတ်သံများဆက်တိုက်ကြား​နေရ​ကြောင်း​ဒေသခံများက​ပြောသည်။ စစ်ကောင်စီတပ်​၏ကင်းစခန်းအချို့ တိုက်ခိုက်ခံရဖွယ်ရှိကြောင်း ဒေသခံအချို့ကပြောသည်။

You May Also Like

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်ငိုင်ယန်နှင့် မှော်ဝမ်းလေးကျေးရွာကြားရှိ တံတားအနီးတွင် ယနေ့(နိုဝင်ဘာ ၂ရက်)နေ့လယ် ၂နာရီခန့်က ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ခဲ့သည်။

သတင်း

နိုင်ငံတကာဘဏ်များဖြစ်သည့် ANZ၊ UOB နှင့် BIDV တို့အနေဖြင့် ၎င်းတို့၏ နိုင်ငံတကာလူ့အခွင့်အရေးတာဝန်များနှင့်အညီ အင်းဝဘဏ်နှင့် ဆက်ဆံရေးကို ချက်ချင်းအဆုံးသတ်ခြင်း၊ သို့မဟုတ် မြန်မာနိုင်ငံမှ ထွက်ခွာခြင်းကို မဖြစ်မနေ လုပ်ကြရမည်ဟု JFM က တိုက်တွန်းသည်။

သတင်း

မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ပြည်နယ်စုပေါင်းရုံးအတွင်း ဆမားဒူဝါဆင်ဝါးနောင် ခန်းမအနီး အောက်တိုဘာ ၃၀ရက် ညနေ၆နာရီခွဲကျော်တွင် ပေါက်ကွဲမှု ဖြစ်ပွားရာ အသက် (၃၀)အရွယ်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု Kachinwavesမီဒီယာ က ဖော်ပြထားသည်။

သတင်း

ယနေ့(အောက်တိုဘာလ ၂၈ ရက်နေ့) ည ၈ နာရီ ၃၀ မိနစ်မှစ၍ ၁၀ မိနစ် တိတိ မီးပိတ်၊ မီးမှိတ် အမှောင်ချခြင်းလှုပ်ရှားမှုကို ပြုလုပ်ကြမည်ဖြစ်သည်။ သပိတ်စတင်မည့် ည၈နာရီအချိန်သည် ဖားကန့်-အနန့်ပါ လေကြောင်း တိုက်ခိုက်ခံရသည့် အချိန်ဖြစ်သည်။