Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်မြို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့ ပေါက်ကွဲမှုဖြစ်စဥ် ဒဏ်ရာရ ရဲသုံးဦးအနက် တစ်ဦးသေ

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ယမန်နေ့ နေ့လယ်က မိုင်းတစ်လုံးပေါက်ကွဲပြီး ရဲတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရခဲ့သည်။

(ဖားကန့်ဒေသ ကျောက်မှော်တစ်နေရာတွင် တွေ့ရသော ရဲများ၊ဓာတ်ပုံ - CJ)
(ဖားကန့်ဒေသ ကျောက်မှော်တစ်နေရာတွင် တွေ့ရသော ရဲများ၊ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဖားကန့်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့ ယမန်နေ့(နိုဝင်ဘာ ၄ရက်)က မိုင်းပေါက်ကွဲမှုဖြစ်စဥ်တွင် စစ်ကောင်စီလက်အောက်ခံ ဒဏ်ရာရရဲသုံးဦးအနက် တစ်ဦးသေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ယမန်နေ့ နေ့လယ်က မိုင်းတစ်လုံးပေါက်ကွဲပြီး ရဲတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရခဲ့သည်။

ယင်းသုံးဦးကို ဖားကန့်ဆေးရုံ၌ ကုသနေစဥ် ယနေ့ တစ်ဦးသေဆုံးသွားသည်ဟု ဆေးရုံအနီးမှ ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့ ဆေးရုံမှာ ရဲတစ်ယောက်​သေသွားတယ်။ နှစ်ယောက်ကလည်း ဒဏ်ရာပြင်းတယ်။ မိုင်းက တော်တော်အောင်တယ်”ဟု အထက်ပါ ဒေသခံက သတင်းပေးပို့သည်။

ယမန်နေ့ နေ့လယ်ပိုင်း မိုင်းပေါက်ကွဲပြီးနောက် ညဘက်တွင် စစ်ကောင်စီတပ်က သေနတ်ပစ်ခတ်မှုများ အကြောင်းမဲ့ပြုလုပ်ခဲ့သည်။ စစ်ကောင် စီတပ်သည် ဖားကန့်ဒေသ၌ အင်အားနည်းနေသလို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် PDFပူးပေါင်းအဖွဲ့ကို ကြောက်လန့်နေပြီး ယင်းကဲ့သို့ ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်နေခြင်းဟု ဒေသခံများကို ပြောသည်။

You May Also Like

သတင်း

နံနက် ၁၁ နာရီကျော်ခန့်ကလည်း စစ်ကောင်စီစစ် ကြောင်းတစ်ကြောင်းသည် မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာမှ အလ္လကပ္ပရွာ ဥယျာဥ်တောခြံထဲသို့ ရောက်ရှိလာခဲ့သည်။

သတင်း

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ မြန်မာစီးပွားရေးဘဏ်ရှေ့တွင် ယနေ့(နိုဝင်ဘာ ၄ရက်) နေ့လယ်က မိုင်းတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်ငိုင်ယန်နှင့် မှော်ဝမ်းလေးကျေးရွာကြားရှိ တံတားအနီးတွင် ယနေ့(နိုဝင်ဘာ ၂ရက်)နေ့လယ် ၂နာရီခန့်က ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ခဲ့သည်။

သတင်း

မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ပြည်နယ်စုပေါင်းရုံးအတွင်း ဆမားဒူဝါဆင်ဝါးနောင် ခန်းမအနီး အောက်တိုဘာ ၃၀ရက် ညနေ၆နာရီခွဲကျော်တွင် ပေါက်ကွဲမှု ဖြစ်ပွားရာ အသက် (၃၀)အရွယ်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု Kachinwavesမီဒီယာ က ဖော်ပြထားသည်။