Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆောရဲစခန်းက ရဲတပ်သားတစ်ဦး လက်နက်နဲ့အတူ CDMပြုလုပ်လာဟု ကျောက်ထု PDFအသိပေး

အဆိုပါ ရဲတပ်သားကို ကျပ်သိန်း ၄၀ချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ - ကျောက်ထု PDF
ဓာတ်ပုံ - ကျောက်ထု PDF

မကွေးတိုင်း ဆောမြို့နယ်မှ ရဲတပ်သားတစ်ဦး လက်နက်နဲ့အတူ CDMပြုလုပ်လာကြောင်း ကျောက်ထု ပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

ဆောမြို့နယ်ရှိ ရဲစခန်းတစ်ခုမှ ရဲတပ်သားတစ်ဦးသည် G3 တစ်လက်၊ ကျည်ဆံများဖြင့် နိုဝင်ဘာ ၂ရက်တွင် CDM ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်ဟု ဓာတ်ပုံနှင့်အတူဖော်ပြသည်။

ဓာတ်ပုံ - ကျောက်ထု PDF
ဓာတ်ပုံ – ကျောက်ထု PDF

အဆိုပါ ရဲတပ်သားကို ကျပ်သိန်း ၄၀ချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။

ယခင်က CDM ချီးမြှင့်ငွေကို ကျပ်သိန်း ၈၀ သတ်မှတ်ကြေညာထားသော်လည်း လက်ရှိ တော်လှန်ရေး ရေချိန်အချိန်ကာ အနေအထားနှင့် လက်နက်အမျိုးအစားအပေါ် မူတည်၍ ချီးမြှင့်ငွေအား ပြောင်းလဲ သတ်မှတ်မည်ဟုလည်း အသိပေးခဲ့သည်။

ဓာတ်ပုံ - ကျောက်ထု PDF
ဓာတ်ပုံ – ကျောက်ထု PDF

ပြီးခဲ့သည့် ဇူလိုင်လက မင်းတပ် အခြေစိုက် ခလရ(၂၇၄)တပ်မှ တပ်သား တစ်ဦး MA-1 သေနတ်၊ ကျည်ဘောက် ၅ခု ၊ ကျည် ၂၇၀ တောင့်ဖြင့် CDM ပြုလုပ်လာရာ ၎င်းအား ကျပ်သိန်း ၈၀ ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

You May Also Like

သတင်း

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေတွင် စစ်ကောင်စီတပ်မှ တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ ကော်ဘရာစစ်ကြောင်းထံ CDM ဝင်ရောက်လာခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားသည်။

သတင်း

ဆောမြို့နယ်အတွင်းစစ်ကြောင်းတွင်ပါဝင်လာသောစစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ယမန်နေ့(နိုဝင်ဘာ ၃ရက်)ကအလင်းဝင်လာခြင်းဖြစ်သည်။ ၎င်းတို့ငါးဦးက G-3 သေ​နတ်နှစ်လက်နှင့် ကျည်ဆန်များယူဆောင်လာခဲ့သည်ဟုလည်း ၎င်းကဆက်​ပြောသည်။

သတင်း

အဲဒီကျောင်းဟာ ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက်မှာတည်ရှိတာဖြစ်ပြီး PDF နဲ့ ပတ်သက်လို့ ချိတ်ပိတ်တာလို့စစ်ကောင်စီဘက်က ပြောထားပါတယ်။

သတင်း

ကနဦးအနေနဲ့ မန္တလေး ဆေးတက္ကသိုလ် ခွဲစိတ်ဌာနရဲ့ CDM ကထိက ဒေါက်တာမင်းဇော်ဦးနဲ့ သူနာပြုအမျိုးသမီး ၄ ဦး ပြီးခဲ့တဲ့အောက်တိုဘာ လကုန်ပိုင်းက ဖမ်းဆီးခံခဲ့ပါတယ်။