Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သပိတ်ကျင်းနယ်ရှိ ဗိုလ်လင်းယုန်တပ်ဖွဲ့၏ ယာယီစခန်း မီးရှို့ဖျက်ဆီးခံရ

နိုဝင်ဘာ ၃ရက်တွင် ဗိုလ်လင်းယုန် ယာယီစခန်းအား ‌စစ်ကောင်စီသတင်းပေး၏ လိုက်လံပြသမှုကြောင့် မီးရှို့ခံခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားမရှိကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က သတင်းထုတ်ပြန် သည်။

ယာယီစခန်း မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ဗိုလ်လင်းယုန်
ယာယီစခန်း မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ဗိုလ်လင်းယုန်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ဗိုလ်လင်းယုန် တပ်ဖွဲ့၏ ယာယီစခန်းအား စစ်ကောင်စီတပ် က မီးရှို့ဖျက်ဆီးခဲ့ရာ စခန်းတွင်းမိုင်းများပေါက်ကွဲ၍ ​စစ်အုပ်စုများ ဆုတ်ခွာသွားခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၃၁ရက်က စဉ့်ကူးမြို့နယ်၊နွယ်ရုံရဲစခန်းအား ဗိုလ်လင်းယုန်တပ်ဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည်။

နိုဝင်ဘာ ၃ရက်တွင် ဗိုလ်လင်းယုန် ယာယီစခန်းအား ‌စစ်ကောင်စီသတင်းပေး၏ လိုက်လံပြသမှုကြောင့် မီးရှို့ခံခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားမရှိကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က သတင်းထုတ်ပြန် သည်။

၎င်းစခန်းအား စွန့်ခွာခဲ့သည်မှာကြာပြီဖြစ်ပြီး စစ်ကောင်စီတပ်က ဒရုန်းဖြင့်လည်းကောင်း၊စစ်ကြောင်းထိုး၍လည်းကောင်း ရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က ဆိုသည်။

ထို့အပြင် စောင့်ကြည့်ရဲ‌ဘော်၏ပြောပြချက်အရ စစ်အုပ်စုက စခန်းအတွင်းသို့ ဝင်ရောက် ပစ်ခတ် မီးရှို့ရာ စခန်းတွင်းရှိ မိုင်းများကွဲ၍ ကျန်အဆောင် များအား မဝင်တော့ဘဲ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့က အသိပေးသည်။

ယာယီစခန်း မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ဗိုလ်လင်းယုန်
ယာယီစခန်း မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ဗိုလ်လင်းယုန်

အဆိုပါ စခန်းကိုသတင်းပေးခဲ့သော စစ်ကောင်စီသတင်းပေးအား သတင်းအတိအကျဖြင့် သွားရောက်ဖမ်းဆီးရာ ပြန်လည်ခုခံပြီး ထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားခဲ့သည်ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ဗိုလ်လင်းယုန်တပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

You May Also Like

သတင်း

သတိပေးချက်ကို မလိုက်နာဘဲ ထိခိုက်မှုတစ်စုံတစ်ရာရှိလာပါက တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်း MDY-PDF က ထုတ်ပြန်ထားသည်။

သတင်း

အဆိုပါ ရဲတပ်သားကို ကျပ်သိန်း ၄၀ချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။

သတင်း

ယနေ့(နိုင်ဝင်ဘာ ၅)နံနက် ၈ နာရီ ၅၀ခန့်က တကောင်းလမ်းဆုံရှိ စစ်ကောင်စီရဲတပ်ဖွဲ့စစ်ဆေးရေးဂိတ်အား ပဒေသာမိုင်းများအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ဆောမြို့နယ်အတွင်းစစ်ကြောင်းတွင်ပါဝင်လာသောစစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ယမန်နေ့(နိုဝင်ဘာ ၃ရက်)ကအလင်းဝင်လာခြင်းဖြစ်သည်။ ၎င်းတို့ငါးဦးက G-3 သေ​နတ်နှစ်လက်နှင့် ကျည်ဆန်များယူဆောင်လာခဲ့သည်ဟုလည်း ၎င်းကဆက်​ပြောသည်။