Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာစစ်ခေါင်းဆောင်များကို အမြန်ဆုံးအရေးယူရန် ICC နှင့် နိုင်ငံတကာကို CRPH ဥက္ကဋ္ဌတောင်းဆို

ယင်းနောက် နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်နေသူများကို ထိရောက်သော အပြစ်ပေး အရေးယူမှုများ မပြုလုပ်နိုင်ပါက ကမ္ဘာကြီး၌ လုံခြုံရေးနှင့် အသက်ရှင်သန်ခွင့်ကို ခြိမ်းခြောက်နေခြင်းကိုလည်း CRPH ဥက္ကဋ္ဌက သတိပေးခဲ့ကြောင်း ဖော်ပြသည်။

မြန်မာစစ်ခေါင်းဆောင်များကို အမြန်ဆုံးအရေးယူရန် ICC နှင့် နိုင်ငံတကာကို CRPH ဥက္ကဋ္ဌတောင်းဆို
မြန်မာစစ်ခေါင်းဆောင်များကို အမြန်ဆုံးအရေးယူရန် ICC နှင့် နိုင်ငံတကာကို CRPH ဥက္ကဋ္ဌတောင်းဆို

အကြမ်းဖက်စစ်တပ်ခေါင်းဆောင်များနှင့် တာ၀န်ရှိသူများကို အမြန်ဆုံးအပြစ်ပေး အရေးယူခြင်းဖြင့် ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်ပေးရန် CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က တောင်းဆိုသည်။

နိုဝင်ဘာ ၄ရက်နှင့် ၅ရက်တို့တွင် အာဂျင်တီးနား အမျိုးသားကွန်ကရက်လွှတ်တော်က အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် “(၄၃) ကြိမ်မြောက် ကမ္ဘာ့လွှတ်တော်ကိုယ်စားလှယ်များ၏ နှစ်ပတ်လည် ဖိုရမ်နှင့် (၁၂) ကြိမ်မြောက် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) နှင့် တရားဥပဒေစိုးမိုးရေးအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးတိုင်ပင်ရေးညီလာခံ”သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ တက်ရောက်ခဲ့ကာ မြန်မာစစ်အုပ်စုကို အရေးယူပေးရန် တောင်းဆိုခဲ့ကြောင်း CRPH က ယနေ့ထုတ်ပြန်သည်။

မြန်မာစစ်ခေါင်းဆောင်များကို အမြန်ဆုံးအရေးယူရန် ICC နှင့် နိုင်ငံတကာကို CRPH ဥက္ကဋ္ဌတောင်းဆို
မြန်မာစစ်ခေါင်းဆောင်များကို အမြန်ဆုံးအရေးယူရန် ICC နှင့် နိုင်ငံတကာကို CRPH ဥက္ကဋ္ဌတောင်းဆို

CRPH ဥက္ကဋ္ဌက ယမန်နေ့တွင် “The Role of Legislators in Atrocity-Prevention: Democratic Backsliding, a Precursor to gross Human Rights Violations?” ဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးရာ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က ပြည်သူ့အစိုးရထံမှ အာဏာသိမ်းယူရန် ကြိုးပမ်းခဲ့ပြီးနောက် အပြစ်မဲ့အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်နေမှု၊ အတိုက်အခံအင်အားစုများအပေါ် အင်အားအလွန်အကျွံသုံးကာ လူမျိုးတုံးသတ်ဖြတ်မှုများ လုပ်ဆောင်နေမှုများကို တင်ပြခဲ့သည်ဟု ဆိုသည်။

ထို့သို လူမဆန်သော လူ့အခွင့်အရေးချိုးဖောက်မှုများအား ကာကွယ်တားဆီးနိုင်ရန်နှင့် ဒီမိုကရေစီကို ကာကွယ်ရန် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၏ ကြိုးပမ်းအားထုတ်နေမှုများ၊ အာဏာရှင်များကို လုံးဝငြင်းဆန်တွန်းလှန်ကာ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ပြည်သူများနှင့်အတူ လက်တွဲ လုပ်ဆောင်နေမှုများ၊ နိုင်ငံတကာတရားဥပဒေစိုးမိုးမှုနှင့် အပြစ်ပေးအရေးယူမှုတို့ အားကောင်းလာစေရန် နိုင်ငံတကာရှိ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မှုတို့လည်း ဆွေးနွေးခဲ့ကြောင်း ဖော်ပြသည်။

ယင်းနောက် နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်နေသူများကို ထိရောက်သော အပြစ်ပေး အရေးယူမှုများ မပြုလုပ်နိုင်ပါက ကမ္ဘာကြီး၌ လုံခြုံရေးနှင့် အသက်ရှင်သန်ခွင့်ကို ခြိမ်းခြောက်နေခြင်းကိုလည်း CRPH ဥက္ကဋ္ဌက သတိပေးခဲ့ကြောင်း ဖော်ပြသည်။

You May Also Like

သတင်း

မြန်မာစစ်တပ်ကို အိန္ဒိယ၊ တရုတ်နဲ့ ရုရှားတို့က ဝိုင်းကူနေသလိုပဲ မြန်မာ့ ဒီမိုကရေစီရေး အင်အားစုတွေကိုလည်း နိုင်ငံတကာ အသိုက်အဝန်းက ဝိုင်းဝန်း ကူညီကြဖို့ အဲဒီ ဥပဒေပြု အမတ်တွေ အစုအဖွဲ့က ဆော်ဩခဲ့ပါတယ်။

သတင်း

ထိုင်းတရားရေး ဝန်ကြီး ဆွမ်ဆက်ခ် သပ်ဆူတင်က ထိုင်းရဲတပ်ဖွဲ့ဟာ ဦးထွန်းမင်းလတ်ရဲ့ အမှုနဲ့ နောက်ထပ် အမှုတစ်ခုကို ၂၀၁၉ ခုနှစ်ကတည်းက ခြေရာခံ စုံစမ်းနေခဲ့ကြောင်း ပြောပါတယ်။

သတင်း

သံအမတ်ကြီးသည် လုံခြုံရေးကောင်စီကို အဆိုပါသက်သေအထောက်အထားများကို အသုံးပြုကာ နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပြီးလည်း ဖြစ်သည်။

သတင်း

(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာနှင့်စပ်လျဉ်းသည့် မျက်နှာစုံညီအစည်းအဝေး၌ သံအမတ်ကြီးက မိန့်ခွန်းပြောကြားခဲ့ရာ ထည့်သွင်းတိုက်တွန်းခြင်းဖြစ်သည်။