Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူ မြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ စစ်အုပ်စုကို လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဟုဆို

“လမ်းပိတ်ပြီးတော့ လိုက်လံပစ်ခတ်တာတွေရှိတယ်။ ရဲဘော်တွေကတော့ အန္တရာယ်ကင်းတဲ့နေရာပြန်ရောက်ပါပြီ။”ဟု ကိုသက်ကြီးက ပြောသည်။

မြင်းမူ မြန်မာ့စီးပွားရေးဘဏ်ခွဲအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ
မြင်းမူ မြန်မာ့စီးပွားရေးဘဏ်ခွဲအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ စစ်ကောင်စီတပ်အား လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကြောင်း မြင်းခြံခရိုင်တပ်ရင်း-၇ ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၏ ခေါင်းဆောင် ကိုသက် ကြီးက ပြောသည်။

ယနေ့(နိုဝင်ဘာ၆ရက်) ညနေ၄နာရီ၂၃မိနစ်ခန့်က မြင်းမူမြို့၊မြန်မာ့စီးပွားရေးဘဏ်ရှေ့ ကင်းစောင့် နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ZERO ပြောက်ကျား တပ်ဖွဲ့(မြင်းခြံ)-တပ်ရင်း-၇နှင့် လက်အောက်ခံတပ်ခွဲ(၃)True Fighterအဖွဲ့တို့က လက်ပစ်ဗုံးပစ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၏ ခေါင်းဆောင် ကိုသက် ကြီးက ပြောသည်။

Public Service Announcement
Public Service Announcement

“လမ်းပိတ်ပြီးတော့ လိုက်လံပစ်ခတ်တာတွေရှိတယ်။ ရဲဘော်တွေကတော့ အန္တရာယ်ကင်းတဲ့နေရာပြန်ရောက်ပါပြီ။”ဟု ကိုသက်ကြီးက ပြောသည်။

နိုဝင်ဘာ ၃ ရက်ကလည်း အရာတော်မြို့နယ် သလဲဘာပျူကျေးရွာနှင့် စစ်တပ်အခြေစိုက်စခန်းအား ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)နှင့် မဟာမိတ်အဖွဲ့များက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုနှင့်ပျူ အများအပြားသေဆုံးခဲ့သေးသည်။

You May Also Like

သတင်း

အာဏာသိမ်းစစ်ကောင်စီအား ပြန်လည်တိုက်ခိုက်ရန်အတွက် ပြည်သူ့အကူညီများလည်းလိုအပ်နေကြောင်း Justice-Underground Revolution Forceအဖွဲ့က အသိပေးထားသည်။

ဗီဒီယို

အကြမ်းဖက်စစ်ကောင်စီက နိုဝင်ဘာ ၄ ရက်မှ ၇ ရက်အထိ ယင်းပွဲတော်ကို ပြုလုပ်နေခြင်းဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များလည်း ထည့်သွင်းထားသည်။

သတင်း

မိုင်ဂျာယာန်မြို့သည် ယခင်က လောင်းကစားမြို့တော်ဖြစ်သော်လည်း လောင်းကစားလုပ်ငန်းများ ရပ်ဆိုင်းသွားသည်မှာ နှစ်ပေါင်းများစွာကြာမြင့် ပြီဖြစ်သည်။

သတင်း

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ထံမှ (၆၀) မမ ဗုံးသီး ခုနစ်လုံး၊ ၅ ဒသမ ၅၆ ကျည်ဆံ (၂၀၀) တောင့်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့သည်။