Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU နယ်မြေ၌ အောက်တိုဘာအတွင်း တိုက်ပွဲ ၂၈၀ကျော်ဖြစ်၊ စစ်ကောင်စီတပ်နှင့် BGFတပ်ဖွဲ့ဝင် ၃၇၀ခန့်သေ

KNUတွင် ခရိုင်နှင့် တပ်မဟာ ခုနစ်ခုရှိသည့်အနက် ခရိုင် ၊ တပ်မဟာခြောက်ခုတို့၏ နယ်မြေများ၌တိုက်ပွဲများနေ့စဉ် ဖြစ်ပွားလျက်ရှိကြောင်း အသိပေးထားသည်။

KNU နယ်မြေ၌ ဖြစ်ပွာခဲ့သည့် တိုက်ပွဲတစ်ခုတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့စဥ်၊ဓာတ်ပုံ - KNU
KNU နယ်မြေ၌ ဖြစ်ပွာခဲ့သည့် တိုက်ပွဲတစ်ခုတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့စဥ်၊ဓာတ်ပုံ - KNU

▪️စစ်ကောင်စီတပ်မှ လက်နက်နှင့်အလင်းဝင်သူ လေးဦး၊လက်နက်ချအဖမ်းခံသူ ၃၂ဦး၊ အရှင်ဖမ်းမိသူ တစ်ဦးရှိ

▪️၂နှစ်နီးပါးအတွင်း တိုက်ပွဲပေါင်း ခုနစ်ထောင် နီးပါးဖြစ်ခဲ့ပြီး စစ်ကောင်စီနှင့် BGFမှ ခြောက်ထောင် နီးပါးသေဆုံးခဲ့

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း အောက်တိုဘာလ အတွင်း တိုက်ပွဲပေါင်း (၂၈၆)ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များမှ ၃၆၉ဦး သေဆုံးကာ ၃၀၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲများအတွင်း KNU လက်အောက် ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ဘက်မှ ခြောက်ဦးကျဆုံးကာ ၄၆ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်သား လေးဦး လက်နက်အပြည့် အစုံဖြင့် KNLA ထံ အလင်းဝင်ခဲ့ပြီး ၃၂ဦးသည် စစ်မြေပြင်၌ လက်နက်ချ အဖမ်းခံခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား တစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီတပ်အတွင်းမှ နှစ်ဦးမှာ စခန်းတွင်းနေစဉ် မိမိကိုယ်ကို အဆိပ်သောက်သတ် သေခဲ့ပြီး နောက် နှစ်ဦးမှာ ရောဂါကြောင့်သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီအသုံးပြုသည့် ယာဉ် ၁၈စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ခြောက်ကြိမ် ပြုလုပ်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

KNUတွင် ခရိုင်နှင့် တပ်မဟာ ခုနစ်ခုရှိသည့်အနက် ခရိုင် ၊ တပ်မဟာခြောက်ခုတို့၏ နယ်မြေများ၌တိုက်ပွဲများနေ့စဉ် ဖြစ်ပွားလျက်ရှိကြောင်း အသိပေးထားသည်။

KNU နယ်မြေတွင် ယခုနှစ် ဇန်နဝါရီမှ အောက်တိုဘာအထိ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၃,၈၄၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် BGF တပ်မှ ၃,၆၆၄ ဦး သေဆုံးကာ ၂,၇၀၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၂၀၂၁ အတွင်းက တိုက်ပွဲပေါင်း ၃,၁၅၂ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၂,၁၉၀ဦး သေဆုံးကာ ၂,၀၄၈ဦးဒဏ် ရာရရှိခဲ့ကြောင်း KNUက ထုတ်ပြန်သည်။ ထို့ကြောင့် ၂နှစ်နီးပါးအတွင်း တိုက်ပွဲပေါင်း ခုနစါထောင်နီးပါး ဖြစ်ခဲ့ပြီး စစ်ကောင်စီနှင့် BGFမှ ခြောက်ထောင်နီးပါးသေဆုံးခဲ့သည်။

အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များအသုံးပြု တိုက်ခိုက်ခဲ့ရာလေကြောင်း တိုက်ခိုက်မှု (၁၀၇)ကြိမ်ရှိခဲ့ကြောင်း၊ KNU ကော်သူး လေအုပ် ချုပ်နယ် မြေအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ တပ်ရင်းပေါင်း (၅၀) ကျော်နှင့် နယ်ခြားစောင့်တပ် (BGF) တပ်ရင်း (၄) ရင်းတို့မှ ပူးပေါင်းပြီး နယ်မြေစိုးမိုးနိုင်ရေးအတွက် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ် လျက်ရှိကြောင်း ဖော်ပြသည်။

ထို့ကြောင့် နယ်မြေလုံခြုံရေးနှင့် ပြည်သူလူထုအသက်အိုးအိမ်ကာကွယ်ရေးအတွက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ၏ ကွပ်ကဲမှုအောက်တွင်ရှိသော ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ နေ စဉ်နေ့တိုင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ရင်ဆိုင်တိုက်ပွဲများ ဆင်နွဲလျက်ရှိကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲများကြောင့် ဒေသခံပြည်သူ သုံးသိန်းကျော် စစ်ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး ၁သိန်းကျော် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်လျက်ရှိကြောင်း အသိပေးထားသည်။

KNU နယ်မြေ၌ ဖြစ်ပွာခဲ့သည့် တိုက်ပွဲတစ်ခုတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့စဥ်၊ဓာတ်ပုံ – KNU

You May Also Like

သတင်း

စစ်ကောင်စီတပ်အနေဖြင့် မြေပြင်မှ စစ်ရေးလှုပ်ရှားရန် အခက်ကြုံ၍ ယခုကဲ့သို့ လေကြောင်း အသုံးပြု တိုက်ခိုက်ခြင်းများနေရာအနှံ့၌ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆလိုင်းထက်နီက ပြောသည်။

သတင်း

စစ်ကောင်စီတပ်က ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် အဆိုပါလမ်းကြောင်းပြန်လည်ပြင်ဆင်ထိန်းချုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်။

သတင်း

၎င်းအား တောကြီးမြွေပွေး၊ ကောင်းကင်တော်လှန်ရေး အင်အားစုနှင့် ဒေါင်းစစ်သည်အဖွဲ့များပူးပေါင်းကာ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

သတင်း

ပဲခူးရွှေမော်ဓောဘုရားတန်ဆောင်တိုင်ပွဲတော်အားယမန် နေ့ နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီခွဲခန့်က ရွှေမော်ဓောဘုရားယာဥ်ရပ်နားဝင်းတွင်မီးပုံးပျံပွဲနှင့် ဖျော်ဖြေပွဲ ပြုလုပ်ခဲ့သည်။