Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးလင်း PDF ဆေးအဖွဲ့က စစ်ရှောင်များအား ဒုတိယအကြိမ် ကျန်းမာရေးစောင့်ရှောက်မှုပေး

ပြီးခဲ့သည့် စက်တင်ဘာလကလည်း ထီးလင်း PDF ဆေးအဖွဲ့အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ရရန်အားနည်းပြီး ဆေးဝါးပစ္စည်းမှာယူရန်ခက်ခဲသော ကျေးရွာများကို ကျန်းမာရေးစောင့်ရှောက် ပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထီးလင်း PDF ဆေးအဖွဲ့က စစ်ရှောင်များအား ဒုတိယအကြိမ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်၊ ဓာတ်ပုံ - ထီးလင်း PDF
ထီးလင်း PDF ဆေးအဖွဲ့က စစ်ရှောင်များအား ဒုတိယအကြိမ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်၊ ဓာတ်ပုံ - ထီးလင်း PDF

ထီးလင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူ များကို ဒုတိယအကြိမ်မြောက် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း ထီးလင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) က ယနေ့(နိုဝင်ဘာ ၇ရက်) တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ် နှင့် ပျူစောထီးအင်အား ၁၀၀ ကျော်က ထီးလင်းမြို့နယ်အတွင်း စစ်ကြောင်း ထိုးနေသည်မှာ တစ်လကျော်ရှိပြီဖြစ်ပြီးမြို့နယ်အတွင်း၌ စစ်ရှောင်အများအပြားရှိလာသည်ဟုဆိုသည်။

စစ်ဘေးရှောင်များထဲတွင် သက်ကြီးရွယ်အိုများ၊ လေဖြတ်ထားသောလူနာများ၊ ကလေးသူငယ် များ၊မွေးကင်းစကလေးလေးများမှာ ရာသီအကူးအပြောင်းကြောင့် ဖျားနာသူများပြားနေပြီး ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေကြောင်း သက်ဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များထံ အကြောင်းကြားလာ၍ ထီးလင်း PDF ဆေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု အခမဲ့ပြုလုပ်ပေးခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ထိုသို့ ကုသမှုပေးရာ၌ စစ်ဘေးရှောင် လူနာဦးရေ ၅၀၄ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

ထီးလင်း PDF ဆေးအဖွဲ့က စစ်ရှောင်များအား ဒုတိယအကြိမ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်၊ ဓာတ်ပုံ - ထီးလင်း PDF
ထီးလင်း PDF ဆေးအဖွဲ့က စစ်ရှောင်များအား ဒုတိယအကြိမ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်၊ ဓာတ်ပုံ – ထီးလင်း PDF

ပြီးခဲ့သည့် စက်တင်ဘာလကလည်း ထီးလင်း PDF ဆေးအဖွဲ့အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ရရန်အားနည်းပြီး ဆေးဝါးပစ္စည်းမှာယူရန်ခက်ခဲသော ကျေးရွာများကို ကျန်းမာရေးစောင့်ရှောက် ပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထိုသို့ ကူညီပေးနေသော်လည်း ငွေအင်အား ဆေးအင်အား နည်းပါးသောကြောင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ လည်ပတ်နိုင်ရန် ဆေးဝါးအလှူ၊ ဆေးဝယ်ယူရန် အလှူငွေများ ထည့်ဝင်နိုင်ကြောင်း ထီးလင်း PDFက အသိပေးထားသည်။

ထီးလင်း PDF ဆေးအဖွဲ့က စစ်ရှောင်များအား ဒုတိယအကြိမ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်၊ ဓာတ်ပုံ – ထီးလင်း PDF

You May Also Like

သတင်း

အဆိုပါ လမ်းပိုင်းများရှိ နွားထိုးကြီးမြို့နယ်၊ မြင်းခြံမြို့နယ်များသည် အာဏာသိမ်း စစ်ကောင်စီအား ခုခံတော်လှန်မှုအားကောင်းသည့်ဒေသများဖြစ်သည်။

သတင်း

ရောင်း၀ယ်ဖြန့်ဖြူးသူကို အရေးယူဖမ်းဆီးထိန်းသိမ်းမှုပြုလုပ်ထားပြီး ၎င်းထံ တင်သွင်းသူများကို ဆက်လက်စုံစမ်း ဖော်ထုတ်နိုင်ရန်ပြုလုပ်နေကြောင်း အသိပေးသည်။

သတင်း

သတိပေးချက်ကို မလိုက်နာဘဲ ထိခိုက်မှုတစ်စုံတစ်ရာရှိလာပါက တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်း MDY-PDF က ထုတ်ပြန်ထားသည်။

သတင်း

နိုဝင်ဘာ ၃ရက်တွင် ဗိုလ်လင်းယုန် ယာယီစခန်းအား ‌စစ်ကောင်စီသတင်းပေး၏ လိုက်လံပြသမှုကြောင့် မီးရှို့ခံခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားမရှိကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က သတင်းထုတ်ပြန် သည်။