Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံ – မန္တလေးလမ်းပိုင်း ခရီးသွားပြည်သူများ သတိပြုရမည့်အချက်များ ဒေသတွင်း PDF အသိပေး

အဆိုပါ လမ်းပိုင်းများရှိ နွားထိုးကြီးမြို့နယ်၊ မြင်းခြံမြို့နယ်များသည် အာဏာသိမ်း စစ်ကောင်စီအား ခုခံတော်လှန်မှုအားကောင်းသည့်ဒေသများဖြစ်သည်။

မြင်းခြံမြို့အဝင် မန္တလေး-မြင်းခြံလမ်းအား တွေ့ရစဥ်(ပုံအဟောင်းဖြစ်ပါသည်) ဓာတ်ပုံ-CJ
မြင်းခြံမြို့အဝင် မန္တလေး-မြင်းခြံလမ်းအား တွေ့ရစဥ်(ပုံအဟောင်းဖြစ်ပါသည်) ဓာတ်ပုံ-CJ

မန္တလေးတိုင်း၊ မြင်းခြံ – မန္တလေးလမ်းပိုင်းနှစ်ခုတွင် ခရီးသွားပြည်သူများ သတိပြုရမည့်အချက် များအား နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံက ယနေ့(နိုဝင်ဘာ၇ ရက်) ထုတ်ပြန်သတိပေးသည်။

မြင်းခြံမြို့နယ်၊ မန္တလေး – နွားထိုးကြီး-မြင်းခြံကားလမ်းနှင့် တံတားဦး-မြို့သာ-မြင်းခြံလမ်းပိုင်းများ၌ ဖြတ်သန်းသွားလာနေကြသော ယာဉ်ကြီး၊ ယာဉ်ငယ်များ ကားမှန်ချမောင်းပေးရန်၊ ည ၈နာရီနောက်ပိုင်း ဖြတ်သန်းသွားလာခြင်းမပြုရန်၊ လူပြတ်သည့်နေရာများတွင် ကားဆိုင်ကယ်များ ရပ်နားခြင်းမပြုရန်နှင့် နွား၊ဆိတ်ကျောင်းကြသူများလည်း ကားလမ်းဘေးတွင် ကပ်၍ မကျောင်းရန် နဂါးနီပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

ထို့အပြင် ပြည်သူများမထိခိုက်စေရန် စစ်ဆင် ရေးများ အကြိမ်ကြိမ်ဖျက်သိမ်းပေးခဲ့ရပြီး ရဲဘော်များနှင့် ပစ္စည်းများလည်း ဆုံးရှုံးခဲ့ကြောင်း၊ ယခုထုတ်ပြန်ကြေညာပြီးနောက် လိုက်နာမှုမရှိပါက မလိုက်နာသူ၏ တာဝန်သာဖြစ်ကြောင်း ‌နဂါးနီပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

“ကျွန်တော်တို့ ပွဲတွေပျက်ပေါင်းလည်း မနည်းတော့ဘူးဗျ။ ဒီလမ်းသွားလမ်းလာတွေပေါ့ နွားအုပ်တွေဆိတ်အုပ်တွေရောပေါ့။ စစ်ကောင်စီတပ် ကျွန်တော်တို့ထောင်ထားတဲ့မိုင်းကွင်းထဲမှာရောက်လာချိန် သူတို့နဲ့မလွတ်လို့ လွှတ်ပေးလိုက်ရတယ်။ ပွဲတွေပျက်ပေါင်းလည်း မနည်းတော့ဘူး။ ပစ္စည်းတွေ ဆုံးရှုံးပေါင်းလည်းမနည်းတော့ဘူး။ အဲတော့ သတိပေးမှရတော့မှာမလို့ ခုလိုလုပ်လိုက်ရတာပါဗျ။”ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံ၏ တာဝန်ခံတစ်ဦးက ပြောကြားသည်။

အဆိုပါ လမ်းပိုင်းများရှိ နွားထိုးကြီးမြို့နယ်၊ မြင်းခြံမြို့နယ်များသည် အာဏာသိမ်း စစ်ကောင်စီအား ခုခံတော်လှန်မှုအားကောင်းသည့်ဒေသများဖြစ်သည်။

You May Also Like

သတင်း

ပြီးခဲ့သည့် စက်တင်ဘာလကလည်း ထီးလင်း PDF ဆေးအဖွဲ့အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ရရန်အားနည်းပြီး ဆေးဝါးပစ္စည်းမှာယူရန်ခက်ခဲသော ကျေးရွာများကို ကျန်းမာရေးစောင့်ရှောက် ပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

သတင်း

ရောင်း၀ယ်ဖြန့်ဖြူးသူကို အရေးယူဖမ်းဆီးထိန်းသိမ်းမှုပြုလုပ်ထားပြီး ၎င်းထံ တင်သွင်းသူများကို ဆက်လက်စုံစမ်း ဖော်ထုတ်နိုင်ရန်ပြုလုပ်နေကြောင်း အသိပေးသည်။

သတင်း

ငွေတော်ကြည်ကုန်းရပ်ကွက်၊ ၇၅ လမ်း ၊ ၁၁၇ လမ်းနဲ့ ၁၁၈ လမ်းကြားမှာရှိတဲ့ ရှင်းမြတ်မြန်မာဆောက်လုပ်ရေးကုမ္ပဏီ နေအိမ်ရုံးခန်းကို နေ့လယ် ၁ နာရီခွဲခန့်မှာ အမျိုးသား ၂ ဦး ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်ပြကာ ဓားပြတိုက်သွားတာလို့ သိရပါတယ်။

သတင်း

သတိပေးချက်ကို မလိုက်နာဘဲ ထိခိုက်မှုတစ်စုံတစ်ရာရှိလာပါက တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်း MDY-PDF က ထုတ်ပြန်ထားသည်။