Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စု၏ အမည်ခံရွေးကောက်ပွဲကို ငြင်းပယ်ကာ NUG၊ NUCC အပါအဝင် ဒီမိုကရေစီအင်အားစုများနှင့် ထိတွေ့ဆောင်ရွက်ရန် နိုင်ငံတကာကိုအ​မေရိကန်တိုက်တွန်း

အာဏာသိမ်းသည့်အချိန်မှ စပြီး စစ်တပ်သည် လူပေါင်း ၂,၄၀၀ ကျော်သတ်ဖြတ်ခြင်း၊ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပေါင်း ၁၆,၀၀၀ ကျော် ဖမ်းဆီးခြင်းတို့ဖြင့်မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်အုပ်စု၏ အမည်ခံရွေးကောက်ပွဲကို ငြင်းပယ်ကာ NUG၊ NUCC အပါအဝင် ဒီမိုကရေစီအင်အားစုများနှင့် ထိတွေ့ဆောင်ရွက်ရန် နိုင်ငံတကာကိုအ​မေရီကန်တိုက်တွန်း
စစ်အုပ်စု၏ အမည်ခံရွေးကောက်ပွဲကို ငြင်းပယ်ကာ NUG၊ NUCC အပါအဝင် ဒီမိုကရေစီအင်အားစုများနှင့် ထိတွေ့ဆောင်ရွက်ရန် နိုင်ငံတကာကိုအ​မေရီကန်တိုက်တွန်း

▪︎စစ်အုပ်စုကို ဆက်လက်အရေးပိတ်ဆို့သွားမည်ဟု ကြေညာ

စစ်အာဏာရှင်အဖွဲ့အစည်းနှင့်၎င်းတို့၏အမည်ခံရွေးကောက်ပွဲကို ငြင်းပယ်ကြရန် နိုင်ငံတကာအသိုက်အဝန်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ထုတ်ပြန်ထုတ်ပြန်တိုက်တွန်းလိုက်သည်။

၂၀၂၀ ရွေးကောက်ပွဲ ၂ နှစ်ပြည့်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အားလုံးပါဝင်နိုင်သည့် သာယာဝပြောသော မြန်မာနိုင်ငံအဖြစ်အကောင်အထည်ဖော်ရန် ထက်သန်လျက်ရှိသည့် ဒီမိုကရေစီလိုလားသည့် ခေါင်းဆောင်များနှင့်သာ အဓိပ္ပါယ်ရှိရှိ ထိတွေ့ဆောင်ရွက်ကြရန် ဆက်လက်တိုက်တွန်းသည်။

အမေရိကန်အစိုးရသည် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် ဆောင်ရွက်နေကြသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် ရိုဟင်ဂျာ လူမျိုးများကဲ့သို့ လူနည်းစုတိုင်းရင်းသားအဖွဲ့များအပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားမှုများကို ဆက်လက် အားပေးထောက်ခံသွားဟု ကတိပြုသည်။

အာဏာရှင်အဖွဲ့အစည်း၏ ဟန်ပြရွေးကောက်ပွဲ စီစဉ်နေမှုအပေါ် ဒီမိုကရေစီ အင်အားစုများ၏ ခိုင်မာသောထင်မြင်ယူဆချက်များကို အမေရိကန်က ထပ်တူနားလည်ပြီးအဆိုပါရွေးကောက်ပွဲသည် လက်ရှိအနေအထားအရ လွတ်လပ်ပြီးတရားမျှရှိရန် မဖြစ်နိုင်သကဲ့သို့ အကြမ်းဖက်မှုများပိုမိုဖြစ်ပွားရန်တွန်းအားပေးခြင်း၊ အကြပ်အတည်းကို ပိုမိုကြာရှည်စေခြင်းနှင့် တိုင်းပြည်၏ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့် တည်ငြိမ်အေးချမ်းသာယာရေးကို နှောင့်နှေးကြန့်ကြာစေခြင်းတို့ကို ဖြစ်စေလိမ့်မည်ဟု အမေရိကန်က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မြန်မာပြည်သူများသည် ၎င်းတို့၏ ဒီမိုကရေစီ သံန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုခဲ့သော်လည်း မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းက မဲဆန္ဒရှင်များ၏ ဆန္ဒကို တားဆီးပိတ်ပင်ခဲ့ပြီး ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်အာဏာရှင်က အာဏာသိမ်းယူခဲ့ခြင်းက မြန်မာနိုင်ငံ၏ ဆယ်စုနှစ် တစ်ခုစာ ဒီမိုကရေစီရေးတိုးတက်ပြောင်းလဲမှုကို နောက်ပြန်လှည့်စေခဲ့သည်ဟု အမေရိကန်က မှတ်ယူသည်။

အာဏာသိမ်းသည့်အချိန်မှ စပြီး စစ်တပ်သည် လူပေါင်း ၂,၄၀၀ ကျော်သတ်ဖြတ်ခြင်း၊ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပေါင်း ၁၆,၀၀၀ ကျော် ဖမ်းဆီးခြင်းတို့ဖြင့်မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် လတ်တလောလပိုင်းများအတွင်း အာဏာရှင်အဖွဲ့အစည်းသည် ဒီမိုကရေစီလိုလားသည့် တက်ကြွလှုပ်ရှားသူများအား ကွပ်မျက်ခြင်းနှင့် လူ့အသိုက်အဝန်းအတွင်းမှ ထိခိုက်အလွယ်ဆုံးဖြစ်သည့် ကျောင်းဆရာ/ဆရာမများ၊ ကလေးသူငယ်များ၊ ယဉ်ကျေးမှုဆိုင်ရာခေါင်းဆောင်များနှင့် အခြားအပြစ်မဲ့အရပ်သားပြည်သူများအား တိုက်ခိုက် သတ်ဖြတ်ခြင်းများဖြင့် ၎င်း၏ အကြမ်းဖက်လုပ်ရပ်များကို အရှိန်မြှင့်ဆောင်ရွက်လာခဲ့သည်ဟု ဆက်လက်ဖော်ပြသည်။

ယင်းသို့ အာဏာရှင်အဖွဲ့အစည်း၏ ကြမ်းကြုတ်ရက်စက်မှုများအတွက် နောက်ဆက်တွဲအကျိုးဆက် အရေးယူမှု အစီအမံများကို အမေရိကန်က ၎င်းတို့၏ မဟာမိတ်များ၊ မိတ်ဖက်များနှင့်အတူ ဆက်လက်လုပ်ဆောင်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ကြေညာသည်။

အကြမ်းဖက်မှုများရပ်တန့်ရန်နှင့် ပြည်သူများ၏ ဆန္ဒနှင့် ၎င်းတို့ တောင်းဆိုနေကြသည့် ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့ဂုဏ်သိက္ခာတို့ကို လေးစားလိုက်နာရန် အာဏာရှင်အဖွဲ့အစည်းကို ဖိအားပေးရင်း တရားမျှတမှုနှင့် တာဝန်ခံမှု တာဝန်ယူမှုတို့ ရှိစေရန် နှင့် အာဏာရှင်အဖွဲ့အစည်း၏ ဝင်ငွေရလမ်းနှင့် အရင်းအမြစ်များကို ပိတ်ဆို့ရန် အမေရိကန်က ၎င်းတို့၏ မိတ်ဖက်များနှင့်အတူ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

You May Also Like

သတင်း

စစ်ကောင်စီနဲ့ အမည်ခံရွေးကောက်ပွဲကို ငြင်းပယ်ပြီးနောက် ဒီမိုကရေစီလိုလားသူခေါင်းဆောင်တွေနဲ့သာ ထိတွေ့ဆက်ဆံဖို့ကိုလည်း တပါတည်းတိုက်တွန်းထားတာတွေ့ရပါတယ်။

သတင်း

"လမ်းပိတ်ပြီးတော့ လိုက်လံပစ်ခတ်တာတွေရှိတယ်။ ရဲဘော်တွေကတော့ အန္တရာယ်ကင်းတဲ့နေရာပြန်ရောက်ပါပြီ။"ဟု ကိုသက်ကြီးက ပြောသည်။

သတင်း

ယင်းနောက် နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်နေသူများကို ထိရောက်သော အပြစ်ပေး အရေးယူမှုများ မပြုလုပ်နိုင်ပါက ကမ္ဘာကြီး၌ လုံခြုံရေးနှင့် အသက်ရှင်သန်ခွင့်ကို ခြိမ်းခြောက်နေခြင်းကိုလည်း CRPH ဥက္ကဋ္ဌက သတိပေးခဲ့ကြောင်း ဖော်ပြသည်။

သတင်း

နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီခန့်က မန္တလေးမိုးကောင်းကျောင်းတိုက်ထဲကို စစ်အုပ်စုဟာ ဝင်ရောက်ကာ သံဃသမဂ္ဂ ဦးဆောင် ဆရာတော် တစ်ပါးကို ဝင်ဖမ်းခဲ့တာပါ။