Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်နယ် ရှိမ်းမကားတွင် စစ်ကောင်စီတပ်လက်နက်ကြီးကျည် မိသားစုဝင်လေးဦးထိမှန်၊ မိခင်သေဆုံးကာ သားအဖနှစ်ဦး စိုးရိမ်ရ

ယမန်နေ့(နိုဝင်ဘာ ၇ ရက်) တန်ဆောင်မုန်းလပြည့် ည ၈နာရီခန့်က ဝက်လက်မြို့နယ် ရှိမ်းမကား‌ကျေးရွာ ရဲစခန်းရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်။

လက်နက်ကြီးထိမှန်ပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် မိသားစုအား တွေ့ရစဥ်၊ ဓာတ်ပုံ-Wetlet Information Network
လက်နက်ကြီးထိမှန်ပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် မိသားစုအား တွေ့ရစဥ်၊ ဓာတ်ပုံ-Wetlet Information Network

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ယမန်နေ့ညက ရှိမ်းမကားနယ်မြေရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ​မိသားစုဝင်လေးဦး ထိမှန်ခဲ့ပြီး ကလေးမိခင်တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၇ ရက်) တန်ဆောင်မုန်းလပြည့် ည ၈နာရီခန့်က ဝက်လက်မြို့နယ် ရှိမ်းမကား‌ကျေးရွာ ရဲစခန်းရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်မှုကြောင့် ကျေးရွာနေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပြီး အဘွားဖြစ်သူမှာ ခါးထိမှန်ဒဏ်ရာရခဲ့ကြောင်း၊ အဆိုပါ နေအိမ်ရှိ လင်မယားနှစ်ဦး၊ ၎င်းတို့၏ (၂)နှစ်ရွယ် သမီးတစ်ဦးလည်း ထိမှန်ခဲ့ကာ ​က​လေးမိခင်မှာသေဆုံးခဲ့ပြီး အမျိုးသားနှင့် ကလေးငယ်မှာ စိုးရိမ်ရကြောင်း Wetlet Information Network အဖွဲ့ တာဝန်ခံနှင့် ဒေသခံများက ပြောသည်။

“တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ပစ်တာပါ။မိသားစု ၅ယောက်ရှိတာက ၄ယောက် ထိမှန်ခဲ့ပါတယ်။အသက် ၅၀ကျော် မိခင်ကြီး ခါးကို လက်နက်ကြီး ထိမှန်တယ်။ အသက် ၄၀ခန့် အမျိုးသားက ဘယ်ဘက် လက်ရယ်၊ခါးရယ်၊ ခြေထောက်တွေ လက်နက် အစတွေမှန်ပါတယ်။အသက်(၃၇)ခန့် အမျိုးသမီးက လက်နက်ကြီးထိပြီး နေရာမှာ ဆုံးသွားပါတယ်။ အသက် (၂)နစ်ရွယ်ကလေးက ဦးခေါင်းရယ်၊ပေါင်ရယ် မှန်ပါတယ်”ဟု Wetlet Information Network အဖွဲ့ တာဝန်ခံက ပြောသည်။

ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည်ပိတောက်ခြုံကျေးရွာကို မီးရှို့ဖျက်ဆီးနေပြီး ဝက်လက်မြို့နယ် အရှေ့ခြမ်းကျေးရွာများအား ဝင်ရောက်မွှေနှောက်နေကြောင်း ဒေသခံများက ပြောသည်။

You May Also Like

သတင်း

ပြည်သူများအနေဖြင့် စစ်ကောင်စီယာဥ်တန်းများနှင့် ကပ်မလိုက်ကြရန် ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

သတင်း

စစ်ကောင်စီနဲ့ အမည်ခံရွေးကောက်ပွဲကို ငြင်းပယ်ပြီးနောက် ဒီမိုကရေစီလိုလားသူခေါင်းဆောင်တွေနဲ့သာ ထိတွေ့ဆက်ဆံဖို့ကိုလည်း တပါတည်းတိုက်တွန်းထားတာတွေ့ရပါတယ်။

သတင်း

စစ်ကောင်စီတပ်အနေဖြင့် မြေပြင်မှ စစ်ရေးလှုပ်ရှားရန် အခက်ကြုံ၍ ယခုကဲ့သို့ လေကြောင်း အသုံးပြု တိုက်ခိုက်ခြင်းများနေရာအနှံ့၌ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆလိုင်းထက်နီက ပြောသည်။

သတင်း

စစ်ကောင်စီတပ်က ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် အဆိုပါလမ်းကြောင်းပြန်လည်ပြင်ဆင်ထိန်းချုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်။