Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သရက်ချောင်းနှင့် ပုလောမြို့တို့တွင်စစ်ကောင်စီတပ်ကိုPDFများတိုက်ခိုက်

မြိတ်-ထားဝယ်လမ်းတွင် စစ်ကောင်စီယာဉ်တန်းများကို PDF ဖက်ဒရယ်စစ်ကြောင်းအပါအဝင် ​ဒေသခံPDFများကကြားဖြတ်တိုက်ခိုက်မှုများ ယခုရက်ပိုင်းအတွင်းပိုမိုပြုလုပ်​နေသည်။

(ကစယ်ဒိုဖက်ဒရယ်စစ်​ကြောင်းမှ တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-ကစယ်ဒိုဖက်ဒရယ်စစ်​ကြောင်း)
(ကစယ်ဒိုဖက်ဒရယ်စစ်​ကြောင်းမှ တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-ကစယ်ဒိုဖက်ဒရယ်စစ်​ကြောင်း)

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဘုတ်တောင်လမ်းပိုင်းတွင်ကင်းလှည့်နေ​သောစစ်ကောင်စီတပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟုNUG၊ကာကွယ်ရေးဝန်ကြီးဌာန၊တောင်ပိုင်းစစ်ဒေသအမှတ်‌(၂)၊တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်က Vigoသုံးစီး၊မြေတင်ကားတစ်စီး၊ Honda Fit တစ်စီးဖြင့် အရပ်သားကားများကိုစီးနင်း၍ လာကြခြင်းဖြစ်သည်။

“Vigo တစ်စီးနဲ့ Honda Fit တစ်စီးထိသွားတယ်။ နှစ်ဦးသေပြီး သုံးဦးဒဏ်ရာရတယ်လို့ ကနဦးသတင်းတက်လာတယ်” ဟု အမျိုးသားညီညွှတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသအမှတ်‌(၂)၊တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမ​ပေါ်တွင် ကင်းလှည်နေသည့် စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၈ ရက်၊ နံနက် ၇နာရီခန့်ကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပြီးကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းမှစစ်သည်တော်များတစုံတရာ ထိခိုက်မှုမရှိကြောင်း ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းကလည်းထုတ်ပြန်သည်။

ထိုအတူ၊ မြိတ်ခရိုင်၊ပုလောမြို့နယ်၊ စက်တော်ရာရွာတွင် စစ်ကောင်စီယာဉ်တန်း (၇)စီးကို ပုလောအရိပ်ပြောက်ကျားတပ်ဖွဲ့ကမိုင်း(၂)လုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား တစ်စီးပျက်စီးသွားသည်ဟုဒေသခံများကပြောသည်။ စစ်ကောင်စီတပ်သား သေဆုံးထိခိုက်မှုအ​ခြေအ​နေကိုမူမသိရသေးကြောင်းလည်း ဒေသခံများက​ပြောသည်။

မိုင်းဆွဲပြီးနောက် စစ်ကောင်စီတပ်သားများ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ရာ အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရရှိသွားပြီး စစ်ကောင်စီတပ်က ပြည်သူပိုင် အိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်းလည်းဒေသခံများက​ပြောသည်။

“တိုက်ပွဲဖြစ်တော့ လမ်းမကြီးပေါ်မှာ အိမ်စီးကားနဲ့ ကုန်တင်ကား ၁၀၀လောက်ပိတ်မိနေတယ်။ စခတွေ(စစ်ကောင်စီတပ်)က သင်္ကန်းတောရွာက ကုန်စုံဆိုင်ကိုလည်း ဖောက်သွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

မြိတ်-ထားဝယ်ကားလမ်းကို စစ်ကောင်စီတပ်က အရပ်သားယာဉ်များကို အသုံးပြုပြီးစစ်လက်နက်များသယ်ဆောင်နေခြင်းကြောင့် နိုဝင်ဘာ ၈ ရက်မှစတင်ပြီး ယာယီပိတ်သိမ်းကြောင်း PDF မြိတ်ခရိုင်၊တပ်ရင်း (၁) ကထုတ်ပြန်ထားသည်။

မြိတ်-ထားဝယ်လမ်းတွင် စစ်ကောင်စီယာဉ်တန်းများကို PDF ဖက်ဒရယ်စစ်ကြောင်းအပါအဝင် ​ဒေသခံPDFများကကြားဖြတ်တိုက်ခိုက်မှုများ ယခုရက်ပိုင်းအတွင်းပိုမိုပြုလုပ်​နေသည်။

You May Also Like

သတင်း

ထိထိမိမိတိုက်ခိုက်နိုင်ခဲ့သဖြင့် အကျအဆုံးများနိုင်ပြီး ညအချိန်ဖြစ်၍ အတိအကျမခန့်မှန်းနိုင် ကြောင်း တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

သတင်း

"စကစက ကျောင်းပြန်ဖွင့်ဖို့ ကျွန်တော်တို့ နာမည်တလွဲ အသုံးချနေတာကြောင့် ထုတ်ပြန်သတိပေးတာပါ"ဟု မိုးဗြဲ PDF တာဝန်ရှိသူက ပြောသည်။

သတင်း

မိဘပြည်သူတို့၏ လုံခြုံရေးကိုရှေးရှု၍မေတ္တာရပ်ခံပန်ကြားအပ်ခြင်းဟုပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ထားသည်။

သတင်း

“အထိအခိုက်အတိအကျတော့ မသိဘူး ။ဒါပေမဲ့ ဟက်စကီးတောင်လာပြီးမှ တနိုင်းဘက်မှာ ဆင်းပြီးလူနာသယ်သွားတဲ့ ပုံစံမျိုးပေါ့” ဟု ဒေသခံတစ်ဦးကပြောသည်။