Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီဖွင့်လှစ်သည့်စာသင်ကျောင်းကို အသိအမှတ်ပြုမည်မဟုတ်ဘဲ အမည်အလွှဲသုံးစားပြုလုပ်သည့်အပေါ် တာဝန်ခံရမည်ဟု ဖယ်ခုံနှင့် မိုးဗြဲ PDF သတိပေး

“စကစက ကျောင်းပြန်ဖွင့်ဖို့ ကျွန်တော်တို့ နာမည်တလွဲ အသုံးချနေတာကြောင့် ထုတ်ပြန်သတိပေးတာပါ”ဟု မိုးဗြဲ PDF တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီဖွင့်လှစ်သည့်စာသင်ကျောင်းကို အသိအမှတ်ပြုမည်မဟုတ်ဘဲ အမည်အလွှဲသုံးစားပြုလုပ်သည့်အပေါ် တာဝန်ခံရမည်ဟု ဖယ်ခုံနှင့် မိုးဗြဲ PDF သတိပေး
စစ်ကောင်စီဖွင့်လှစ်သည့်စာသင်ကျောင်းကို အသိအမှတ်ပြုမည်မဟုတ်ဘဲ အမည်အလွှဲသုံးစားပြုလုပ်သည့်အပေါ် တာဝန်ခံရမည်ဟု ဖယ်ခုံနှင့် မိုးဗြဲ PDF သတိပေး

စစ်ကောင်စီဖွင့်လှစ်သည့်စာသင်ကျောင်းကို အသိအမှတ်ပြုမည်မဟုတ်ဘဲ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ၏ အမည်များကို အလွှဲသုံးစားပြုလုပ်သည့်အပေါ် တာဝန်ခံရမည်ဖြစ်ကြောင်း ဖယ်ခုံနှင့် မိုးဗြဲ PDF တပ်ဖွဲ့များက ယနေ့(နိုဝင်ဘာ ၉ရက်) သတိပေးထုတ်ပြန်သည်။

ဖယ်ခုံမြို့နယ်၊ နန်းဟူးရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်း (ယခင် အ.မ.က (၇) ကျောင်း)တွင် စစ်ကောင်စီ၏ Non-CDM များ ဦးဆောင်ဖွင့်လှစ်နေသည့်အပေါ် ဖယ်ခုံမြို့နယ်ပညာရေးဘုတ်အဖွဲ့ အပါအဝင် တော်လှန်ရေးအင်အားစု တစ်ရပ်လုံးအနေဖြင့် လုံး၀ (လုံး၀) အသိအမှတ်မပြုကြောင်း သတိပေးထားသည်။

ထို့အပြင် အဆိုပါ ကျောင်းဖွင့်လှစ်ရန် စည်းရုံးသိမ်းသွင်းခဲ့သူများသည် ဖယ်ခုံမြို့နယ် တော်လှန် ရေးအင်အားစုများရှိ သက်ဆိုင်ရာ တပ်ရင်းမှူးများနှင့် ညှိနှိုင်းထားပြီးဖြစ်ကြောင်း မိဘပြည်သူများကို မှားယွင်းစွာ သတင်းပေးခဲ့မှုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း ဖော်ပြသည်။

“စကစက ကျောင်းပြန်ဖွင့်ဖို့ ကျွန်တော်တို့ နာမည်တလွဲ အသုံးချနေတာကြောင့် ထုတ်ပြန်သတိပေးတာပါ”ဟု မိုးဗြဲ PDF တာဝန်ရှိသူက ပြောသည်။

မြို့နယ်ပညာရေးဘုတ်အဖွဲ့အနေဖြင့် စစ်ကောင် စီမှဖွင့်လှစ်သည့်ကျောင်းများမှ ပြီးမြောက်လာမည့် ကျောင်းသား၊ကျောင်းသူများကို တော် လှန် ရေးကာလအလွန်တွင် အသိအမှတ်ပြုမည်မဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာအရည်အချင်း စစ်ဆေးအကဲဖြတ်မှုဖြင့် အောင်မြင်သူများကိုသာ အသိအမှတ်ပြုသွားမည်ဟု အသိပေးသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့်လည်း အဆိုပါအမည်အလွဲသုံးစားမှုလုပ်ရပ်တွင် ပါဝင်ကြသော စစ်ကောင်စီ ဘက်တော်သားများကို ထပ်မံအတည်ပြုစီစစ်လျှက်ရှိပြီး အရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ယခုထုတ်ပြန်ချက်ကို မိုးဗြဲ PDF တပ်ရင်း (၁)၊ တပ်ရင်း (၂)၊ ဖယ်ခုံ PDF တပ်ရင်း (၁)၊ တပ်ရင်း (၂)၊ဖယ်ခုံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် မြို့နယ်ပညာရေးဘုတ်အဖွဲ့က ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

You May Also Like

သတင်း

ထိထိမိမိတိုက်ခိုက်နိုင်ခဲ့သဖြင့် အကျအဆုံးများနိုင်ပြီး ညအချိန်ဖြစ်၍ အတိအကျမခန့်မှန်းနိုင် ကြောင်း တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

သတင်း

မိဘပြည်သူတို့၏ လုံခြုံရေးကိုရှေးရှု၍မေတ္တာရပ်ခံပန်ကြားအပ်ခြင်းဟုပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ထားသည်။

သတင်း

မြိတ်-ထားဝယ်လမ်းတွင် စစ်ကောင်စီယာဉ်တန်းများကို PDF ဖက်ဒရယ်စစ်ကြောင်းအပါအဝင် ​ဒေသခံPDFများကကြားဖြတ်တိုက်ခိုက်မှုများ ယခုရက်ပိုင်းအတွင်းပိုမိုပြုလုပ်​နေသည်။

သတင်း

“အထိအခိုက်အတိအကျတော့ မသိဘူး ။ဒါပေမဲ့ ဟက်စကီးတောင်လာပြီးမှ တနိုင်းဘက်မှာ ဆင်းပြီးလူနာသယ်သွားတဲ့ ပုံစံမျိုးပေါ့” ဟု ဒေသခံတစ်ဦးကပြောသည်။