Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာရှလမ်းတွင်ခရီးသည်တင်ကားငယ်တစ်စီးအရှိန်လွန်ကာအုတ်ခုံတိုက်၍ကား​ပေါ်ပါသူ ၇ ဦးစလုံး​သေဆုံး

အဆိုပါကားသည် မြဝတီ-ပဲခူးပြေးဆွဲသည့် ယာဉ်ဖြစ်ကြောင်း ကော့ကရိတ်မြို့ခံ လူမှုကူညီရေးအသင်းများက သတင်းထုတ်ပြန်သည်။

(ယာဥ်တိုက်မှုဖြစ်ပွားပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ယာဥ်တိုက်မှုဖြစ်ပွားပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

မြဝတီ – ကော့ကရိတ် အာရှလမ်းတွင် ဟိုက်​အေ့စ်ခရီးသည်တင်ကားငယ်တစ်စီး အရှိန်လွန်ပြီးအုတ်ခုံကိုဝင်တိုက်ရာ ကားပေါ်ပါ ယာဉ်မောင်းနှင့် ခရီးသည်ခုနှစ်ဦးစလုံးသေဆုံးသွားသည်။

ခရီးသည် ၆ဦး၊ ယာဉ်မောင်းတစ်ဦး လိုက်ပါလာပြီးခရီးသည်တင်ကားငယ်တစ်စီးသည် မြဝတီ – ကော့ကရိတ်အာရှလမ်းတောနော်ရေတံခွန်အနီးတွင်ယနေ့(နိုဝင်ဘာလ ၉ရက်)နံနက် ၈နာရီ ၄၀ မိနစ်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ယာဥ်​ပေါ်တွင်အမျိုးသားငါးဦး၊ အမျိုးသမီးနှစ်ဦး လိုက်ပါလာခြင်းဖြစ်သည်။

(ယာဥ်တိုက်မှုဖြစ်ပွားပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ယာဥ်တိုက်မှုဖြစ်ပွားပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

“ကားကမြဝတီကနေဆင်းလာတာ။အံစာတုံးကားလို့ခေါ်တယ်။လမ်းတားတုံးကိုကျော်ပြီးအုတ်ခုံကိုဝင်တိုက်ပြီးမှောက်တာ။ခုနှစ်ယောက်တောင်သေသွားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

အဆိုပါကားသည် မြဝတီ-ပဲခူးပြေးဆွဲသည့် ယာဉ်ဖြစ်ကြောင်း ကော့ကရိတ်မြို့ခံ လူမှုကူညီရေးအသင်းများက သတင်းထုတ်ပြန်သည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းတွင်အောက်တိုဘာ ၃၀ရက်ကလည်းခရီးသည်တင်ကားတစ်စီးတိမ်းမှောက်ခဲ့ရာခရီးသည် ခုနှစ် ဦးသေဆုံးကာ ၁၄ဦးဒဏ်ရာရခဲ့သည်။အောက်တိုဘာ ၅ရက်ကလည်းမော်လမြိုင်မြို့မှ”ပွင့်နေခြည်” ဇာတ်အဖွဲ့ကားသည် မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းသီးခြံအဆင်းနေရာတွင် တိမ်းမှောက်ခဲ့ပြီး ငါးဦးထက် သေဆုံးခဲ့သည်။

You May Also Like

သတင်း

နိုဝင်ဘာလ ၇ ရက် ညပိုင်း ၈ နာရီခန့်မှာ ဆုံးပါးသွားတာလို့ မန္တလေးရဲ့တော်လှန်ရေးမြေပြင်ကင်းထောက်ဖေ့ဘွတ်ခ်စာမျက်နှာ VOMDY က အသိပေးဖော်ပြပါတယ်။

နိုင်ငံတကာ

မြို့ခံမီးသတ် တပ်ဖွဲ့ဟာ နိုက်ကလပ်မီးကို ငြှိမ်းသတ်ဖို့အတွက် နာရီပေါင်း အတော်ကြာအောင် အချိန်ယူခဲ့ရပါတယ်။ မီးကျည်သေနတ် ပစ်ခတ်ခဲ့တယ်ဆိုတဲ့ အမျိုးသားကတော့ လောလောဆယ် အဖမ်းခံထားရပါတယ်။

သတင်း

လက်ရှိတွင် ထီးလင်းမြို့နယ်ပါဝင်သည့် ယောဒေသအတွင်း စစ်ကောင်စီတပ်၏တပ်မ(၅၅) ၊(၁၁)နှင့်(၁၀၁)တို့မှတပ်ရင်းသုံးခုထက်မနည်း စစ်ကြောင်းထိုးနေ၍ ဆော-ကျောက်ထု လမ်းပိုင်းကို အသုံးမပြုသေးရန် ကာကွယ်ရေးတပ်များက မေတ္တာရပ်ခံထားသည်။

သတင်း

နိုဝင်ဘာ ၂ရက်တွင် ရွှေညောင်ပင်ဒေသ၌ စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခလရ(၂၀၇)တပ်နှင့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက ဖော်ပြထားသည်။