Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အိုးဘိုထောင်မှာ နိုင်ကျဉ်းလူငယ်တစ်ဦး နှလုံးရပ်ပြီး ဆုံးပါး

နိုဝင်ဘာလ ၇ ရက် ညပိုင်း ၈ နာရီခန့်မှာ ဆုံးပါးသွားတာလို့ မန္တလေးရဲ့တော်လှန်ရေးမြေပြင်ကင်းထောက်ဖေ့ဘွတ်ခ်စာမျက်နှာ VOMDY က အသိပေးဖော်ပြပါတယ်။

အိုးဘိုထောင်မှာ နိုင်ကျဉ်းလူငယ်တစ်ဦး နှလုံးရပ်ပြီး ဆုံးပါး
အိုးဘိုထောင်မှာ နိုင်ကျဉ်းလူငယ်တစ်ဦး နှလုံးရပ်ပြီး ဆုံးပါး

နွေဦးတော်လှန်ရေးအတွင်း ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသားလူငယ်တစ်ဦး နှလုံးရပ်ပြီး အိုးဘိုထောင်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆုံးပါးသွားတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၇ ရက် ညပိုင်း ၈ နာရီခန့်မှာ ဆုံးပါးသွားတာလို့ မန္တလေးရဲ့တော်လှန်ရေးမြေပြင်ကင်းထောက်ဖေ့ဘွတ်ခ်စာမျက်နှာ VOMDY က အသိပေးဖော်ပြပါတယ်။

ဆုံးပါးသွားတဲ့ နိုင်ငံရေးအကျဉ်းသားအမည်ဟာ အိမ့်သူထက် လို့သိရပြီး မဟာအောင်မြေမြို့နယ် ၊ရွှေဘုန်းရှိန်ရပ်ကွက်မှာနေထိုင်သူဖြစ်ကာ ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့မတရား ဖမ်းဆီးခံထားရသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကတော့ အိုးဘိုထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရလို့ ဆုံးပါးခဲ့ပါသေးတယ်။

နိုင်ငံရေးအကျဉ်းသားတွေအပေါ် စစ်အုပ်စုရဲ့ ထောင်တွင်းဖိနှိပ်မှု တွေ ရှိနေတယ်လို့ ထောင်တွင်းကနေ လွတ်မြောက်လာတဲ့ နိုင်ကျဉ်းတွေက ထုတ်ဖော်ပြောဆိုထားကြပါတယ်။

You May Also Like

သတင်း

အဆိုပါကားသည် မြဝတီ-ပဲခူးပြေးဆွဲသည့် ယာဉ်ဖြစ်ကြောင်း ကော့ကရိတ်မြို့ခံ လူမှုကူညီရေးအသင်းများက သတင်းထုတ်ပြန်သည်။

နိုင်ငံတကာ

မြို့ခံမီးသတ် တပ်ဖွဲ့ဟာ နိုက်ကလပ်မီးကို ငြှိမ်းသတ်ဖို့အတွက် နာရီပေါင်း အတော်ကြာအောင် အချိန်ယူခဲ့ရပါတယ်။ မီးကျည်သေနတ် ပစ်ခတ်ခဲ့တယ်ဆိုတဲ့ အမျိုးသားကတော့ လောလောဆယ် အဖမ်းခံထားရပါတယ်။

သတင်း

လက်ရှိတွင် ထီးလင်းမြို့နယ်ပါဝင်သည့် ယောဒေသအတွင်း စစ်ကောင်စီတပ်၏တပ်မ(၅၅) ၊(၁၁)နှင့်(၁၀၁)တို့မှတပ်ရင်းသုံးခုထက်မနည်း စစ်ကြောင်းထိုးနေ၍ ဆော-ကျောက်ထု လမ်းပိုင်းကို အသုံးမပြုသေးရန် ကာကွယ်ရေးတပ်များက မေတ္တာရပ်ခံထားသည်။

သတင်း

နိုဝင်ဘာ ၂ရက်တွင် ရွှေညောင်ပင်ဒေသ၌ စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခလရ(၂၀၇)တပ်နှင့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက ဖော်ပြထားသည်။