Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အမရပူရမြို့နယ် ရဲတပ်မှူးရုံးက ဒုတပ်ကြပ် ပစ်ခတ်ရှင်းလင်းခံရ

မြစ်ငယ် PDF ရဲ့ထုတ်ပြန်ချက်မှာတော့ နိုဝင်ဘာလ ၇ ရက်က သောက်စားပြီးပြန်လာချိန်မှာ ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အမရပူရမြို့နယ် ရဲတပ်မှူးရုံးက ဒုတပ်ကြပ် ပစ်ခတ်ရှင်းလင်းခံရ
အမရပူရမြို့နယ် ရဲတပ်မှူးရုံးက ဒုတပ်ကြပ် ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးမြို့၊ အမရပူရမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ဒုတပ်ကြပ် သူရအောင် ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြစ်ငယ် PDF က ထုတ်ပြန်ပါတယ်။

ပစ်ခတ်ခံရသူ ရဲဒုတပ်ကြပ် ဟာ မြို့နယ်ရဲတပ်မှူးရုံးက ယာဉ်မောင်းဖြစ်တယ်လို့သိရပါတယ်။

မြစ်ငယ် PDF ရဲ့ထုတ်ပြန်ချက်မှာတော့ နိုဝင်ဘာလ ၇ ရက်က သောက်စားပြီးပြန်လာချိန်မှာ ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ပစ်ခတ်ရှင်းလင်းပြီးနောက် ဧရာဝတီမြစ်ထဲ ပစ်ခဲ့တယ်လို့လည်းသိရပါတယ်။

ရဲဒုတပ်ကြပ်ထံကနေ ကျည် အတောင့် ၉၀ ကျော် ၊ပိုက်ဆံ ၈သောင်း၇ ထောင်ကျော် ၊ဖုန်းတစ်လုံးနဲ့ လက်စွပ်တစ်ကွင်းကိုသိမ်းဆည်းရမိတယ်လို့မြစ်ငယ် PDF က ဓာတ်ပုံနဲ့ထုတ်ပြန်တာတွေ့ရပါတယ်။

You May Also Like

သတင်း

၎င်းအား တောကြီးမြွေပွေး၊ ကောင်းကင်တော်လှန်ရေး အင်အားစုနှင့် ဒေါင်းစစ်သည်အဖွဲ့များပူးပေါင်းကာ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

သတင်း

"နေ့လယ် ၁နာရီခန့်မှာ ပစ်ခတ်ရှင်းလင်းတယ်။ ‌ညနေ ငါးနာရီခန့်မှာ သေသွားတယ်လို့ သတင်းရတယ်"ဟု -PSDA ပြောရေးဆိုခွင့်ရှိသူက People's Springသို့ ပြောသည်။

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုများ ပြုလုပ်လာခဲ့ကြရာ ယခုနှစ် နှစ်လယ်ပိုင်းအထိ CDM ရဲဝန်ထမ်း ၃,၀၀၀နီးပါးရှိကြောင်း NUGက အသိပေးထားသည်။

သတင်း

"(သေနတ်ဖြင့်)လေးချက် ပစ်ခတ်ခဲ့ပါတယ်။ မော်ကျွန်း (၁၂)လမ်းက ဆာဝါဒီလက်ဘက်ရည်ဆိုင်ထဲမှာပါ"ဟု ဧရာဝတီလင်းပိုင် PDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။