Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံနယ်က ပျားရွာ မီးရှို့ခံရလို့ ဒေသခံတွေထွက်ပြေးနေရ

ပျားကျေးရွာအနီးတိုက်ပွဲဖြစ်ပြီးနောက် ရွာထဲကို မနေ့က ညပိုင်းက စစ်ကောင်စီတပ် ဝင်ရောက်လာတာကြောင့် ရွာသူရွာသားတွေ တိမ်းရှောင်နေရပါတယ်။

မြင်းခြံနယ်က ပျားရွာ မီးရှို့ခံရလို့ ဒေသခံတွေထွက်ပြေးနေရ
မြင်းခြံနယ်က ပျားရွာ မီးရှို့ခံရလို့ ဒေသခံတွေထွက်ပြေးနေရ

မန္တလေးတိုင်း ၊မြင်းခြံခရိုင်ထဲက ပျားရွာကို မနေ့က ညပိုင်း စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့ရာမှာ နေအိမ် အလုံး ၅၀ ခန့် ပျက်စီးသွားတယ်လို့ စုံစမ်းသိရပါတယ်။

ပျားကျေးရွာအနီးတိုက်ပွဲဖြစ်ပြီးနောက် ရွာထဲကို မနေ့က ညပိုင်းက စစ်ကောင်စီတပ် ဝင်ရောက်လာတာကြောင့် ရွာသူရွာသားတွေ တိမ်းရှောင်နေရပါတယ်။

ရွာထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ပျားရွာအရှေ့ပိုင်းက နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့သိရပါတယ်။

“ရွာထဲကိုဝင်မရလို့ စာရင်းအတိအကျတော့မသိနိုင်ဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပျားရွာဟာ အိမ်ခြေတစ်ထောင်ခန့်ရှိတဲ့ ရွာကြီးဖြစ်ပြီး ရှေးဟောင်းလှိုင်ဂူဘုရားတွေ ရှိတဲ့ အရပ်လည်းဖြစ်ပါတယ်။

You May Also Like

သတင်း

တိုက်ပွဲဖြစ်ပွားရာ၌ စစ်ကောင်စီတပ်က ထိခိုက်မှုရှိ၍ ရွာကို မီးရှို့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့ကပြောသည်။ ယခင်က စစ်ကောင်စီတပ်အနေဖြင့် မြင်းခြံမြို့နယ်တွင် နေ့အိမ် အချို့ကို မီးရှို့ခဲ့သည့် ဖြစ်စဉ်ရှိခဲ့သော်လည်း ရွာကို ပစ်မှတ်ထားပြီး မီးရှို့ခြင်းမှာ ပျားကျေးရွာသည် ပထမဆုံးဖြစ်ကြောင်း ဒေသခံက ပြောသည်။

သတင်း

ပြည်သူများအနေဖြင့် စစ်ကောင်စီယာဥ်တန်းများနှင့် ကပ်မလိုက်ကြရန် ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

သတင်း

" ရွာကလူတွေ တော်လှန်ရေးအတွက် ခံနေကြတာ ဒီထက်မကဘူး။ အိမ်မီးရှို့ခံ၊တောင်သူအလုပ်ပျက်၊ မြို့ကလူတွေလို အသာလေးနေလို့မရဘူး။ ကူရမယ့်အပိုင်းက မြို့ပေါ်က လူတွေအလုပ်ပေါ့ဗျာ"ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

နမ့်ခမ်းမြို့နယ်၊မန်စပ်အုပ်စု၊ နမ့်စိပ်ကျေးရွာမှ ဒေသခံ လယ်သမားနှစ်ဦးကို စစ်ကောင်စီတပ်က ယမန်နေ့(နိုဝင်ဘာလ ၄ရက်)နေ့လယ်တွင် သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်သည်။