Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံခဲ့ရသူများ ၎င်းတို့၏နစ်နာခံစားရမှုများကို မှတ်တမ်းတင်နေသူများထံ ဆက်သွယ်ပြောကြားရန် AAPP နှင့် WLB မေတ္တာရပ်ခံ

AAPP ၏ မှတ်တမ်းပြုချက်အရ အကြမ်းဖက်စစ်အုပ်စု၏ လက်ချက်ဖြင့် မုဒိမ်းကျင့်သတ်ဖြတ် (သို့မဟုတ်)သတ်ဖြတ်ပြီးနောက်မုဒိမ်းကျင့်ခြင်းခံခဲ့ရသည်ဟုဆိုနိုင်သော အရပ်သား ပြည်သူအနည်းဆုံး (၁၂) ဦး ရှိခဲ့သည်ဟုလည်း​ဖော်ပြထားသည်။

အကြမ်းဖက်စစ်အုပ်စု၏ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံခဲ့ရသူများသည် ၎င်းတို့၏ နစ်နာခံစားရမှုများကို မှတ်တမ်းတင်နေသူများထံ ဆက်သွယ်ပြောကြားရန် AAPP နှင့် WLB ပူးတွဲမေတ္တာရပ်ခံတောင်းဆိုသည်။

၂၀၂၁ ခုနှစ် မတရားအာဏာလုခဲ့ချိန်မှစ၍ အကြမ်းဖက်စစ်အုပ်စု၏ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုခံခဲ့ရသည့် နစ်နာ ခံစားရသူများအတွက် တာဝန်ယူမှု တာဝန်ခံမှု ယန္တရားများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများထံသို့ အစီရင်ခံနိုင်ရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) တို့မှ ပူးတွဲတောင်းဆိုခြင်းဖြစ်သည်။

“လူလို့ဖြစ်တည်လာရင်သူတို့ရဲ့လူ့အခွင့်အရေးတွေချိုးဖောက်ခံရတာတွေအတွက် တရားမျှတမှုရရှိခွင့်နဲ့ ဣန္ဒြေ ဂုဏ်သိက္ခာထိန်းသိမ်းပိုင်ခွင့်တို့ကိုရထိုက်ပါတယ်။ဒါကြောင့် ကျနော်တို့အနေနဲ့ အာဏာသိမ်းစစ်အုပ်စုနဲ့ ကျူးလွန်သူ အပေါင်းအပါတွေကို သိစေချင်တာကတော့ နောင်အနာဂတ်လွတ်လပ်တဲ့ဖက်ဒရယ်မြန်မာနိုင်ငံမှာခင်ဗျားတို့ရဲ့ ရာဇဝတ်မှုတွေအတွက် ခင်ဗျားတို့တာဝန်ခံရမယ်ဆိုတာပဲ”ဟုAAPPအတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။

AAPP ၏ မှတ်တမ်းပြုချက်အရ အကြမ်းဖက်စစ်အုပ်စု၏ လက်ချက်ဖြင့် မုဒိမ်းကျင့်သတ်ဖြတ် (သို့မဟုတ်)သတ်ဖြတ်ပြီးနောက်မုဒိမ်းကျင့်ခြင်းခံခဲ့ရသည်ဟုဆိုနိုင်သော အရပ်သား ပြည်သူအနည်းဆုံး (၁၂) ဦး ရှိခဲ့သည်ဟုလည်း​ဖော်ပြထားသည်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံခဲ့ရသူများ ၎င်းတို့၏နစ်နာခံစားရမှုများကို မှတ်တမ်းတင်နေသူများထံ ဆက်သွယ်ပြောကြားရန် AAPP နှင့် WLB မေတ္တာရပ်ခံ
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံခဲ့ရသူများ ၎င်းတို့၏နစ်နာခံစားရမှုများကို မှတ်တမ်းတင်နေသူများထံ ဆက်သွယ်ပြောကြားရန် AAPP နှင့် WLB မေတ္တာရပ်ခံ

အဓမ္မပြုကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် မြန်မာနိုင်ငံ၌ ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားလျက်ရှိသော ပြည်တွင်းစစ်များအတွင်း အကြမ်းဖက်စစ်အုပ်စုမှ ဗမာမဟုတ်သည့် တိုင်းရင်းသားများအပေါ် ဖိနှိပ်ရန်အတွက် အသုံးပြုလေ့ရှိသော စစ်လက်နက်တစ်ခု၊ လုပ်ရိုးလုပ်စဉ်နှိပ်ကွပ်မှုတစ်ခုအဖြစ် တည်ရှိလာခဲ့ကြောင်း AAPP ကထုတ်ပြန်သည်။

“အခုနွေဦးတော်လှန်ရေးက စစ်အာဏာရှင်ပြုတ်ကျရေးတင်မဟုတ်ဘဲ မြန်မာပြည်သူအများစုရဲ့ ရှေးရိုးစွဲအမြင်တွေ ကိုပါ ပြောင်းလဲပစ်နိုင်ခဲ့တယ်။ လူနည်းစုအခွင့်အရေးတွေကို ပိုပြီးအသိအမှတ်ပြုလာတယ်၊ လိင်စိတ်ခံယူမှုကွဲပြားတဲ့ သူတွေအပေါ်မှာလည်း ပိုမိုလက်ခံလာကြတယ်။ တော်လှန်ရေးထဲမှာ အမျိုးသမီးများရဲ့ ဦးဆောင်ပါဝင်မှုအခန်းကဏ္ဍ ကို အသိအမှတ်ပြုလာသလို LGBT အသိုင်းအဝိုင်းရဲ့ အခန်းကဏ္ဍစတဲ့ ခွဲခြားဆက်ဆံမှုအဟန့်အတားတွေကိုလည်းအတူဝိုင်းဝန်းတွန်းလှန်လာနေကြတယ်။ ဒါ့အပြင် မုဒိမ်းပြုကျင့်ခံရသူ အမျိုးသားတွေဟာလည်း သူတို့နစ်နာခံစားရမှု ကို သိုဝှက်မြိုသိပ်ထားနေရတဲ့ နောက်ထပ်အဟန့်အတားတစ်ခုကို ဖြိုချပြီး စစ်အုပ်စုရဲ့ရမ်းကားရက်စက်မှုတွေကို ထုတ်ဖော်ပြောဆိုလာနေပါပြီ ” ဟု AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။

အဓမ္မပြုကျင့်ခံရသူ သို့မဟုတ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းခံရသူများသည် လုံခြုံစိတ်ချရသော အခြေအနေတွင် ရှိနေပါက လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်နေသူများထံ ဆက်သွယ်၍ ဖြစ်စဉ်များကို ပြောကြား၍ မှတ်တမ်းတင်သိမ်းဆည်းမှုပြုလုပ်နိုင်ရန် AAPP နှင့် WLB တို့က တောင်းဆိုသည်။ ယင်းအထူးတောင်းဆိုမှု၏ရည်ရွယ်ချက်မှာ နစ်နာခံစားရသူများအား ၎င်းတို့၏ဖြစ်စဉ်များကို ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိက္ခာရှိရှိ မျှဝေနိုင်စေရေးအတွက် ခွန်အားဖြစ်စေရန်ဖြစ်ကြောင်း ဖော်ပြသည်။

You May Also Like

သတင်း

၂၀၂၁ အာဏာသိမ်းချိန်မှ ယနေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂၈၀၆) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၆၁၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။

သတင်း

အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက်မှာလည်း အာဏာသိမ်းချိန်မှ ၂၀၂၂ ဩဂုတ်လကုန်ထိ စုစုပေါင်း (၇၆၀) ခုထက်မနည်းရှိခဲ့သည်။

သတင်း

စစ်အုပ်စု တာဝန်ရှိသူများအနေဖြင့် သေဒဏ်ပေးခဲ့သည့် နေ့ရက်၊ အချိန်အတိအကျနှင့် အခုလက်ရှိ ရုပ်အလောင်းကို မည့်သည့်နေရာမှာထားရှိသည်ကို အတည်ပြု ထုတ်ပြန်ရမည်ဟု AAPP က တိုက်တွန်းသည်။

သတင်း

AAPPကတော့ သူတို့ရဲ့အစီရင်ခံဟာ ရာဇဝတ်မှုတွေကျုးလွန်နေတဲ့ စစ်အုပ်စုခေါင်းဆောင်တွေ ပြစ်ဒဏ်ပေးခံရခြင်းကနေ ကင်းလွတ်နေတာကိုတားဆီးနိုင်ဖို့ ရည်ရွယ်တယ်လို့ဆိုထားပါတယ်။