Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ် နေ၍ ပြည်သူများ လုံခြုံစိတ်ချရသည့် နေရာများတွင် နေထိုင်ကြရန် မိုးဗြဲ PDF သတိပေး

ယနေ့(နိုဝင်ဘာ ၉ ရက်)ည ၈ နာရီခွဲခန့်ကစ၍ဖယ်ခုံအခြေစိုက် ခမရ (၃၃၆)မှ လက်နက်ကြီး အသုံးပြုပစ်ခတ်နေခြင်းဟု ဆိုသည်။

(မိုးဗြဲPDFမှ ရဲဘော်များအား တွေ့ရစဉ်)
(မိုးဗြဲPDFမှ ရဲဘော်များအား တွေ့ရစဉ်)

ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီတပ်က လက် နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိနေ၍ ပြည် သူများအနေဖြင့် လုံခြုံစိတ်ချရသည့် နေရာများ တွင် နေထိုင်ကြရန် မိုးဗြဲ PDF တပ်ရင်း(၂)က သတိပေးထုတ်ပြန်သည်။

ယနေ့(နိုဝင်ဘာ ၉ ရက်)ည ၈ နာရီခွဲခန့်ကစ၍ဖယ်ခုံအခြေစိုက် ခမရ (၃၃၆)မှ လက်နက်ကြီး အသုံးပြုပစ်ခတ်နေခြင်းဟု ဆိုသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် သတိဝိရိယရှိရှိနေထိုင်ကြရန် နှင့် အကြောက်မလွန်ကြရန် မိုးဗြဲ PDF တပ်ရင်း (၂)က အသိပေးသည်။

“ဒီနေ့ည က ဒီးမော့ဆိုဘက်မှာ တိုက်ပွဲပြင်းထန် နေတယ်။စကစက မြေပြင် လက်နက်ကြီးပစ်ကူကို အဆမတန်သုံးနေရတယ်။အသေးစိတ်အခြေ အနေကိုတော့ ပြောပြလို့မရနိုင်သေးဘူး”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် လက်ရှိပြည်သူ့ကာကွယ်ရေးတပ်များ ၏ သတိ ပေးထုတ်ပြန်ချက်များကို အမြဲစောင့်ကြည့်ပြီး လိုက်နာပေးရန်လည်း တိုက်တွန်းသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဒီးမော့ဆို-ဖရူဆို မြို့နယ်ကြားရှိ ကျေးရွာများသို့စစ်ကြောင်းထိုးလှုပ်ရှားလျက်ရှိနေသည်။

ထို့အပြင် လွိုင်ကော်မြို့နယ် ရှမ်း-ကယားပြည်နယ် စပ်တွင်လည်း တိုက်ပွဲများပြင်းထန်နေသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ယခုလဆန်းပိုင်းက ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

ဖမ်းဆီးခံရတဲ့ တပ်သားဟာ စစ်ကိုင်းမြို့နယ်ရဲစခန်းမှာ တာဝန်ကျနေသူဖြစ်ပြီး ရဲစခန်းကနေ ထွက်လာချိန်မှာ ဖမ်းဆီးခံလိုက်ရတာပါ။

သတင်း

ရခိုင်ဒေသ၌ တိုက်ပွဲများ လက်နက်ကြီးပစ်ခတ်မှုများ တစ်နေရာမဟုတ် တစ်နေရာ၌ နေ့တိုင်းလိုလို ဖြစ်ပွားနေသည်ဟု ရခိုင်ဒေသခံက ပြောသည်။

သတင်း

နမ့်ခမ်းမြို့နယ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အချို့တွင် မြောက်ပိုင်းမဟာမိတ်တပ်များနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကစစ်ကောင်စီကိုတိုက်ခိုက်နေသည်။

သတင်း

ရခိုင်ပြည်နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်၊ မင်းပြားမြို့နယ် မောင်တောမြို့နယ်နှင့် ပလက်မြို့နယ်တို့၌ တိုက်ပွဲများဖြစ်ခဲ့သည်။