Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းစိန်မြို့နယ်ရှိ အုပ်ကြီးရုံးနှင့် အကျဥ်းဦးစီးအိမ်ထောင်သည်လိုင်းခန်းကို အဝေးထိန်းဗုံးများဖြင့် တိုက်ခိုက်

ယမန်နေ့(နိုဝင်ဘာ ၉)ည ၁၀နာရီခန့်က အင်းစိန်မြို့နယ် နံသာကုန်းရပ်ကွက်ရှိ စစ်ကောင်စီအုပ် ချုပ်ရေးမှူးရုံးအား YUA အဖွဲ့ဝင် Generation Z Defense Force & Supply Army(GZDF)က အဝေးထိန်းဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးနှင့် အကျဥ်းဦးစီးဌာန အိမ်ထောင် သည်လိုင်းခန်းကို အဝေးထိန်းဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon UG Association (YUA)က ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၉)ည ၁၀နာရီခန့်က အင်းစိန်မြို့နယ် နံသာကုန်းရပ်ကွက်ရှိ စစ်ကောင်စီအုပ် ချုပ်ရေးမှူးရုံးအား YUA အဖွဲ့ဝင် Generation Z Defense Force & Supply Army(GZDF)က အဝေးထိန်းဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် အင်းစိန်မြို့နယ် ရွာမရပ်ကွက်ရှိ စစ်ကောင်စီ အကျဥ်းဦးစီးဌာန အိမ်ထောင်သည် လိုင်းခန်းအား အဝေးထိန်းဗုံးတစ်လုံးဖြင့်ပင် ဖောက်ခွဲသတိပေးခဲ့ကြောင်း YUA က ပြောသည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေအား မသိရသေးသော် လည်း တော်လှန်ရေးရဲဘော် များ အထိအခိုက်မရှိ လုံခြုံဘေးကင်းရာသို့ ပြန်လည်ရောက်ရှိပြီဟု အသိပေးသည်။

“ဆက်လုပ်နေဦးမှာပါ။ အာဏာရှင် မပျက်သုန်းမချင်း”ဟု Yangon UG Association(YUA)မှ တော်လှန်ရေးရဲဘော်တစ်ဦးက သတင်းစကားပါးသည်။

အထက်ပါတိုက်ခိုက်မှုများကို YUA ၏ ‘ပြည်သူ့ကမ်းလက်များစစ်ဆင်ရေး’၏ အစိတ်အပိုင်းတစ်ခုအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီအပါအဝင် ၎င်း၏ထောက်တိုင်များနှင့် ဝေးဝေးနေကြရန် မေတ္တာရပ်ခံ သတိပေးထားသည်။

You May Also Like

သတင်း

နမ့်ခမ်းမြို့နယ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အချို့တွင် မြောက်ပိုင်းမဟာမိတ်တပ်များနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကစစ်ကောင်စီကိုတိုက်ခိုက်နေသည်။

သတင်း

ယနေ့ ဖြစ်ပွားသော တိုက်ပွဲအတွင်း နှစ်ဖက် အပြန်အလှန် လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်ဟုဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် အဆိုပါရွာအရှေ့ပိုင်းရှိ မွေးမြူရေးခြံများကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ မွေးမြူရေးခြံများ မီးလောင်ဆုံးရှုံးခဲ့ရပြီး ခြံအတွင်းရှိ ကြက်၊ ဝက်များလည်း အရှင်လတ်လတ် မီး‌လောင်သေဆုံးသွားခဲ့ကြောင်း ဒေသတွင်း အရာတော်ပို့စ်က ဖော်ကြသည်။

သတင်း

ထိထိမိမိတိုက်ခိုက်နိုင်ခဲ့သဖြင့် အကျအဆုံးများနိုင်ပြီး ညအချိန်ဖြစ်၍ အတိအကျမခန့်မှန်းနိုင် ကြောင်း တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။