Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်တွင် စစ်ဘေးရှောင် မိန်းကလေးတစ်ဦးပိုးထိပြီး အသက်အန္တရာယ်စိုးရိမ်ရ

ဝက်လက်နယ်တင်မကဘဲ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင်လည်း ​စစ်ဘေးရှောင်များမကြာ ခဏ​မြွေကိုက်၍ လူသေဆုံးမှုများ ဖြစ်ပေါ်နေသည်။

ပိုးထိကလေးငယ်အား တွေ့ရစဥ်၊ ထွက်ပြေးတိမ်းရှောင်နေရသည့်ပြည်သူများ၊ ဓာတ်ပုံ-Cj
ပိုးထိကလေးငယ်အား တွေ့ရစဥ်၊ ထွက်ပြေးတိမ်းရှောင်နေရသည့်ပြည်သူများ၊ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ဘေးရှောင် (၈)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မြွေကိုက်ခံရပြီး စိုးရိမ်ရသည့်အခြေအနေရှိကြောင်းဒေသခံများက ပြောသည်။

နိုဝင်ဘာ ၈ ရက်ည ၇နာရီ ၄၅ မိနစ်ခန့်က ဝက်လက် မြို့နယ်တစ်နေရာတွင် စစ်ဘေးရှောင်နေသော ဟန်လင်းမြို့ဟောင်း၊ ထနောင်းကုန်းရပ်ကွက် မှ (၈)နှစ် မိန်းကလေးငယ်မှာ ဘက်ဘက်လက်ညှိုး မြွေပွေးကိုက်ခံရပြီး စိုးရိမ်ရသည့်အခြေအနေရှိကြောင်း ဒေသခံများက ပြောသည်။

ပိုးထိကလေးငယ်အား တွေ့ရစဥ်၊ ထွက်ပြေးတိမ်းရှောင်နေရသည့်ပြည်သူများ၊ ဓာတ်ပုံ-Cj
ပိုးထိကလေးငယ်အား တွေ့ရစဥ်၊ ထွက်ပြေးတိမ်းရှောင်နေရသည့်ပြည်သူများ၊ ဓာတ်ပုံ-Cj

“ကလေးက ညပိုင်းအိပ်ရာထဲ အိပ်နေတုန်း မြွေကဝင်ကိုက်သွားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဝက်လက်နယ်တင်မကဘဲ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင်လည်း ​စစ်ဘေးရှောင်များမကြာ ခဏ​မြွေကိုက်၍ လူသေဆုံးမှုများ ဖြစ်ပေါ်နေသည်။

ပိုးထိကလေးငယ်အား တွေ့ရစဥ်၊ ထွက်ပြေးတိမ်းရှောင်နေရသည့်ပြည်သူများ၊ ဓာတ်ပုံ-Cj
ပိုးထိကလေးငယ်အား တွေ့ရစဥ်၊ ထွက်ပြေးတိမ်းရှောင်နေရသည့်ပြည်သူများ၊ ဓာတ်ပုံ-Cj

စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်အတွင်း ရှိ ဟန်လင်းပျူမြို့ဟောင်းအပါအဝင် ကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးနေ၍ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

နိုဝင်ဘာ ၇ ရက် ညပိုင်းက ဝက်လက်မြို့နယ်ရှိမ်းမကားနယ်မြေရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ​မိသားစုဝင်လေးဦး ထိမှန်ခဲ့ပြီး ကလေးမိခင်တစ်ဦးသေဆုံးခဲ့သည်။

You May Also Like

သတင်း

လဲပင်ရွာအနီး စစ်ကြောင်းထိုးလာသည့် အင်အား ၆၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ပြည်ခရိုင် PDFက အောက်တိုဘာ ၂၇ရက်တွင် တိုက်ခိုက်ခဲ့သည်။

သတင်း

စစ်ဘေးရှောင်များအား KURDAF မဟာမိတ် အင်အားစု အဖွဲ့ဝင် KSO ဆေးတပ်သားများကလည်း နှစ်ပတ်တစ်ကြိမ် အခမဲ့ ဆေးကုသပေးနေသည်ဟု ၎င်းက ပြောသည်။

သတင်း

ယမန်နေ့ည ၉ နာရီခန့်က မိုးဗြဲအခြေစိုက် စစ်ကောင်စီ၏ (၄၂၂)တပ်မှ စစ်ဘေးရှောင်စခန်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

သတင်း

ထို့နောက် မွန်းလွဲ ၁နာရီခွဲခန့်တွင် ကွမ်းစီးကန်အနီး ကျောက်ထပ်အနောက်ဖက်ရှိ စစ်ဘေးရှောင်တဲစခန်းများကို ဝင်ရောက်မီးရှို့ ဖျက်​ဆီးခဲ့ရာ တဲပေါင်း ၁၈လုံးကျော် မီးလောင်ကျွမ်းပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။