Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းရဲစခန်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သားကို ပြောက်ကျားတပ်ဖွဲ့ဖမ်းဆီး

ဖမ်းဆီးခံရတဲ့ တပ်သားဟာ စစ်ကိုင်းမြို့နယ်ရဲစခန်းမှာ တာဝန်ကျနေသူဖြစ်ပြီး ရဲစခန်းကနေ ထွက်လာချိန်မှာ ဖမ်းဆီးခံလိုက်ရတာပါ။

စစ်ကိုင်းတိုင်းအခြေစိုက် စစ်ကောင်စီ လက်အောက်ခံ ခြေမြန်တပ်မ ၃၃ က စစ်ကောင်စီတပ်သား တစ်ဦးကို မတ္တရာ မြို့ပြပြောက်ကျားတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးခံရတဲ့ တပ်သားဟာ စစ်ကိုင်းမြို့နယ်ရဲစခန်းမှာ တာဝန်ကျနေသူဖြစ်ပြီး ရဲစခန်းကနေ ထွက်လာချိန်မှာ ဖမ်းဆီးခံလိုက်ရတာပါ။

ဖမ်းဆီးချိန်မှာ ပြန်လည်ခုခံတဲ့အတွက် ရိုက်နှက်ဖမ်းဆီးခဲ့ရတယ်လို့ မတ္တရာ နဂါးနီပြောက်ကျားတပ်က ဆိုထားပါတယ်။

တပ်သား ဖမ်းခံရတဲ့အတွက် အင်အား ၁၀ ဦးဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်စိတ်ဟာ လိုက်လာတာကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သေးတယ်လို့သိရပါတယ်။

You May Also Like

သတင်း

အဆိုပါတိုက်ခိုက်မှု​များကြောင့်စစ်​ကောင်စီတပ်မှ ၁၅ ဦး​သေဆုံးကာ ၁၀ ဦးဒဏ်ရာရပြီးPDFမြိတ်ခရိုင်၊တပ်ရင်း(၁)မှ ရဲဘော်တစ်ဦးကျဆုံးသည်။စစ်ကောင်စီတပ်၏လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့်ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှု ဖြစ်စဥ်မှာ ယမန်နေ့ (နို၀င်ဘာ ၉ ရက်)နေ့လယ် ၁၂ နာရီ ၄မိနစ်ခန့်တွင် သေးဆူးလဲရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ် ဖွဲ့၀င်များအား စနိုက်ပါဖြင့်ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

သတင်း

ရခိုင်ဒေသ၌ တိုက်ပွဲများ လက်နက်ကြီးပစ်ခတ်မှုများ တစ်နေရာမဟုတ် တစ်နေရာ၌ နေ့တိုင်းလိုလို ဖြစ်ပွားနေသည်ဟု ရခိုင်ဒေသခံက ပြောသည်။

သတင်း

နမ့်ခမ်းမြို့နယ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အချို့တွင် မြောက်ပိုင်းမဟာမိတ်တပ်များနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကစစ်ကောင်စီကိုတိုက်ခိုက်နေသည်။