Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကြာအင်းဆိပ်ကြီးမှာ လက်နက်ကြီးစမှန်ပြီး ဒေသခံအမျိုးသမီး ဒဏ်ရာရ

ယခုကဲ့သို့ ပစ်ခတ်မှုကြောင့် ရာဘာခြံလုပ်ငန်းလုပ်ကိုင်နေသော ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးအစ ထိမှန်ခဲ့ပြီး ဒဏ်ရာရကတော့ စိုးရိမ်ရသည့်အခြေအနေမဟုတ်ကြောင်း ဝင်းရော်ဒေသ နွေဦးတော်လှန်ရေးလှုပ်ရှားလူငယ်များမှ သတင်းထုတ်ပြန်ထားသည်။

ကြာအင်းဆိပ်ကြီးမှာ လက်နက်ကြီးစမှန်ပြီး ဒေသခံအမျိုးသမီး ဒဏ်ရာရ
ကြာအင်းဆိပ်ကြီးမှာ လက်နက်ကြီးစမှန်ပြီး ဒေသခံအမျိုးသမီး ဒဏ်ရာရ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ရဲစခန်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ယနေ့ နိုဝင်ဘာလ(၁၀)ရက် နံနက်ရှစ်နာရီခွဲအချိန်တွင် ဝင်းရော်ဒေသ တံခွန်တိုင်ရဲစခန်း၌ ခြေကုပ်တပ်စွဲထားသော စစ်ကောင်စီတပ်မှ အင်အားတချို့သည် တံခွန်တိုင်ကားဂိတ်နှင့် တံခွန်တိုင်ရွာအရှေ့ဘက်သို့ မြေပြင်လှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး လက်နက်ကြီးဖြင့်လည်း ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ပစ်ခတ်မှုကြောင့် ရာဘာခြံလုပ်ငန်းလုပ်ကိုင်နေသော ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးအစ ထိမှန်ခဲ့ပြီး ဒဏ်ရာရကတော့ စိုးရိမ်ရသည့်အခြေအနေမဟုတ်ကြောင်း ဝင်းရော်ဒေသ နွေဦးတော်လှန်ရေးလှုပ်ရှားလူငယ်များမှ သတင်းထုတ်ပြန်ထားသည်။

You May Also Like

သတင်း

ယနေ့(နိုဝင်ဘာ ၉ ရက်)ည ၈ နာရီခွဲခန့်ကစ၍ဖယ်ခုံအခြေစိုက် ခမရ (၃၃၆)မှ လက်နက်ကြီး အသုံးပြုပစ်ခတ်နေခြင်းဟု ဆိုသည်။

သတင်း

ပျားကျေးရွာအနီးတိုက်ပွဲဖြစ်ပြီးနောက် ရွာထဲကို မနေ့က ညပိုင်းက စစ်ကောင်စီတပ် ဝင်ရောက်လာတာကြောင့် ရွာသူရွာသားတွေ တိမ်းရှောင်နေရပါတယ်။

သတင်း

ရွှေတြိဂံ(GTF)နှင့် မဟာမိတ်အဖွဲ့များသည် နိုဝင်ဘာလ ၆ ရက်နေ့ ညပိုင်းကလည်း ယင်းမာပင်မြို့အတွင်း စစ်တပ် တပ်စွဲထားသော နေရာအချို့အား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခဲ့သေးသည်။

သတင်း

ယမန်နေ့(နိုဝင်ဘာ ၇ ရက်) တန်ဆောင်မုန်းလပြည့် ည ၈နာရီခန့်က ဝက်လက်မြို့နယ် ရှိမ်းမကား‌ကျေးရွာ ရဲစခန်းရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်။