Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်နယ် ပဲခင်းကြီးရွာအနီး တိုက်ပွဲဖြစ်

ယမန်နေ့ (နိုဝင်ဘာ ၉ ရက်)နံနက် ၈နာရီခွဲခန့်က တန့်ဆည်မြို့နယ်၊ ပဲခင်းကြီးရွာနှင့် တောင်ပို့ရင်းတံတားကြားတွင် စစ်ကောင်စီတပ်နှင့် တန့်ဆည် PDFတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ဆင်ရေးတစ်ခုတွင်တွေ့ရသည့် တန့်ဆည်ပကဖရဲဘော်များ၊ ဓာတ်ပုံ-တန့်ဆည်(ပကဖ)
စစ်ဆင်ရေးတစ်ခုတွင်တွေ့ရသည့် တန့်ဆည်ပကဖရဲဘော်များ၊ ဓာတ်ပုံ-တန့်ဆည်(ပကဖ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပဲခင်းကြီးကျေးရွာအနီးတွင် ယမန်နေ့က ၁နာရီကျော်ကြာ တိုက်ပွဲဖြစ် ပွားပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများရှိကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၉ ရက်)နံနက် ၈နာရီခွဲခန့်က တန့်ဆည်မြို့နယ်၊ ပဲခင်းကြီးရွာနှင့် တောင်ပို့ရင်းတံတားကြားတွင် စစ်ကောင်စီတပ်နှင့် တန့်ဆည် PDFတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

နံနက် ၁၀ နာရီကျော်အထိ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်သား သေဆုံးထိခိုက်မှုများရှိကြောင်း၊ ပြည်သူ့ရဲဘော်တစ်ဦးလည်း မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း တန့်ဆည်(ပကဖ)အဖွဲ့တာဝန်ခံက ပြောသည်။

“ပဲခင်းကြီးအနောက်ဘက်အထွက်မှာဖြစ်တာ။ ရွာတွေကဆက်နေတာ။ ​ွေးတွေဘက်က တစ်ကောင်ပဲသေတယ်။ သုံးကောင်ဒဏ်ရာရတယ်။ပကဖဘက်ကထိတဲ့ရဲဘော်ကတော့ မစိုးရိမ်ရပါဘူး။”ဟု တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

အဆိုပါစစ်ကောင်စီတပ်သားများသည် ကံထူးမတွင် တပ်စွဲနေပြီး အထပ်မြင့်တိုက်များတွင် နေရာယူထားကြောင်း၊ ကံထူးမရှိ နေအိမ်များသို့ ဝင်ရောက်ပြီး ပစ္စည်းများနှင့် ဆေးဝါးများ အဓမ္မယူဆောင်နေကြကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် နိုဝင်ဘာ ၈ ရက် မွန်းလွဲပိုင်းကလည်းတန့်ဆည်နယ် ပေါင်ဂဒေါင် ရေငုပ်ပြွန်မှ အောင် စွာဖက် ဖြတ်ကူးနေသောအင်အား ၂၀၀ ကျော်ပါ ခမရ (၃၆၁၊၃၆၉)စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးကြောင်း သတင်းထုတ်ပြန်ထားသည်။

You May Also Like

သတင်း

ရခိုင်ဒေသ၌ တိုက်ပွဲများ လက်နက်ကြီးပစ်ခတ်မှုများ တစ်နေရာမဟုတ် တစ်နေရာ၌ နေ့တိုင်းလိုလို ဖြစ်ပွားနေသည်ဟု ရခိုင်ဒေသခံက ပြောသည်။

သတင်း

ရခိုင်ပြည်နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်၊ မင်းပြားမြို့နယ် မောင်တောမြို့နယ်နှင့် ပလက်မြို့နယ်တို့၌ တိုက်ပွဲများဖြစ်ခဲ့သည်။

သတင်း

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် ပရင်းမှော်များ ရှိရာ နမ်ဗျူဒေသမှ လီဒိုလမ်းရှိ ရှဒူးဇွပ်တပ်စခန်းသို့ ပြန်ဝင်လာသည့် စစ်ကြောင်း ဖြစ်သည်ဟု KIAက သတင်းဖော်ပြသည်။

သတင်း

KNUတွင် ခရိုင်နှင့် တပ်မဟာ ခုနစ်ခုရှိသည့်အနက် ခရိုင် ၊ တပ်မဟာခြောက်ခုတို့၏ နယ်မြေများ၌တိုက်ပွဲများနေ့စဉ် ဖြစ်ပွားလျက်ရှိကြောင်း အသိပေးထားသည်။