Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလောတွင်စစ်ကောင်စီတပ်အားPDFများကသုံးကြိမ်တိုက်ခိုက်စစ်သား၁၅ ဦး​သေပြီး၁၀ဦးဒဏ်ရာရ၊ PDFတစ်ဦးကျ

အဆိုပါတိုက်ခိုက်မှု​များကြောင့်စစ်​ကောင်စီတပ်မှ ၁၅ ဦး​သေဆုံးကာ ၁၀ ဦးဒဏ်ရာရပြီးPDFမြိတ်ခရိုင်၊တပ်ရင်း(၁)မှ ရဲဘော်တစ်ဦးကျဆုံးသည်။စစ်ကောင်စီတပ်၏လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့်ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

(စစ်​ကောင်စီတပ်မီးရှို့သွား​​သော​နေအိမ်အချို့နှင့်စစ်တပ်ထံမှသိမ်းဆည်းရမိသာကျည်အချို့ ။ဓါတ်ပုံ-PPDF)
(စစ်​ကောင်စီတပ်မီးရှို့သွား​​သော​နေအိမ်အချို့နှင့်စစ်တပ်ထံမှသိမ်းဆည်းရမိသာကျည်အချို့ ။ဓါတ်ပုံ-PPDF)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင်စစ်ကောင်စီတပ်နှင့်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြားနိုဝင်ဘာ ၈ရက်တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ရာ စစ်​ကောင်စီတပ်သား၁၅ ဦး​သေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့​ကြောင်း မြိတ်ခရိုင်တပ်ရင်း(၁)မှ တာဝန်ရှိသူက​ပြောသည်။

“တိုက်ပွဲ ၂ခုက ခရိုင်တပ်ရင်းကတိုက်တာ၊မဟာမိတ်အခြားအဖွဲ့က မိုင်းဆွဲခဲ့တာပါ”ဟု မြိတ်ခရိုင်၊တပိရင်း(၁)တာဝန်ရှိသူကပြောသည်။

ပုလောမြို့နယ်၊ ကဒဲရွာရွာ၊စက်တော်ရာရွာနှင့်သင်္ကန်းတောရွာတို့တွင်နိုဝင်ဘာ ၈ ရက်၊မနက်၄ နာရီမှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ကဒဲကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကို PDF၊မြိတ်ခရိုင်တပ်ရင်း(၁)၊မဟာမိတ်တပ်ပေါင်းစုတို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းမြိတ်ခရိုင် တပ်ရင်း(၁)ကထုတ်ပြန်ထားသည်။

(စစ်​ကောင်စီတပ်မီးရှို့သွား​​သော​နေအိမ်အချို့နှင့်စစ်တပ်ထံမှသိမ်းဆည်းရမိသာကျည်အချို့ ။ဓါတ်ပုံ-PPDF)
(စစ်​ကောင်စီတပ်မီးရှို့သွား​​သော​နေအိမ်အချို့နှင့်စစ်တပ်ထံမှသိမ်းဆည်းရမိသာကျည်အချို့ ။ဓါတ်ပုံ-PPDF)

ထိုအပြင် မြိတ်မြို့မှ ပုလောမြို့သို့တက်လာသည့် စစ်ကောင်စီတပ်ယာဥ်တန်းကိုလည်း မနက် ၇နာရီတွင်စက်တော်ရာအနီး၌ မဟာမိတ်တပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လမ်းမကြီးတစ်လျှောက်ရှိ တပိုရွာ၊ တိုရွာ၊ တန်းရှင်းရွာ၊ သင်္ကန်းတောရွာတို့ရှိ​​နေအိမ် ၁၀ လုံးကိုမီးရှို့ဖျက်ဆီးသွား​ကြောင်း အသိ​ပေးထားသည်။ အိမ်များကိုမိးရှို့သည့်အပြင်ခရီးသည်တင်ယာဉ်များကိုလည်းဓားစာခံအဖြစ်တစ်နေကုန်ဖမ်းဆီးထားခဲ့သည်ဟုလည်းသိရသည်။

ထိုအအပြင် ည ၁၁နာရီတွင် သင်္ကန်းတောရွာမှ ပုလောမြို့သို့ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို မဟာမိတ်ပူးပေါင်းအဖွဲ့များကထပ်မံ၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြန်သည်။

အဆိုပါတိုက်ခိုက်မှု​များကြောင့်စစ်​ကောင်စီတပ်မှ ၁၅ ဦး​သေဆုံးကာ ၁၀ ဦးဒဏ်ရာရပြီးPDFမြိတ်ခရိုင်၊တပ်ရင်း(၁)မှ ရဲဘော်တစ်ဦးကျဆုံးသည်။စစ်ကောင်စီတပ်၏လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့်ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“စက်တော်ရာနားမှာမိုင်းဆွဲတာစခ(စစ်ကောင်စီတပ်သား)တွေ ကားတစ်စီးပျက်စီးသွားတယ်။ အိမ်၃လုံးကိုလည်း မီးရှို့သွားတယ်။ နောက်ပြီး စခတွေပစ်တဲ့ လက်နက်ကြီးမှန်လို့ ကလေးမတယောက် ထိခိုက်ဒဏ်ရာရသွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေရသည်ဟုလည်း အထက်ပါ​ဒေသခံက​ပြောသည်။

မြိတ်-ထားဝယ်လမ်းကို နိုဝင်ဘာ ၈ ရက်မှစ၍ အသုံးမပြုရန် PDFများကအသိ​ပေးထားပြီး ၊ခရီးသည်တင်မော်တော်ယာဉ်လိုင်းများနှင့် မိဘပြည်သူများသည်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ၏ ထုတ်ပြန်ချက်များကိုလိုက်နာပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

You May Also Like

သတင်း

စစ်ကောင်စီဟာ ဝန်ကြီးဦးမျိုးသစ်ကို CDM လှုပ်ရှားမှု လှုံဆော်တယ်ဆိုပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲထောင်ချခဲ့တာပါ။

သတင်း

တိုက်ခိုက်မှု ဖြစ်စဥ်မှာ ယမန်နေ့ (နို၀င်ဘာ ၉ ရက်)နေ့လယ် ၁၂ နာရီ ၄မိနစ်ခန့်တွင် သေးဆူးလဲရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ် ဖွဲ့၀င်များအား စနိုက်ပါဖြင့်ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

သတင်း

ဖမ်းဆီးခံရတဲ့ တပ်သားဟာ စစ်ကိုင်းမြို့နယ်ရဲစခန်းမှာ တာဝန်ကျနေသူဖြစ်ပြီး ရဲစခန်းကနေ ထွက်လာချိန်မှာ ဖမ်းဆီးခံလိုက်ရတာပါ။

သတင်း

ရခိုင်ဒေသ၌ တိုက်ပွဲများ လက်နက်ကြီးပစ်ခတ်မှုများ တစ်နေရာမဟုတ် တစ်နေရာ၌ နေ့တိုင်းလိုလို ဖြစ်ပွားနေသည်ဟု ရခိုင်ဒေသခံက ပြောသည်။