Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်မြစ်အတွင်း ဆီတင်သင်္ဘောတစ်စင်း အချိန် ၁နာရီကျော်ကြာမီးလောင်

အဆိုပါ မီးလောင်ခဲ့သည့် စက်သုံးဆီရေယာဥ်သည် စစ်ကောင်စီတပ်အတွက် ဆီသယ်လာသည့်သင်္ဘောဟု သတင်းထွက်ပေါ်နေသောလည်း သီးခြားအတည်မပြုနိုင်သေးပေ။

ဓာတ်ပုံ - MFSD
ဓာတ်ပုံ - MFSD

ရန်ကုန်မြစ်အတွင်း စက်သုံးဆီတင် သင်္ဘောတစ်စင်း အချိန်၁နာရီကျော်ကြာမီးလောင်မှုဖြစ်ပွားခဲ့သည်။

ယနေ့(နိုဝင်ဘာ ၁၀ ရက်)နေ့လယ် ၂ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့သော ဆီတင်သင်္ဘောမီးကို ညနေ၃ နာရီ ၅၃မိနစ်ခန့်မှသာ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က အသိပေးထားသည်။

“အင်ဂျင်ခန်းက လောင်တာ မဟုတ်ဘူး။ဆီတွေထည့်ထားတဲ့ tankကနေ တိုက်ရိုက်လောင်တာလို့ပြောလို့ရတယ်။တ ခြားအသေး စိတ်တော့ ဌာနချုပ် မေးမှရမယ်”ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်ခဲ့သော ပုစွန်တောင်မြို့နယ်မီးသတ်စခန်းတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အဆိုပါ မီးလောင်ခဲ့သည့် စက်သုံးဆီရေယာဥ်သည် စစ်ကောင်စီတပ်အတွက် ဆီသယ်လာသည့်သင်္ဘောဟု သတင်းထွက်ပေါ်နေသောလည်း သီးခြားအတည်မပြုနိုင်သေးပေ။

You May Also Like

သတင်း

ရန်ကုန်မြို့ လမ်းမများပေါ်တွင် ပံ့သကူကောက်သူများ အလွန်များပြားသည့်အတွက် အကြမ်းဖက် စစ်ကောင်စီ၏ အန္တရာယ်ပေးနိုင်မှုများကို သတိထားရှောင်ကျဥ်သင့်ကြောင်း တော်လှန်အင်အားစုများကလည်း အသိပေးပြောကြားထားသည်။

ဗီဒီယို

ရွေတိဂုံဘုရား၌ ယနေ့နံနက်ကတည်းက ဘုရားဖူးလာရောက်သူများပြားခဲ့ပြီး ည ၇နာရီအချိန်ခန့်အထိ ရင်ပြင်တော်၌ ဘုရားဖူးတော်တော်များများတွေ့ခဲ့ရသည်။

သတင်း

မန္တလေးမှထွက်ခွာလာပြီးဆန်အိတ် ၁၅၀၀၀ ကျော်တင်ဆောင်လာသောသင်္ဘာကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ (CDSOM)ကယနေ့(နိုဝင်ဘာ၆ရက်) နေ့လယ် နှစ်နာရီတွင်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

နိုင်ငံတကာ

မြို့ခံမီးသတ် တပ်ဖွဲ့ဟာ နိုက်ကလပ်မီးကို ငြှိမ်းသတ်ဖို့အတွက် နာရီပေါင်း အတော်ကြာအောင် အချိန်ယူခဲ့ရပါတယ်။ မီးကျည်သေနတ် ပစ်ခတ်ခဲ့တယ်ဆိုတဲ့ အမျိုးသားကတော့ လောလောဆယ် အဖမ်းခံထားရပါတယ်။