Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သထုံတွင် ပြည်သူတစ်ဦးကို လာဖမ်းသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအပါအဝင် သုံးဦးသေ

နိုဝင်ဘာ ၁၀ရက် နံနက်အစောပိုင်း၌ ဝင်းစိန် ကျေးရွာမှ အရပ်သားကို ဖမ်းပြီးပြန်လာသည့် နံနက် ၅နာရီခွဲခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

(ပုံစာ - သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်)
(ပုံစာ - သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်)

▪️သေဆုံးခဲ့သည့် အရာရှိသည် သထုံနယ်တွင် လူထုကို ဖိနှိပ်ရာ၌ အဓိကအရေးပါသူဖြစ်ပြီး လက်နက် သုံးလက်ရဟု KNUသထုံခရိုင်မိတ်ဖက်တော် လှန်ရေးတပ်ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သထုံမြို့နယ် ဝင်းစိန်ကျေးရွာသို့ အရပ်သားတစ် ဦးကို လာဖမ်းသည့် စစ်ကောင်စီတပ်ကို ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါအဝင် သုံးဦးသေဆုံးပြီး လက်နက် သုံးလက်ရရှိခဲ့ကြောင်း KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၁၀ရက် နံနက်အစောပိုင်း၌ ဝင်းစိန် ကျေးရွာမှ အရပ်သားကို ဖမ်းပြီးပြန်လာသည့် နံနက် ၅နာရီခွဲခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ပစ်ခတ်တော့ သူ့ဆီက သူအပါအဝင် သုံးဦး ကျတယ်။ တစ်ယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်။ ဒဏ်ရာတော့ ရသွားတယ်။ သူတို့ဆီကနေ လက်နက် ၃လက်နက်နဲ့ ငွေ ၂၃ သိန်းပေါ့။ အဲဒါ အတည်ပြုလို့ရပါတယ်” ဟု KNU မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲရေးကော်မတီ တာဝန်ရှိသူက ပြောသည်။

(ပုံစာ - သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်)
(ပုံစာ – သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်)

သေဆုံးသွားသည့် ဗိုလ်မှူးမှာ သထုံမြို့နယ် စစ်ကောင်စီ၏ လုံခြုံရေးအဖွဲ့အစည်း၏ အရေးပါသည့် ပုဂ္ဂိုလ်ဖြစ်ပြီး ၎င်းသည် ပြည်သူလူထုများကို ဖိနှိပ်ခဲ့ရာတွင် အဓိက တာဝန်ရှိသူတစ်ဦးလည်း ဖြစ်ကြောင်း မိတ်ဖက်ကော်မတီ တာဝန်ရှိသူက ပြောသည်။

“သူက လေ့ကျင့်ရေး (၉)က။ သထုံမြို့နယ် အနေနဲ့ဆိုရင် သူတို့ မြို့နယ်ရဲ့ လုံခြုံရေး အဖွဲ့အစည်းက သူ့အထက်မှာဆိုရင် ဒုဗိုလ်မှူးကြီး တစ်ယောက်ရှိတာပေါ့။ ဒုဗိုလ်မှူးကြီးက ကျနော်တို့ အရပ်အခေါ် ဥက္ကဋ္ဌလို ကိုင်တွယ်ပြီးတော့ သူကတော့ အတွင်းရေးမှူး အနေနဲ့ အကောင်အထည်ဖော်တဲ့သူပေါ့ အဓိက အရေးပါတဲ့ သူတစ်ယောက်ပေါ့။မြို့ပေါ်မှာတော့သူ့ကို တော်တော်မုန်းတီးကြတယ်။ ဒီကိစ္စမှာလည်း ကျနော်တို့ သူ့ကို တုန့်ပြန်လိုက်နိုင်တဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ ဝမ်းသာကြောင်းတွေ သိရတာပေါ့”ဟု မိတ်ဖက် ကော်မတီ တာဝန်ရှိသူက ပြောသည်။

KNU သထုံခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF) အပါအဝင် တော်လှန်ရေးအင်အားစုများသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်းချိတ်ဆက်ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

You May Also Like

သတင်း

စစ်ကောင်စီဟာ ဝန်ကြီးဦးမျိုးသစ်ကို CDM လှုပ်ရှားမှု လှုံဆော်တယ်ဆိုပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲထောင်ချခဲ့တာပါ။

သတင်း

အဆိုပါတိုက်ခိုက်မှု​များကြောင့်စစ်​ကောင်စီတပ်မှ ၁၅ ဦး​သေဆုံးကာ ၁၀ ဦးဒဏ်ရာရပြီးPDFမြိတ်ခရိုင်၊တပ်ရင်း(၁)မှ ရဲဘော်တစ်ဦးကျဆုံးသည်။စစ်ကောင်စီတပ်၏လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့်ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှု ဖြစ်စဥ်မှာ ယမန်နေ့ (နို၀င်ဘာ ၉ ရက်)နေ့လယ် ၁၂ နာရီ ၄မိနစ်ခန့်တွင် သေးဆူးလဲရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ် ဖွဲ့၀င်များအား စနိုက်ပါဖြင့်ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

သတင်း

ဖမ်းဆီးခံရတဲ့ တပ်သားဟာ စစ်ကိုင်းမြို့နယ်ရဲစခန်းမှာ တာဝန်ကျနေသူဖြစ်ပြီး ရဲစခန်းကနေ ထွက်လာချိန်မှာ ဖမ်းဆီးခံလိုက်ရတာပါ။