Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တပ်မ(၆၆)လက်အောက်ခံ ခမရ(၄)တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ KNDFထံ အလင်းဝင်

လက်ရှိတပ်တွင်း ထွက်ပြေးနေသူ အများစုတွင် အသက်ငယ်ရွယ်သူများပြီး နောက်တန်းတွင် မိသားစုကျန်ရစ်သည့် သက်ကြီးပိုင်းစစ်ကောင်စီ တပ်သားများသာ ကျန်ရှိသည်ဟုလည်း ထွက်ဆို ထားသည်။

Update News
Update News

တပ်မ(၆၆)လက်အောက်ခံ ခမရ(၄)မှ တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင် လာရောက်ပူးပေါင်းကြောင်း ကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း- ၂ က ယနေ့ (နိုဝင်ဘာ ၁၀ ရက်) ထုတ်ပြန်သည်။

ထုတ်ပြန်သည့် ဗီဒီယိုဖိုင်မှတ်တမ်းအရ ကျည် အအရေအတွက် ရာဂဏန်းပါဝင်ပြီး အီနာဂါ ဗုံး သီးများအပြင် MA 1 သေနတ်တစ်လက်ပါရှိသည်။

“စစ်သားတစ်ယောက်ပြေးတယ်ဆိုတာ လွယ်တာမဟုတ်ဘူး။ဒီကောင်တွေက မိဘကို ဒုက္ခပေးတယ်။အဲဒီဒုက္ခပေးတာ အဆင်မပြေရင် တွေ့တဲ့ဟာ သိမ်းတယ်။မိသားဟုဝင်တွေကို ထောင် ချတယ်”ဟု အသက် (၁၈)နှစ်အရွယ် CDM တပ်သားက ရှင်းပြသည်။

ကိုယ်ပိုင်အမှတ် ( တ/တ ၁၂၉၁၀၀) အင်းမ အခြေစိုက်ခမရ -၄ တွင် တစ်နှစ်ဝန်းကျင် တာ ဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ မိုးဗြဲမြို့စစ်ဆင်ရေးအတွင်း ထွက်ပြေးခဲ့ကြောင်း ၎င်းက ဆိုသည်။

မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီအထက်အရာရှိ များ၏ ခိုင်းစေမှုကြောင့် အရပ်သားနေအိမ်များ မီးရှို့ရကြောင်း ၎င်းက ဝန်ခံသည်။

လက်ရှိတပ်တွင်း ထွက်ပြေးနေသူ အများစုတွင် အသက်ငယ်ရွယ်သူများပြီး နောက်တန်းတွင် မိသားစုကျန်ရစ်သည့် သက်ကြီးပိုင်းစစ်ကောင်စီ တပ်သားများသာ ကျန်ရှိသည်ဟုလည်း ထွက်ဆို ထားသည်။

“မကောင်းတဲ့ ဒီစစ်သားတွေကို ပြန်ပြီး တိုက်ခိုက် မယ်လို ရည်ရွယ်ထားတယ်”ဟု KNDF နှင့်ပူးပေါင်းလာသည် စစ်ကောင်စီတပ်သားက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသအတွင်း ထိုးစစ်ဆင်နေသည့် တပ်မ (၆၆)လက်အောက်ခံတပ်ရင်းများမှ စစ်ကောင်စီ တပ်သား ၁၀၀ နီးပါးခန့်မှာ ကရင်နီပူးပေါင်းတပ်များနှင့် ကရင်နီပြည်သူ့ရင်ခွင်ထံ လာရောက်ပူးပေါင်း ထားသည်။

တပ်မ(၆၆)လက်အောက်တွင် ခလရ (၁)၊ခလရ (၁၁) ၊ခလရ (၁၄)၊ ခလရ (၃၅) ၊ခလရ (၈၀) ၊ခမရ (၄၊၅၊၆)၊ခမရ (၁၀) နှင့် ခမရ (၁၀၈)စသည့် တပ်ရင်း ၁၀ ခုရှိသည်။

You May Also Like

သတင်း

တိုက်ခိုက်မှု ဖြစ်စဥ်မှာ ယမန်နေ့ (နို၀င်ဘာ ၉ ရက်)နေ့လယ် ၁၂ နာရီ ၄မိနစ်ခန့်တွင် သေးဆူးလဲရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ် ဖွဲ့၀င်များအား စနိုက်ပါဖြင့်ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

သတင်း

ဖမ်းဆီးခံရတဲ့ တပ်သားဟာ စစ်ကိုင်းမြို့နယ်ရဲစခန်းမှာ တာဝန်ကျနေသူဖြစ်ပြီး ရဲစခန်းကနေ ထွက်လာချိန်မှာ ဖမ်းဆီးခံလိုက်ရတာပါ။

သတင်း

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် ပရင်းမှော်များ ရှိရာ နမ်ဗျူဒေသမှ လီဒိုလမ်းရှိ ရှဒူးဇွပ်တပ်စခန်းသို့ ပြန်ဝင်လာသည့် စစ်ကြောင်း ဖြစ်သည်ဟု KIAက သတင်းဖော်ပြသည်။

သတင်း

"လမ်းပိတ်ပြီးတော့ လိုက်လံပစ်ခတ်တာတွေရှိတယ်။ ရဲဘော်တွေကတော့ အန္တရာယ်ကင်းတဲ့နေရာပြန်ရောက်ပါပြီ။"ဟု ကိုသက်ကြီးက ပြောသည်။