Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုနယ်အရှေ့ပိုင်း၌ ကင်းပုန်းဝပ်ရန်လာသည့်စစ်ကောင်စီတပ်ကို မိုင်းဖြင့်တိုက်ခိုက်

ဖောက်ခွဲတိုက်ခိုက်ချိန်တွင် စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

နတ်တောင်နဂါးပကဖအဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-နတ်တောင်နဂါး
နတ်တောင်နဂါးပကဖအဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-နတ်တောင်နဂါး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အရှေ့ပိုင်း၌ ကင်းပုန်းဝပ်ရန်လာသော စစ်ကောင်စီတပ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။

နိုဝင်ဘာ ၉ ရက် ညနေ ၄နာရီခွဲခန့်က ရွှေဘိုမြို့နယ်၊ အရှေ့ခြမ်း၊ ကျောက်မြောင်းမြို့နယ်ခွဲရှိ ပျူစောထီးကြီးစိုးရာ မခေါက်ကျေးရွာမှ စစ်ကောင်စီတပ်နှင့်ပျူများသည် အနောက်ပိုင်းရှိ ကျောက်ကြမ်းတောင်ဘက်သို့ ကင်းပုန်းဝပ်ရန် ထွက်လာခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်နှင့်ပျူများအား အဝေးထိန်းစနစ်ဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ မခေါက်ရွာပျူ ခေါင်းဆောင် တင်မိုးအောင်မှာ နေရာတွင် သေဆုံး၍ အပေါင်းအပါ စစ်ကောင်စီတပ်နှင့်ပျူအဖွဲ့ဝင် သုံးဦးမှာ အပြင်းအထန် ဒဏ်ရာရရှိကြောင်း နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

ဖောက်ခွဲတိုက်ခိုက်ချိန်တွင် စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

အဆိုပါ စစ်ဆင်ရေးအား နတ်တောင်နဂါး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နှင့် နတ်တောင်နဂါး တပ်ခွဲ(၂) ဇာမဏီ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၏ ရဲဘော်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း နတ်တောင်နဂါး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ကအသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ နတ်တောင်နဂါး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

မခေါက်ရွာရှိ ပျူစောထီးအဖွဲ့ဝင်များသည် ပြီးခဲ့သည့်လပိုင်းအတွင်းက စစ်ကောင်စီတ​ပ်ဖွဲ့ဝင်များနှင့်ပေါင်းကာ ရွှေဘိုနယ်အရှေ့ပိုင်းကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမီးရှို့မှုများ ပြုလုပ်ခဲ့သေးသည်။

You May Also Like

သတင်း

နိုဝင်ဘာ ၁၀ရက် နံနက်အစောပိုင်း၌ ဝင်းစိန် ကျေးရွာမှ အရပ်သားကို ဖမ်းပြီးပြန်လာသည့် နံနက် ၅နာရီခွဲခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

သတင်း

စစ်ကောင်စီဟာ ဝန်ကြီးဦးမျိုးသစ်ကို CDM လှုပ်ရှားမှု လှုံဆော်တယ်ဆိုပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲထောင်ချခဲ့တာပါ။

သတင်း

အဆိုပါတိုက်ခိုက်မှု​များကြောင့်စစ်​ကောင်စီတပ်မှ ၁၅ ဦး​သေဆုံးကာ ၁၀ ဦးဒဏ်ရာရပြီးPDFမြိတ်ခရိုင်၊တပ်ရင်း(၁)မှ ရဲဘော်တစ်ဦးကျဆုံးသည်။စစ်ကောင်စီတပ်၏လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့်ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှု ဖြစ်စဥ်မှာ ယမန်နေ့ (နို၀င်ဘာ ၉ ရက်)နေ့လယ် ၁၂ နာရီ ၄မိနစ်ခန့်တွင် သေးဆူးလဲရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ် ဖွဲ့၀င်များအား စနိုက်ပါဖြင့်ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။