Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူမြန်မာ့စီးပွားရေးဘဏ်အစောင့် စစ်အုပ်စုအား တစ်ပတ်အတွင်း နှစ်ကြိမ် ဗုံးပစ်တိုက်ခိုက်

မြင်းခြံခရိုင်တပ်ရင်း(၇) Zero ပြောက်ကျားတပ်ဖွဲ့နှင့် တပ်ခွဲ(၃) True Fighter အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးသည်။

မြင်းမူ မြန်မာ့စီးပွားရေးဘဏ်ခွဲအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ
မြင်းမူ မြန်မာ့စီးပွားရေးဘဏ်ခွဲအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မြန်မာ့စီးပွားရေးဘဏ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တစ်ပတ်အတွင်း ဒုတိယ​အကြိမ် လက်ပစ်ဗုံးဖြင့် အနီးကပ်ပစ်ခတ် တိုက်ခိုက်ခံရပြီး ကင်းစောင့်ရင်းအိပ်ပျော်နေသော စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း မြင်းခြံခရိုင်တပ်ရင်း(၇) Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ယနေ့ (နိုဝင်ဘာ ၁၁ ရက်)နံနက် ၅ နာရီခန့်က မြင်းမူမြို့ပေါ် ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ကင်းစောင့်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့သေဆုံးပြီး ထိခိုက်ဒဏ်ရာများရရှိသွားကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

“စခ ရှစ်ကောင် အိပ်ပျော်နေတဲ့အချိန် သံပုရာသီးလက်ပစ်ဗုံးနဲ့ အနီးကပ်ပစ်ခတ်ခဲ့တယ်။ ပစ်ခတ် တဲ့အချိန် ငါးကောင်သေ၊ တစ်ကောင်အပြင်းအထန်ဒဏ်ရာရပြီး နှစ်ကောင်က အချက်သုံးဆယ်လောက်ပြန်ပစ်ခဲ့တယ်။ ရဲဘော်တွေကတော့ လွတ်ကင်းတဲ့နေရာရောက်ပြီ။”ဟု Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

မြင်းခြံခရိုင်တပ်ရင်း(၇) Zero ပြောက်ကျားတပ်ဖွဲ့နှင့် တပ်ခွဲ(၃) True Fighter အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်ကလည်း မြင်းမူမြန် မာ့စီးပွားရေးဘဏ်ရှေ့ရှိ စစ်ကောင်စီတပ်အား လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း-၇ ZERO ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

You May Also Like

သတင်း

အာဏာသိမ်း စစ်အုပ်စုနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေဟာ ပိုက်ဆံပေးပြီး ဖျက်ခိုင်းတာလို့ ဒေသခံတွေ ယူဆနေကြတာတွေရှိနေပါတယ်။

သတင်း

ဥရောပသမဂ္ဂ(EU)နှင့် အမေရိကန်တို့သည် ၂၀၂၀ ရွေးကောက်ပွဲ ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် တရားမဝင်အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်းနှင့်ပတ်သက်ဆက်နွှယ်နေသူများကို အရေးယူဒဏ်ခတ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

သတင်း

ပစ်ခတ်တိုက်ခိုက်မှု ၁နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦးသေဆုံးသည်ဟု သတင်းရကြောင်း KSOအဖွဲ့ တာဝန်ခံက ပြောသည်။

သတင်း

အာဏာသိမ်းသည့်အချိန်မှ စပြီး စစ်တပ်သည် လူပေါင်း ၂,၄၀၀ ကျော်သတ်ဖြတ်ခြင်း၊ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပေါင်း ၁၆,၀၀၀ ကျော် ဖမ်းဆီးခြင်းတို့ဖြင့်မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်သည်။