Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာတွင် PDFအဖွဲ့ ဆင်ထားသည့်မိုင်းအား ဓာတ်ပုံလာရိုက်သော စစ်ကောင်စီကင်းထောက်ကို မိုင်းခွဲတိုက်ခိုက်

နိုဝင်ဘာ၇ ရက်ကလည်း မုံရွာမြို့သို့ ပြန်လာသောစစ်ကောင်စီတပ်ကားတစ်စီးကို မြို့အဝင် ပြည်တော်သာအဝိုင်းထိပ်တွင် ဒေသကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

မုံရွာမြို့ ကျောက်ကာလမ်းမ၌ တွေ့ရသော စစ်ကောင်စီတပ်သားများ၊ဓာတ်ပုံ - CJ
မုံရွာမြို့ ကျောက်ကာလမ်းမ၌ တွေ့ရသော စစ်ကောင်စီတပ်သားများ၊ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ဆင်ထားသည့်မိုင်းအား ဓာတ်ပုံလာရိုက်သော စစ်ကောင်စီကင်းထောက်တစ်ဦးကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force-Monywa-V2အဖွဲ့၏ ​တာဝန်ခံ ကိုလင်းယုန်က ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၁၀ ရက်) ညနေ ၆နာရီခွဲခန့်က မုံရွာမြို့၊စက်မှုဇုန်ရပ်ကွက်၊ စန္ဒကူးလမ်း​ဆုံ၊ရေစင်ကြီးအနီးတွင် မိုင်းတစ်ခုအား ဆိုင်ကယ်နှင့် ခေါက်တုံ့ခေါက်ပြန် ပတ်ကြည့်ပြီး ဓာတ်ပုံရိုက်သွားသော စစ်ကောင်စီ၏ ကင်းထောက်တစ်ဦးအား မိုင်း၂လုံးခွဲကာ တိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force-Monywa-V2အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုလင်းယုန်က ပြောသည်။

၎င်းမှာနေရာတင်လဲကျသွားပြီး စစ်အုပ်စုကလာရောက်တင်ဆောင်သွားသည်ဟု ဆိုသည်။

“သူ ဓါတ်ပုံရိုက်သွားတဲ့မိုင်းနဲ့ပဲ ခွဲခဲ့တာပါဗျ။ စကစ သတင်းပေးတစ်ဦးပါ။”ဟု Golden Eagle Force-Monywa-V2အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုလင်းယုန်က ပြောသည်။

စစ်အုပ်စုနှင့်နီးကပ်နေ၍ သေဆုံးမှုရှိ၊မရှိ အတည်မပြုနိုင်သေးဘဲ ပြည်သူ့ ရဲဘော်များမှာ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Golden Eagle Force-Monywa-V2အဖွဲ့က အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးကို Golden Eagle Force-Monywa-V2နှင့် Black Dragon Special Task Force၊ Farmer Revolution Force(FRF UG တပ်ရင်း၉)၊ Monywa Ranger Army၊ Heroes Defence Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

နိုဝင်ဘာ၇ ရက်ကလည်း မုံရွာမြို့သို့ ပြန်လာသောစစ်ကောင်စီတပ်ကားတစ်စီးကို မြို့အဝင် ပြည်တော်သာအဝိုင်းထိပ်တွင် ဒေသကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

You May Also Like

သတင်း

"ဒရုန်းနဲ့တိုက်ခိုက်တာ ဝိုင်းဖွဲ့နေတဲ့နေရာကိုကျတယ်။ အနည်းဆုံး သုံးကောင်သေတယ်။ ဒဏ်ရာရရှိမှုများလည်း ရှိပါတယ်"ဟု ကိုသက်ကြီးက ဆိုသည်။

သတင်း

လက်ရှိတွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ လက်ရုံးတပ်ဖွဲ့များဖြင့်သာ နောက်တန်းလုံခြုံရေးယူထားရသည်ဟု ၎င်းတို့က ဆိုသည်။

သတင်း

စစ်ကောင်စီတပ်လာရောက်သည့်နေ့တွင် မင်းတပ် CDF၏ စနိုက်ပါ စစ်သည်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့သည် ဟုလည်း ဆလိုင်းဟာအွမ်က ပြောသည်။

သတင်း

အိမ်ခြေလေးရာရှိသည့်အနက် အများစု မီးလောင်သွားပြီး ရွာကို ဝင်၍မရသေးသောကြောင့် အိမ်ခြေအတိအကျမသိရသေးဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။