Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်က ​မြောင်နယ်မှနနွင်းကိုင်းရွာကိုမီးရှို့ပြီးဆက်လက်တပ်စွဲထား

အိမ်ခြေလေးရာရှိသည့်အနက် အများစု မီးလောင်သွားပြီး ရွာကို ဝင်၍မရသေးသောကြောင့် အိမ်ခြေအတိအကျမသိရသေးဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

(မြောင်ဒေသစစ်ဘေးရှောင်များ ။ ဓါတ်ပုံ-CDSOM)
(မြောင်ဒေသစစ်ဘေးရှောင်များ ။ ဓါတ်ပုံ-CDSOM)

မြောင်မြို့နယ်နနွင်းကိုင်းကျေးရွာတစ်ရွာလုံးနီးပါးကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်သည် ပြန်ထွက်မသွား​သေးဘဲ ရွာတွင် အထိုင်ချတပ်စွဲထားကြောင်း ဒေသခံများကပြောသည်။

“ပထမက အင်အား တစ်ရာလောက်နဲ့ လာတာ။ အခုက အင်အားထပ်တိုးလာတယ်။ ၁၅၀လောက်ဖြစ်နေပြီ။ ရွာမှာ တပ်စွဲထားလိုက်ကြပြီ။ လုံးဝ ဝင်မရတော့ဘူး”ဟုနနွင်းကိုင်းရွာဒေသခံတစ်ဦးကပြောသည်။

မန္တလေးမှထွက်ခွာလာပြီးဆန်အိတ်၁၅၀၀၀ကျော်တင်ဆောင်လာသောစစ်​ကောင်စီတပ်သင်္ဘာကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ (CDSOM)ကနိုဝင်ဘာ ၆ရက်နေ့ခင်းပိုင်းတွင် နနွင်းကိုင်းဆိပ်ကမ်းကပ်ခိုင်းပြီးဖမ်းဆီး၍စစ်​ဘေး​ရှောင်ပြည်သူများကို ဆန်အိတ်များယူ​ဆောင်​စေခဲ့သည်။စစ်​ကောင်စီတပ်က ဆန်နှင့်ရိက္ခာတင်သင်္ဘာ ဖမ်းဆီးခံရပြီး​နောက် နိုဝင်ဘာ ၇ ရက်တွင်နနွင်းကိုင်းရွာသို့စစ်​ကြောင်းထိုးလာပြီး ​နေအိမ်များကိုမီးရှို့ဖျက်ဆီးကာ အကြမ်းဖက်၍ ရွာတွင်တပ်စွဲထားခြင်းဖြစ်သည်။

(မြောင်ဒေသစစ်ဘေးရှောင်များ ။ ဓါတ်ပုံ-CDSOM)
(မြောင်ဒေသစစ်ဘေးရှောင်များ ။ ဓါတ်ပုံ-CDSOM)

အိမ်ခြေလေးရာရှိသည့်အနက် အများစု မီးလောင်သွားပြီး ရွာကို ဝင်၍မရသေးသောကြောင့် အိမ်ခြေအတိအကျမသိရသေးဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

” မနေ့က ရွာထဲကနေ ပြည်သူပိုင်ပစ္စည်းတွေကို ကားနှစ်စီးနဲ့ တိုက်သယ်သွားတယ်။ အခုက ဆယ်ရွာထက်မနည်းကို မီးရှို့မယ်လို့သတင်းတွေထွက်နေတယ်”ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည်နနွင်းကိုင်းရွာနှင့် ကပ်လျက်ရှိသော ရွှေတချောင်းရွာ၊ ဆူလေကုန်းရွာတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ မြောင်မြို့နယ်တစ်နယ်လုံးတွင် စစ်ဘေးရှောင်နေရသူ နှစ်သောင်းနီးပါးရှိနေပြီဟု CDSOMက သတင်းထုတ်ပြန်ထားသည်။

You May Also Like

သတင်း

"ဒရုန်းနဲ့တိုက်ခိုက်တာ ဝိုင်းဖွဲ့နေတဲ့နေရာကိုကျတယ်။ အနည်းဆုံး သုံးကောင်သေတယ်။ ဒဏ်ရာရရှိမှုများလည်း ရှိပါတယ်"ဟု ကိုသက်ကြီးက ဆိုသည်။

သတင်း

လက်ရှိတွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ လက်ရုံးတပ်ဖွဲ့များဖြင့်သာ နောက်တန်းလုံခြုံရေးယူထားရသည်ဟု ၎င်းတို့က ဆိုသည်။

သတင်း

စစ်ကောင်စီတပ်လာရောက်သည့်နေ့တွင် မင်းတပ် CDF၏ စနိုက်ပါ စစ်သည်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့သည် ဟုလည်း ဆလိုင်းဟာအွမ်က ပြောသည်။

သတင်း

နိုဝင်ဘာ၇ ရက်ကလည်း မုံရွာမြို့သို့ ပြန်လာသောစစ်ကောင်စီတပ်ကားတစ်စီးကို မြို့အဝင် ပြည်တော်သာအဝိုင်းထိပ်တွင် ဒေသကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။